နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၄ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ဘုန်းမောက် ၂-၂ မန်ချက်စတာယူနိုက်တက်

  ဒီကနေ့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲစဉ် ကတော့ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ဟာ ဘုန်းမောက်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့်သာ သရေတစ်မှတ် ရခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဘုန်းမောက်က နီတို၊ ဆန်နက်စီ၊ ဇဘာညီ၊ ကာကက်ဇ်၊ စမစ်သ်၊ ခရစ္စတီ၊ ကွတ်ခ်၊ ကလွိုင်ဗက်၊ အော့တ်တာရာ၊ ဆင်နီစတာရာ၊ ဆိုလန်ကီတို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ဘက်မှာတော့ ကမ်ဘွယ်လား၊ မိန်းနူး၊ ဂါနာချို တို့လို လူငယ်တွေနဲ့ အတူ အိုနာနာ၊ မက်ဂွိုင်းယား၊ ဒါးလော့တ်၊ ဘစ်ဆာခါ၊ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဟွိုက်ဂျ်လန်းတို့ ပါဝင်လာခဲ့ပါတယ်။ ဘုန်းမောက် ကတော့ နောက်ပိုင်း ပွဲတွေမှာ ပုံစံကောင်းရနေမှုကို ဆက်ထိန်းထားနိုင်ခဲ့ပြီး ယူနိုက်တက် ခံစစ်ကို ပွဲစကတည်းက ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ် မှာပဲ ဘုန်းမောက်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ယူနိုက်တက် နောက်ခံလူတွေရဲ့ ပေါ့ဆမှုကို ဆိုလန်ကီက အခွင့်ကောင်းယူပြီး ဧရိယာ ထိပ်ကနေ အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်တို့ အခွင့်အရေး တချို့ ပြန်ရခဲ့ပြီး ပွဲချိန် ၃၁ မိနစ်မှာတော့ ချေပဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ဂါနာချို ချိုးပေးလိုက်တဲ့ ဘောလုံးကို တစ်ချက် ထိန်းပြီး အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်တို့ရဲ့ အပျော်တွေ သိပ်မကြာခဲ့ပဲ ၅ မိနစ် အကြာမှာ ကလွိုင်ဗက်က ဘုန်းမောက် အတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်း အပြီးမှာ ၂-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း ယူနိုက်တက်တို့ ကစားကွက် မတည်နိုင်သေးလို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် မိနစ် ၆၀ ကျော်မှ ဘုန်းမောက် ဘက်ကို စနစ်တကျ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဂိုးရဖို့ ကြိုးစားရင်းက ပွဲချိန် ၆၅ မိနစ် မှာတော့ ယူနိုက်တက်တို့ ပင်နယ်တီ ရသွားခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် ကပဲ အမှားအယွင်း မရှိ ကန်သွင်းပေးခဲ့လို့ ၂-၂ ဖြစ်သွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အိမ်ရှင် ဘုန်းမောက် ကပဲ တရစပ် ဖိအားပေးနိုင်ခဲ့ပြီး ချေပဂိုး ရဖို့ အားထုတ်ခဲ့ပါတယ်။ ဘုန်းမောက်ရဲ့ အားထုတ်မှုတွေက ထိရောက်ခဲ့ပြီး ကွင်းလယ်ဒိုင် ဖြစ်သူရဲ့ မျက်နှာသာပေးမှုကြောင့်သာ ယူနိုက်တက်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။ နာကျင် အချိန်ပို နောက်ဆုံး မိနစ်မှာ ဘုန်းမောက်က ခရစ္စတီကို ယူနိုက်တက် နောက်ခံလူ ကမ်ဘွယ်လား ဧရိယာထဲမှာ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဖရီးကစ် အဖြစ်သာ ကန်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ဒီနေ့ပွဲ ကစားပုံ ကလည်း စိတ်ပျက်စရာ ကောင်းခဲ့ပြီး ကံကောင်းလို့သာ သရေ တစ်မှတ် ရခဲ့တယ် လို့ပဲ မြင်ပါတယ်။ ခြေစွမ်းပိုင်းအရလည်း ဘာလုပ်ချင်နေမှန်း မသိအောင်ကို ဖြစ်နေခဲ့ပြီး ဘုန်းမောက်လို အသင်းငယ် တစ်သင်းရဲ့ အသာစီးရယူ ကစားနေမှုကိုလည်း မတုန့်ပြန်နိုင်ခဲ့ပါဘူး။ နောက်ဆုံး မိနစ် ပင်နယ်တီ ကတော့ အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ဘုန်းမောက် နည်းပြနဲ့ ပရိသတ်တွေ အတွက်လည်း မကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။

ဒီပွဲမှာ သရေကျခဲ့တဲ့ ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၇ နေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။ ဒါ့အပြင် အဆင့် ၄နဲ့ ၅ နေရာက အသင်းနဲ့ ၁၀ မှတ် အထိ ပြတ်သွားခဲ့ပြီ ဖြစ်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် မျှော်လင့်နိုင်တာ ဆိုလို့ ယူအီးအက်ဖ်အေရဲ့ ချန်ပီယလံလိဂ် ဝင်ခွင့် အတွက် ပြောင်းလဲ လိုက်တဲ့ စည်းမျဉ်းပဲ ရှိပါတော့တယ်။ ဘုန်းမောက်ဟာ လာမယ့် ဧပြီ ၂၁ မှာ ဗီလာနဲ့ ပရီးမီးယားလိဂ် ကစားဖို့ ရှိပြီး ယူနိုက်တက် ကတော့ ကိုဗင်ထရီနဲ့ အက်ဖ်အေဖလား ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်