နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တကျော့ပြန် ပရီးမီးယားလိဂ်ချန်ပီယံတို့ရဲ့ အသက်သွေးကြော သို့မဟုတ် ဂေဂင်ဖိအားပေးနည်းစနစ်

လစ်ဗာပူးလ်တို့ ဆုဖလား တွေပြန်လည်ရယူနိုင်ခြင်းရဲ့ အဓိကအကျဆုံး လူပုဂ္ဂိုလ် တစ်ဦးလို့‌ ပြောရင် ကျိန်းသေပေါက် ဂေဂင်ကလော့ပ်ကို ရွေးချယ်ရမှာ ဖြစ်ပြီးတော့ သူသယ်ဆောင်လာခဲ့တဲ့ ဘောလုံးနည်းစနစ်သစ်ကတော့ ဆုဖလားတွေရယူနိုင်ခြင်းရဲ့ အဓိကသော့ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနည်းပြဖြစ်တဲ့ ‌ကလော့ပ်ဟာ သူကိုယ်တိုင်ပုံဖော်ခဲ့တဲ့ နည်းစနစ်နဲ့အတူ လစ်ဗာပူးလ်ပရိသတ်တွေကို ပျော်ရွှင်မှု‌တွေ ပြန်လည်ယူဆောင်ပေးနိုင်ခဲ့သူလို့လည်း ပြောနိုင်ပါတယ်။ SBOTOP ပရိသတ်ကြီးအတွက် လစ်ဗာပူးလ်တို့ တကျော့ပြန်ချန်ပီယံဆုတွေ ပိုင်ဆိုင်နိုင်ခြင်းရဲ့ အဓိကအကျဆုံးအကြောင်းအရာတစ်ချို့ကို ဝေမျှပေးသွားပါမယ်။

ဘောလုံးလောကမှာ နေရပ်အလိုက် အချိန်ကာလအလိုက် ဘောလုံးနည်းစနစ်များစွာ ထွက်ပေါ်ခဲ့ပြီးတော့ ၁၉၇၀ပြည့်နှစ်တွေမှာ နယ်သာလန်ရဲ့ တိုတယ်ဖွတ်ဘောလ် လို့ခေါ်တဲ့ အသင်းလိုက်ကစားပုံနည်းစနစ်၊ စပိန်က တီကီတာကာ လို့ခေါ်တဲ့ တစ်ချက်ထိ အမြန်ပေးနည်းစနစ်၊ အီတလီရဲ့ နာမည်ကြီး ကတ်တန်နက်ဆီု ခံစစ်အသားပေးနည်းစနစ်တို့ဟာ အစောပိုင်းကာလမှာ နာမည်ကြီးခဲ့တဲ့ ဘောလုံးနည်းစနစ်တွေ ဖြစ်ပါတယ်။ ခေတ်သစ်ဘောလုံးလောကကို ရောက်‌တဲ့အချိန် ဂျာမန်နိုင်ငံက ဘောလုံးနည်းစနစ်သစ်တမျိုးဟာ တော်တော်လေးအောင်မြင်လာခဲ့ပါတယ်။ ၂၀၁၀ ၀န်းကျင်လောက်မှာ ဂျာမန်လူမျိုးနည်းပြ ဂေဂင်ကလော့ပ် ဟာ နည်းစနစ်အသစ်တမျိုးနဲ့ ဒေါ့မန်အသင်းကို ကိုင်တွယ်ခဲ့ပြီးတော့ အသင်းဟာလည်း ဥရောပထိပ်သီး အသင်းတွေကြားမှာ ရင်ဘောင်တန်းနိုင်ခဲ့ပါတယ်။

