နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ (အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်)

လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ခပ်သွက်သွက် လှုပ်ရှားနေတဲ့ စီးရီးအေ ကလပ် ဆိုလို့ အေစီမီလန် တစ်သင်းသာ ရှိပါတယ်။ အဓိက ပြိုင်ဘက် အင်တာမီလန်၊ ဂျူဗင်တပ်စ်တို့ အနေနဲ့ ကောလာဟလတွေ များစွာ ထွက်ပေါ်နေခဲ့ပေမယ့် လက်ရှိအချိန် ထိတော့ ကစားသမားသစ်တွေ ခေါ်ယူထားနိုင်ခြင်းတော့ မရှိသေးပါဘူး။ အခုတစ်ခါ မှာတော့ စီးရီးအေ ထိပ်သီးတွေ ဖြစ်တဲ့ မီလန်မြို့ခံ နှစ်သင်းနဲ့ ဂျူဗင်တပ်စ် တို့ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတချို့ကို ဆက်ပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။
 

အေစီမီလန်

လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ခြေလှမ်း အသွက်ဆုံး အေစီမီလန်တို့ လက်ရှိ ရာသီ အတွက် ကြိုတင် ပြင်ဆင်မှု အနေနဲ့ ကစားသမား ၅ ဦးအထိ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အငှားနဲ့ ရောက်ရှိထားခဲ့တဲ့ ချဲလ်ဆီး နောက်ခံလူ တွန်မိုရီက အပြီးသတ် ခေါ်ယူနိုင်ခဲ့သလို ဘရက်ရှား ကွင်းလယ် ကစားသမား တိုနာလီ ကိုလည်း တစ်ရာသီ အငှားစာချုပ် ပြည့်ချိန်မှာ အရခေါ်ယူထားပြီး ဖြစ်ပါတယ်။ လိုင်လီ ဂိုးသမား မိုက်မိုက်ဂ်နန်၊ ချဲလ်ဆီး ဝါရင့်တိုက်စစ်မှူး အိုလီဗီယာ ဂျရူး အပြင် အခု နောက်ဆုံးမှာ မိုနာကိုက ဖိုဒီ ဘယ်လို တိုရေး ကို ပေါင် ၃.၄ သန်းနဲ့ ခေါ်ယူထားခဲ့ပြန်ပါတယ်။ အသက် ၂၄ နှစ် အရွယ် ဆီနီဂေါ ဘယ်နောက်ခံလူ ဘယ်လို တိုရေး ကိုတော့ သီယိုဟာနန်ဒက်စ် မကစားနိုင်ချိန်မှာ အသင့် အသုံးပြုနိုင်ဖို့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ထပ်မံ ရရှိတဲ့ သတင်းတွေအရ ဆိုရင် ရီးရဲယ်မက်ဒရစ် ကနေ အငှားနဲ့ လာကစားနေတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဘရာဟင်မ် ဒီးရာ့ဇ် ဟာလည်း အပြီးသတ် ပြောင်းရွှေလာဖို့ မီလန် လေဆိပ်မှာ ရောက်ရှိနေပြီး မကြာခင်မှာ အေစီမီလန် ဘက်က အတည်ပြု ကြေငြာလာဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒီလို ကစားသမားကောင်းတွေ ခေါ်ယူထားနိုင်ခဲ့တဲ့ အေစီမီလန် တို့ရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွက် လှုပ်ရှားမှု ကတော့ ရပ်တန့်မယ့် သဘော မရှိသေးပါဘူး။ လာဇီယိုရဲ့ ကွင်းလယ် ဖန်တီးရှင် လူးဝစ် အဲလ်ဘတ်တို ကို ခေါ်ယူနိုင်ရေး အတွက် ရာဖေးလ် လီယောင်ကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပြီး ဘရာဇီးလ် ကလပ် ဆန်းတို့စ် တိုက်စစ်မှူး ကိုင်ရို ဂျော့ချ်ကို ဂျူဗင်တပ်စ်နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ မီလန် အခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။ အင်တာမီလန်ကို မထင်မှတ်ပဲ အလွတ်ကြေးနဲ့ ပြောင်းရွှေ့သွားတဲ့ ဟာကန် ချလနောလူ နေရာမှာ အစားထိုးဖို့ ချဲလ်ဆီး အသင်းက ဟာကင်မ် ဇီယက်ချ် နဲ့ CSKA မော်စကိုက ခရိုအေးရှား ကွင်းလယ်လူ နီကိုလာ ဗလာချစ် တို့ကလည်း အဓိက ပစ်မှတ် စာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ နည်းပြ ပီအိုလီနဲ့ အတူ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ချန်ပီယံဆုနဲ့ နီးစပ်ခဲ့တဲ့ ပီအိုလီတို့ ချန်ပီယံလိဂ် အတွက် ပြင်ဆင်နေခြင်း ဖြစ်သလို တကျော့ပြန် အောင်မြင်မှုတွေ ရဖို့အတွက် အခုလို အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့မျာ

