နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုးထရက်ဖို့ဒ်မှာ လစ်ဗာပူးလ်ကို အဆိုးရွားဆုံး အရှုံးနဲ့ ရွေးပြီး ရှုံးတဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၀ – ၅ လစ်ဗာပူးလ်

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် အင်္ဂလန်ဒါဘီ မှာတော့ မန်ချက်စတာယူနိုက်တက်တို့ လစ်ဗာပူးလ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၀-၅ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ ပထမပိုင်း အပြီးမှာတင်ပဲ ၄ ဂိုးပြတ် ရှုံးနိမ့်နေခဲ့တဲ့ ယူနိုက်တက်တို့ ဒုတိယပိုင်းမှာ ကလော့ပ်ရဲ့ အသင်းက ၁ ဂိုး ထပ်သွင်းပြီး ထိန်းကစားသွားခဲ့လို့သာ အခုထက် ပိုတဲ့ သွင်းဂိုးတွေနဲ့ ရှုံးနိမ့်ရမယ့် အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာပြီး ပေါ့ဘာ နေရာမှာ မားကပ်စ် ရက်ရှ်ဖို့ဒ် ပါ၀င်လာပြီး ပြီးခဲ့တဲ့ အတ္တလန္တာနဲ့ ပွဲက လူစာရင်း အတိုင်း လစ်ဗာပူးလ်ကို ရင်ဆိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ထုံးစံ အတိုင်း ၄-၃-၃ ကစားကွက်ကိုမှ တိုက်စစ်မှာ ဂျိုတာ၊ မိုဟာမက်ဆာလာနဲ့ ဖေမီနို၊ ကွင်းလယ်မှာ မီလ်နာ၊ ဟန်ဒါဆင်၊ နာဘီကေတာ၊ ခံစစ်မှာ ဗန်ဒိုက်ဂ်ျ၊ ကိုနာတေး၊ ရော်ဘတ်ဆန်၊ အာနိုးလ်၊ ဂိုးမှာတော့ အလီဆွန် နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။

မန်ယူတို့ လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ  ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ ကျဆင်းသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

အားလုံး ကြိုတင် တွက်ဆထားခဲ့သလိုပဲ လစ်ဗာပူးလ်တို့ ပွဲစကတည်းက ယူနိုက်တက် ဘက်ကို တရစပ် ထိုးဖောက်နေခဲ့သလို ယူနိုက်တက် ဘက်က ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်ချက် ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးလွန်ဘောနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ အဲ့နောက် ဟန်ဒါဆင်၊ ကေတာ တို့ရဲ့ ကွင်းလယ်က တော်တော်လေး အလုပ် ဖြစ်ခဲ့ပြီး တောင်ပံက ဂျိုတာနဲ့ မိုဟာမက် ဆာလာရဲ့ လျင်မြန်တဲ့ ထိုးဖောက် မှုတွေ ကြောင့်လည်း ယူနိုက်တက် နောက်တန်းက လင်ဒီအော့ဖ်၊ မက်ဂွိုင်းယားနဲ့ ရှော တို့ တော်တော်လေး ထိန်းချုပ်ရခက်နေခဲ့ပါတယ်။ ပွဲအစ ၅ မိနစ် မှာတင်ပဲ ယူနိုက်တက် နောက်တန်းရဲ့ ပေါ့လျော့တဲ့ ကစားပုံကြောင့် လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့ပြီး ဆာလာရဲ့ ပေးပို့မှု ကနေ နာဘီကေတာက အမှားယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက် ကွင်းလယ်နဲ့ နောက်တန်းက အလားတူ အမှားတွေ ဆက်တိုက် ကျူးလွန်မိခဲ့ကြလို့ ဂျိုတာက ၁ ဂိုး၊ မိုဟာမက် ဆာလာ က ၂ ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ပထမပိုင်း အပြီးမှာ ဧည့်သည် လစ်ဗာပူးလ်တို့ ၄ ဂိုးပြတ် ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာလည်း ဆိုးလ်ရှား အနေနဲ့ ဂရင်းဝုဒ် အစား ပေါ့ဘာကို ထည့်ပြီး ကစားကွက်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် မိုဟာမက် ဆာလာရဲ့ ၃ ဂိုးမြောက် ဟက်ထရစ် ကိုသာ ခွင့်ပြုပေးလိုက်ရလို့ ၀-၅ ရလဒ် ဖြစ်သွားခဲ့ပါတယ်။ အဲ့နောက် ပေါ့ဘာ အနီကတ် ပြသခံခဲ့ရပြီးနောက် ယူနိုက်တက် တစ်သင်းလုံး ဆောက်တည်ရာ မရ ဖြစ်ခဲ့သလို ကာဗာနီ၊ ဒါးလော့တ်တို့ ၀င်ရောက်လာခဲ့ပေမယ့်လည်း ချေပဂိုး ရဖို့တောင် မနီးစပ်ခဲ့လို့ ၀-၅ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ အခုပွဲ အပြီးမှာ မန်ချက်စတာယူနိုက်တက်တို့ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ ကျဆင်းခဲ့သလို လစ်ဗာပူးလ် ကတော့ ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၁ မှတ် အကွာ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

မညှာမတာ သုံးသပ်ရင် ဒီနေ့ပွဲရဲ့ ရုပ်ပျက်ဆင်းပျက် အရှုံး အတွက် အဓိက တာ၀န်ရှိသူ တစ်ဦးပဲ ရှိပါတယ်။ အားလုံး သိပြီးကြတဲ့ အတိုင်း၊ အားလုံး ဝိုင်းပြီး မညှာမတာ ဝေဖန်တာခံထားရတဲ့ နည်းပြ ဆိုးလ်ရှားပါပဲ။ နည်းစနစ်ပိုင်း သုံးသပ်စရာ လုံး၀ကို မလိုအပ်ပါဘူး။ စာရွက်ပေါ်က လူစာရင်း အရ ဆိုရင် ယူနိုက်တက် ကစားသမားတွေရဲ့ တန်ကြေးက ပိုပြီးတောင် များနေပါလိမ့်မယ်။ ဒါပေမယ့် ဗျူဟာမရှိ၊ နည်းစနစ် မသိတော့တဲ့ နည်းပြ ဖြစ်သူရဲ့ လမ်းပြမှု အောက်မှာ ဆိုရင်တော့ ဘယ်လောက် ကောင်းတဲ့ ကစားသမား တွေပဲ ဖြစ်နေပါစေ အရှုံးဆီကိုပဲ တန်းသွားနေရဦးမှာ အသေအချာပါပဲ။ ဆိုးလ်ရှားရဲ့ ဗျူဟာနဲ့ ကစားကွက်က တစ်ခါလာလည်း ဒါပါပဲ။ နောက်တစ်ခါလာလည်း ဒါပါပဲ။ အကြံကုန်ကုန်နေပြီ ဆိုတာ သိသာပါတယ်။ ယူနိုက်တက်တို့ အဓိက ပြင်ဆင်ရမယ့် အရာက ဆိုးလ်ရှားကို ထုတ်ပယ်ဖို့သာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ မိုဟာမက် ဆာလာ ကတော့ ၂၀၀၃ ခုနှစ် နောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပြီး အခုနှစ် ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်မှာ ၁၀ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မန်ယူတို့ လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ  ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ခါရာဘောင် ကလပ် ပွဲစဉ်အဖြစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပရပ်စ်တွန် တို့ကို အိမ်ကွင်း မှာ ဧည်ခံ ကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်