နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆိုးလ်ရှားကို ကယ်တင်ခဲ့တဲ့ ရော်နယ်ဒို၊ ကာဗာနီနဲ့ ရက်ရှ်ဖို့ဒ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

countdown banner

တော့တင်ဟမ်ဟော့စပါး ဝ-၃ မန်ချက်စတာယူနိုက်တက်

ဆိုးလ်ရှားရော နူနို ဆန်းတို့စ် နှစ်ဦးလုံးရဲ့ ပရီးမီးယားလိဂ် နည်းပြ အနာဂတ် အတွက်အရေးပါတဲ့  ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည်မှုအရ အရေးကြီးပွဲစဉ် ဖြစ်သလို ဂုဏ်သိက္ခာပိုင်းအရလဲ အဆုံးအဖြတ်ပေးတဲ့ ပွဲစဉ်ဖြစ်ခဲ့တာပါ။ အိမ်ကွင်းမှာနိုင်ပွဲရဖို့ စပါးတို့ အသေအချာပြင်ဆင်ခဲ့တယ် ဆိုပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ နိုင်ပွဲဆာလောင်မှုကို မတားဆီးနိုင်ခဲ့ပါဘူး။ ဖိအားတွေ ရှိနေတဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား အတွက် ကတော့ လိုအပ်နေတဲ့ အနိုင်ရလဒ်နဲ့ အတူ တန်ဖိုးကြီးတဲ့ နိုင်ပွဲတစ်ပွဲကို အဝေးကွင်းမှာ အရယူနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။
 

ပွဲစဉ်အကျဉ်း

ရာထူးကနေ ထုတ်ပယ်ခံရနိုင်ခြေအများဆုံးဖြစ်နေတဲ့ နည်းပြနှစ်ဦးရဲ့ အနာဂတ်ဆုံးဖြတ်တဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ စပါး အနေနဲ့ အိမ်ကွင်းရလဒ် ကောင်းတယ်ဆိုတဲ့ အချက်အလက်တွေအတိုင်း မန်ချက်စတာယူနိုက်တက်ကို ဖိအားပေး ကစား နိုင်ခဲ့တယ် ဆိုပေမယ့် တကယ်တမ်းမှာတော့ လိုအပ်ချက်တွေများခဲ့ပါတယ်။ ဆွန်ဟောင်မင်၊ဟာရီကိန်း၊လိုဆယ်လို၊ လူးကပ်စ် မိုရာတို့ဦးဆောင်လာတဲ့ စပါးတိုက်စစ်က မျှော်လင့်လို့ရတဲ့အခြေအနေဖြစ်ခဲ့ပေမယ့် မက်ဂွိုင်းယားဦးဆောင်တဲ့ မန်ချက်စတာယူနိုက်တက် ခံစစ် အတွက် ဖိအားပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ ကစားသမား အင်အားပိုင်း ကွာခြားမှုမရှိတဲ့ အခြေအနေမှာ နည်းဗျူဟာပိုင်းက နိုင်ပွဲအတွက် အဓိက အဆုံးအဖြတ်ပေး ခဲ့တယ်လို့ ဆိုရမှာပါ။  ၃-၄-၁-၂ အခြေခံပြီး ရော်နယ်ဒို၊ ကာဗာနီ နှစ်ဦးလုံးကို တိုက်စစ်ကို ဦးဆောင်စေပြီး ဖာနန် ဒက်စ်၊ တော်မီနေးလ်၊ ဖရက်ဒ်တို့နဲ့ ခြံရံခဲ့တာက တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ပွဲကို ချဉ်းကပ်ခဲ့တဲ့ နည်းပြဆိုးလ်ရှားရဲ့ နည်းဗျူဟာ အလုပ်ဖြစ်ခဲ့တာပါ။ ပထမပိုင်းပြီးခါနီး စီရော်နယ်ဒိုက တောင်ပံကနေ ဖြတ်တင်ပေးတာကို မြေမကျဘောကန်သွင်းပြီး အဆုံးသတ်နိုင်ခဲ့တာက ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်စေနိုင်ခဲ့ပါတယ်။ စပါးအတွက်ကတော့ ဘောလုံးပိုင်ဆိုင်မှုပိုင်း အသာရခဲ့တယ် ဆိုပေမယ့် အဝေးကန်ချက်တွေနဲ့သာ ပြိုင်ဘက်ကိုခြိမ်းခြောက်နိုင်ခဲ့တာပါ။ ပွဲချိန် ၆၄မိနစ်အရောက်မှာတော့ စပါးနောက်တန်း ကစားသမားတွေရဲ့ ပေါ့ဆမှုအမှားကို စီရော်နယ်ဒို၊ ဖာနန်ဒက်စ်တွဲလုံးကနေ ကာဗာနီကအကောင်းဆုံး အဆုံးသတ်ပြီး ဒု တိယမြောက်ဦးဆောင်ဂိုးရယူပေးခဲ့ပြန်ပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက် အန်ဒွန်ဘီလီ၊ ဒယ်လီအလီတို့ကို ထည့်သွင်းပြီး ချေပဂိုးရဖို့ စပါးတို့ပြင်ဆင်ခဲ့ပေမယ့် တကယ်တမ်းဂိုးထပ်ရသွားတာက မန်ချက်စတာယူနိုက်တက်ဖြစ်နေခဲ့ပါတယ်။ ကွင်းလယ် ကစားသမား မာတစ်ရဲ့ အလိုက်သင့်ဖန်တီးပေးတာကို လူစားဝင် တိုက်စစ်မှူး ရက်ချ်ဖို့ဒ်က စပါးရဲ့ လူကျွံထောင်ခြောက်ကိုကျော်ဖြတ်ပြီး ဂိုးအဖြစ်ပြောင်းလဲပေးလိုက်တာပါ။ နောက်ပိုင်း ပွဲချိန်တွေမှာ ချေပဂိုးတွေ ပြန်ရဖို့ စပါးတို့ အားစိုက်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ ပွဲအပြီးမှာ ဝ-၃ ဂိုးဆိုတဲ့ ရလဒ်နဲ့ မန်ချက်စတာယူနိုက်တက်ကို အရှုံးပေးခဲ့ရပါတယ်။

အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဖိအားရှိနေဆဲဆို ပေမယ့်  ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ယာယီတက်လှမ်းနိုင်ခဲ့ပြီလဲဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

 

ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ် အတွေ့အကြုံက အဆုံးအဖြတ် ပေးသွားတဲ့ ပွဲလို့ပြောလို့ရပါတယ်။ ပွဲမတိုင်မီခင်ကတည်း နည်းပြနေ ရာအနာဂတ်အတွက် ဖိအားရှိနေတဲ့သူတွေဖြစ်လို့ ဒီပွဲကတော်တော်လေးကိုအရေးပါခဲ့တာပါ။ စပါးအနေနဲ့ ကလဲ ဒီပွဲအတွက် အဓိက ကစားသမားအချို့ကို ကြားရက် လိဂ်ဖလားပွဲစဉ်မှာတောင် အသုံးမပြုပဲ ချန်လှပ်ထားတဲ့အထိ ပြင်ဆင်ခဲ့တဲ့ အထိပါ။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက နည်းပြဆိုးလ်ရှားရဲ့ ပွဲတစ်ပွဲအပေါ်ချဉ်းကပ်တဲ့ဗျူဟာပိုင်းပါ။ တကယ်ကိုအလုပ်ဖြစ်ခဲ့တဲ့ တိုက်စစ်အစုအဖွဲ့က စပါးနောက်တန်းကို နောက်ကောက်ကျစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ရိုမီယို၊ ဒီရာ ဦးဆောင်တဲ့ စပါးခံစစ် အကောင်းဆုံးပုံစံ ရှိနေတယ်ဆိုပေမယ့် စီရော်နယ်ဒို၊ ကာဗာနီတို့လို ကမ္ဘာ့အဆင့်ကစားသမားတွေ ကို ပွဲချိန်ပြည့် ထိန်းကစားဖို့မဖြစ်နိုင်တာပါ။ တကယ်တမ်းမှာလည်း စီရော်နယ်ဒို၊ ကာဗာနီတို့ဆီက ဂိုးတွေနဲ့ပဲ မန်ချက်စတာ ယူနိုက်တို့ နိုင်ပွဲရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲရဲ့အချုပ်က နည်းပြနှစ်ဦးရဲ့ အားပြိုင်မှုမှာ ဆိုးလ်ရှားရဲ့နည်းဗျူဟာက ဆန်း တို့စ်ရဲ့ ပွဲထွက်ဗျူဟာကိုအသာရခဲ့တယ်လို့ ပဲ ဆိုရမှာပါ။ အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဖိအားရှိနေဆဲဆို ပေမယ့်  ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ယာယီတက်လှမ်းနိုင်ခဲ့ပြီလဲဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

စပါးအသင်းက ယူရိုပါ ကွန်ဖရင့်လိဂ်ပွဲစဉ် အဖြစ် နယ်သာလန်ကလပ်ဗီတက်ဆီကိုရင်ဆိုင်ရမှာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်တော့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အီတလီကလပ်အတ္တလန္တာအသင်းနဲ့ကစားရဖို့ရှိနေတာလဲ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်