အဝင် – ဖီကာယို တွန်မိုရီ၊ မိုက်မိုက်ဂ်နန်၊ တိုနာလီ၊ ဂျီရူး၊ ဖိုဒီ ဘယ်လို တိုရေး

အထွက် – ဟာကန် ချလနောလူ၊ ဂီယန်လီဂီ ဒွန်နာရူးမား၊ ဒီယေဂို လာဇော့တ်၊ နီကို့စ် မစ်ချယ်လီ (အငှား)၊ ဖရန့်ခ်ဆက်ဂျော့တ် (အငှား)၊ မာကို ဘရက်ဆီယန်နီနီ (အငှား)

 

အင်တာမီလန်

စီးရီးအေ ချန်ပီယံ အင်တာမီလန်တို့ ဘဏ္ဍာရေး အခက်အခဲကြောင့်  အဓိက ကစားသမားတွေကို ရောင်းထုတ်ဖို့ အထိ ဖြစ်ခဲ့ရပေမယ့် လက်တလော မှာတော့ အခြေအနေတွေကို ထိန်းချုပ်နိုင်ခဲ့တဲ့ သဘော ရှိနေပါတယ်။ ၉၀ ရာခိုင်နှုန်းသော ကစားသမားတွေဟာ အခုလာမယ့် ဘောလုံးရာသီ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း ဒါရိုက်တာ ဖြစ်သူ မာရော့တာ က အတည်ပြုထားပါတယ်။ ဒါပေမယ့် ညာနောက်ခံလူ ဟာကီမီကို ပီအက်စ်ဂျီထံ ပေါင်သန်း ၅၀နဲ့ ရောင်းချခဲ့ရသလို ကွင်းလယ်က အက်ရှ်လေယန်း ကိုလည်း အက်စတွန်ဗီလာ အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ထားခဲ့ ရပါတယ်။ နာပိုလီထံ အငှားချထားခဲ့တဲ့ မက်တီယို ပိုလီတာနိုကို အပြီးသတ် ပြောင်းရွှေ့ခွင့်ပေးခဲ့ပြီး ဂျာအိုမာရီယို လည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘင်ဖီကာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် လော်တာရိုး မာတီနက်ဇ်၊ လူကာကူ၊ ဘာရယ်လာ၊ ဘရိုဇိုဗစ်၊ ဒီဗရစ်ဂျ်၊ ရှခရီညာ တို့ကတော့ အသင်းမှာ ဆက်ရှိနေဖို့ သေချာသလောက် ရှိနေပါတယ်။ ဒါ့အပြင် ကက်ဂလီယာရီက နေသန်နီရယ် နန်းဒက်စ်၊ ဘာစီလိုနာက ပီယာနစ်၊ ကိုင်တာ ဘဲလ်ဒီ တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ဘယ်လာရင်နဲ့ မန်ချက်စတာယူနိုက်တက်က အဲလက်စ်တဲလက်စ် တို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း မာရော့တာက ဝန်ခံထားခဲ့ပါတယ်။

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – ဟာကန် ချလနောလူ၊ ဒါမီယန်၊ အဲလက်စ် ကောဒက်ဇ်

အထွက် – အက်ရှ်လေယန်း၊ ဂျာအို မာရီယို၊ ရီဂိုဘတ်တို ရီဗက်စ်၊ ပိုလီတာနို၊ ကန်ဒရီဗာ၊ ဟာကီမီ၊ ဒီရီယန်မဲလက်စ် (အငှား)၊ အက်စ်ပိုစီတို (အငှား)၊ ဂရက်ဗီလွန် (အငှား)၊ လော်ရန်ဇို ဂါဗီယိုလ (အငှား)၊ ပက်ဒဲလ်လီ (အငှား)
 

