နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန်တို့ နှစ်ပွဲဆက်ကံမကောင်းနိုင်တဲ့ နေးရှင်းလိဂ်ပွဲစဉ် ၂ ပွဲကြိုသုံးသပ်ချက်

ဒိန်းမတ် – အင်္ဂလန်

ဒိန်းမတ်ကတော့ ပြီးခဲ့တဲ့‌ပွဲစဉ် ၁မှာ ဒိန်းမတ်ကဘယ်ဂျီယံအသင်းကို ၂ဂိုးပြတ်နဲ့အနိုင်ရရှိထားပြီး အင်္ဂလန်ကတော့ အိုက်စလန်ကို ၁ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။ လက်ရှိ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင် နေးရှင်းလိဂ်မှာ သိပ်ပြီးကောင်းတဲ့ အခြေအနေမှာ ရှိမနေပါဘူး။ ဒိန်းမတ်တို့ ဘယ်ဂျီယံကို ရှုံးနိမ့်တဲ့ပွဲစဉ်မှာ ခြေစွမ်းပိုင်းလိုအပ်ချက်များစွာကို တွေ့ခဲ့ရပေမယ့် လာမယ့် ယူရိုပြိုင်ပွဲကို အဓိထားနေတဲ့ ဒိန်းမတ်တို့ အတွက် ကြိုတင်ပြင်ဆင်ဖို့ အကျိုးရှိတဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။ ဒိန်းမတ်တို့ ပထမရှုံးပွဲကြောင့် အင်္ဂလန်နဲ့ ပွဲမှာ ဖိအားတွေ ရှိနေမှာတော့ အမှန်ပါပဲ။ ဒိန်းမတ်အသင်းဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာ ဝေးလ်စ်၊ အိုင်ယာလန်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ၂ပွဲနိုင် ၄ပွဲသရေကျပြီး ရမှတ် ၁၀မှတ်နဲ့ နေးရှင်းလိဂ်အေကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ပြိုင်ပွဲအတွက် အုပ်စု ဒီ ကနေ ခြေစစ်ပွဲအောင်မြင်ထားပြီး ၈ပွဲဆက်ရှုံးပွဲမရှိပဲ ဆွစ်ဇာလန်အသင်းရဲ့နောက် အုပ်စု ဒုတိယနေရာကနေ ခြေစစ်ပွဲအောင်မြင်ထားတာဖြစ်ပါတယ်။ ဒိန်းမတ်အသင်းအနေနဲ့ အင်္ဂလန်နဲ့ ဘယ်ဂျီယံတို့ ရဲ့ အထက်မှာ ရပ်တည်ပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ဆိုတာ မလွယ်ကူပေမယ့် အခုပွဲစဉ်မှာတော့ အင်္ဂလန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ရှိနေပါတယ်။

 
နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်ကတော့ ခြေစွမ်းပိုင်း အားရစရာမရှိပေမယ့် ကံတရားရဲ့ဖေးမမှုကြောင့် ပြီးခဲ့တဲ့ ပွဲမှာ အနိုင် ၃မှတ်ရယူနိုင်ခဲ့ပြန်ပါတယ်။ အိုက်စလန်ကို ခြေစွမ်းပိုင်းမှာ လုံး၀အသာစီးမယူနိုင်ခဲ့တဲ့ အင်္ဂလန်တို့ မန်စီးတီး တိုက်စစ်မှုး ရာဟင်းမ် စတာလင်ရဲ့ အချိန်ပို ပင်နယ်တီသွင်းဂိုးကြောင့် အနိုင် ၃မှတ်ရခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အိုက်စလန်ရဲ့ ပင်နယ်တီလွဲချော်မှုကလည်း အင်္ဂလန်တို့ကို ၃မှတ်အပြည့်ရစေခဲ့တာပါ။ ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာ ခြေစွမ်းကောင်းတွေနဲ့ တတိယနေရာရရှိခဲ့တဲ့ အင်္ဂလန်ဟာ အခုနှစ်မှာ သိပ်ပြီး အားရစရာမရှိပါဘူး။ ‌ယူရို၂၀၂၀ ခြေစစ်ပွဲကို အောင်မြင်ထားတယ်ဆိုပေမယ့် လက်ရှိမှာတော့ အဓိကကစားသမားတွေ၊ ဒဏ်ရာရနေတာအပြင် ပါ၀င်နိုင်ခြင်းမရှိတဲ့ကစားသမားတွေများနေလို့ အင်္ဂလန်တို့နေးရှင်းလိဂ်ကိုတော့ ကျိန်းသေပေါက်ရုန်းကန်ရဖို့ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်းအစဥ်အလာ

၂ပွဲနိုင် ၄ပွဲသရေကျပြီး ရမှတ် ၁၀မှတ်နဲ့ နေးရှင်းလိဂ်အေကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ခြေစွမ်းပိုင်းလိုအပ်ချက်များစွာနဲ့ ဘယ်ဂျီယံကို ရှုံးနိမ့်ခဲ့တဲ့ ဒိန်းမတ်`

ထိပ်တိုက်တွေ့ဆုံမှုအရ အင်္ဂလန်နဲ့ဒိန်းမတ်တို့ဟာ ၂၀၁၁နောက်ပိုင်း ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် နှစ်ကြိမ်ကစားထားပြီး အင်္ဂလန်က နှစ်ကြိမ်စလုံးအနိုင်ရရှိထားပါတယ်။ နှစ်သင်းစလုံးရဲ့လူစာရင်းကို ကြည့်မယ်ဆိုရင် လက်တလော ဥရောပကလပ် အသင်းကြီးတော်တော်များများမှာ ခြေစွမ်းပြနေကြတဲ့ ကစားသမားတွေ ပါဝင်လာဖို့ရှိနေပါတယ်။ ဒိန်းမတ်အသင်းမှာ ယူဆက်ဖ် ပိုလ်ဆင်၊ အဲရစ်ခ်ဆင်၊ ဘရေ့ဝိတ်၊ ဒီလာနေး၊ ဟော့ဂ်ျဘတ်ဂ်၊ ဆိုင်မွန်ဂျား တို့လိုကစားသမား ကောင်းတွေပါဝင်နေပါတယ်။ အင်္ဂလန်မှာတော့ စတာလင်၊ ကိန်း၊ စတာလင်၊ မေဆင်မောင့်၊ ဒီကလန်ရိုက်စ်၊ ဂိုးမက်ဇ်၊ ဒိုင်ယာ၊ ထရစ်ပီယာ၊ ကယ်ဗင်ဖီးလစ်၊ ထရန့်အာနိုးလ် တို့ပါ၀င်လာဖို့ ရှိနေပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဒိန်းမတ် vs အင်္ဂလန် အချိန်ပြည့် သရေ @ 2.99
စက်တင်ဘာ ၉ ရက် , မနက် ၁:၁၅ နာရီ(GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ ဧည့်သည်အသင်း အနိုင်ရမယ်ဆိုရင် ၃.၉၅ ဆရရှိမှာဖြစ်ပြီးတော့ အိမ်ရှင်အသင်းအတွက်ဆိုရင်တော့ ၂.၀၇ ဆ ရရှိမှာ ဖြစ်ပါတယ်။သရေ အတွက် ကိုတော့ ၃.၂၀ ဆဖြစ်ပါတယ်။ လူစာရင်းအရကြည့်မယ်ဆိုရင် အင်္ဂလန်ကိုပိုပြီးသဘောကျနေတယ်ဆိုပေမယ့် ဒိန်းမတ်ရဲ့ ကစားပုံကောင်းနေတာကြောင့် သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးမယ်လို့ ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်