ဂျူဗင်တပ်စ်

နည်းပြဟောင်း အယ်လီဂရီနဲ့ ပြန်ပြီး လက်တွဲခဲ့တဲ့ ဂျူဗင်တပ်စ် တို့ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်မှာ ခြေငြိမ်နေပြီး အသင်းရဲ့ တိုက်စစ်မှူးကြီး ရော်နယ်ဒိုကို အသင်းမှာ ဆက်ပြီး ထိန်းထားမလား။ လက်လွှတ်မလား။ ဆိုတာတောင် မသေချာသေးတာ တွေ့ရပါတယ်။ အသင်းကို ရောက်စမှာ အယ်လီဂရီက ရော်နယ်ဒိုဟာ သူ့ရဲ့ နည်းစနစ်နဲ့ ကိုက်ညီမှု မရှိနိုင်ဘူးဆိုပြီး ပြောကြားထားခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ စိတ်ကြိုက် ကစားကွက်တွေ ဖြစ်တဲ့ ၄-၃-၃၊ ၄-၂-၃-၁နဲ့ ၃-၄-၃ ကစားကွက် ၃ မျိုးလုံးမှာ ရော်နယ်ဒိုဟာ အဓိက ကစားသမား အဖြစ် ပါဝင်လာဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဒီကနေ့ မှာတော့ ရော်နယ်ဒိုရဲ့ အင်စတာဂရမ် အကောင့်မှာ ရိုးလ်ရိုက်စ် ကားနဲ့ ရိုက်ထားတဲ့ ပုံကို ‘ဆုံးဖြတ်ချက်ချရမယ့်နေ့’ ဆိုတဲ့ စာသားနဲ့ တင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မကြာခင်မှာ အဖြေသိရဖို့ ရှိနေပါတယ်။ အေးဂျင့် ဖြစ်တဲ့ ဂျော့ဂျ် မန်းဒက်စ် ကတော့ ရော်နယ်ဒိုကို စာချုပ်သက်တမ်းတိုးဖို့ စီးရီးအေ ထိပ်သီးအသင်းအား တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။ အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ကတော့ လက်ရှိအချိန်ထိ စွမ်းဆောင်ရည် မကျသေးဘူးဆိုတာ ပြီးခဲ့တဲ့ စီးရီးအေ၊ ရွှေဖိနပ်ဆုနဲ့ ယူရို ၂၀၂၀ ရွှေဖိနပ်ဆု တို့ကို အရယူပြီး သက်သေပြထားသူ ဖြစ်ပါတယ်။

နောက်ထပ် သတင်းတွေအရ လိုင်ယွန်က ပြင်သစ် ကွင်လယ်ဖန်တီးရှင် ဟော့ဆန် အာဝါးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကွင်းလယ်လူဟောင်း ပီယာနစ်ကို ပြန်လည်ခေါ်ယူဖို့ လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လိုကတ်တယ်လီကို အာဆင်နယ်နဲ့ အပြိုင် ကြိုးပမ်းနေပြီး ကစားသမား ဘက်ကလည်း ဂျူဗင်တပ်စ်ဆီပဲ ပြောင်းရွှေ့ချင်ပေမယ့် ဆာဆွယ်လို လိုချင်တဲ့ ပြောင်းရွှေ့ကြေး မပေးသေးတဲ့ အတွက် အကောင်အထည် ပေါ်လာခြင်းတော့ မရှိသေးပါဘူး။ ဒါ့အပြင် ယူရို ၂၀၂၀ ချန်ပီယံ အီတလီအသင်း အတွက် အဓိက ကစားသမား ဖြစ်ခဲ့တဲ့ ဖက်ဒရစ်ကို ခီယေဇာဟာ တန်ကြေးဖြတ်လို့ မရတဲ့ ကစားသမား ဖြစ်တာကြောင့် လုံးဝ ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားထားပြီး ဒီဘာလား ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – မရှိသေး

အထွက် –  ဘက်ဖွန်၊ ဟာမာဒါ၊ ဖက်ဒရစ်ခ်ဆန်၊ ဒေါက်ဂလပ်စ် ကော်စတာ (အငှား)
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်