ဂေဂင်ကလော့ပ် စတင်မိတ်ဆက်ပေးခဲ့တဲ့ နည်းစနစ်ဆိုတာ ဂေဂင်ဖိအားပေးနည်းစနစ်ဖြစ်ပါတယ်။ ကစားတဲ့ ပုံစံကတော့ ပြိုင်ဘက်အသင်းကို တရစပ်ဆိုသလို နေရာလွတ်မရှိနိုင်လောက်အောင် တစ်သင်းလုံး ဖိအားလိုက်ပေးတာနဲ့ ကစားပွဲပေါ်မူတည်ပြီး နည်းပြရဲ့ လက်တလောခံစားချက်နဲ့‌ ပေါင်းစပ်ရတဲ့ နည်းစနစ် တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနည်းစနစ် ကိုတော့ ဟဲဗီးမက်တယ် သီချင်းပုံစံနဲ့ ဆင်တူတယ်လို့ တောင် တင်စားကြပါတယ်။ ကိုယ့်အသင်း ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးလိုက်ရပြီဆိုတာနဲ့ တစ်ဖက်အသင်းရဲ့ ခံစစ်အထိ ဖိအားလိုက်ပေးပြီး ဘောလုံးပိုင်ဆိုင်မှု ပြန်ရဖို့ ကြိုးပမ်းတဲ့ နည်းစနစ်တမျိုးလည်း ဖြစ်ပါတယ်။ ဂေဂင်ဖိအားပေးနည်းစနစ်ကို သေချာစနစ်တကျပြင်ဆင်ပြီး ကစားနိုင်ခဲ့ရင်တော့ ပြိုင်ဘက်အသင်းကို ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပြီး ပြိုင်ဘက်အသင်းရဲ့ ကစားပုံပျက်သွားလောက်အောင် ထိရောက်တဲ့ နည်းစနစ်တစ်မျိုး ဖြစ်ပါတယ်။ အချိန်ကြာတာနဲ့အမျှ ပြိုင်ဘက်အသင်းအနေနဲ့ အမှားတွေများလာတာကြောင့် ကိုယ့်အသင်း ဂိုးရဖို့ အခွင့်အရေးပိုများလာမှာ ဖြစ်လို့ ထိရောက်တဲ့ နည်းစနစ်တစ်ခုဆိုလည်း မမှားပါဘူး။

ပရီးမီယားလိဂ်မှာဆိုရင် ကြံ့ခိုင်မှုကောင်းပြီး လျင်မြန်တိကျတဲ့ ကစားသမားကောင်းတွေလည်း လိုအပ်ပါတယ်။
ဥရောပရဲ့အကောင်းဆုံး ၃ယောက်တွဲတိုက်စစ်ဖြစ်တဲ့ ဖေမီနို၊ ဆာလာနဲ့ မာနေး

“ကိုယ့်အသင်း ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးလိုက်ရပြီဆိုတာနဲ့ ချက်ချင်းဖိအားပေးပြီး ပြန်လိုက်လုယူတာဟာ အကောင်းဆုံးပါပဲ”ဆိုတာ ဂေဂင်ကလော့ပ် ပြောကြားခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ရဲ့ ဂေဂင်ဖိအား‌ပေးနည်းစနစ် ဘယ်လောက်ထိ ထိရောက်ကောင်းမွန်လည်းဆိုတာ ဒေါ့မန်အသင်းကို ၂၀၁၀-၂၀၁၁နဲ့ ၂၀၁၁-၂၀၁၂ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့သလို ပုံစံပျက်ယွင်းပြီး အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ လစ်ဗာပူးလ်ကို ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အပါအ၀င် ဆုဖလားတွေပြန်ယူပေးနိုင်ခဲ့တာက သက်သေခံနေပါတယ်။

ဒါပေမယ့် နည်းစနစ်ပိုင်း ကောင်းမွန်ရုံနဲ့တော့ ချန်ပီယံဆုတွေရဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ပရီးမီယားလိဂ်မှာဆိုရင် ကြံ့ခိုင်မှုကောင်းပြီး လျင်မြန်တိကျတဲ့ ကစားသမားကောင်းတွေလည်း လိုအပ်ပါတယ်။ ကလော့ပ်အနေနဲ့ ဒေါ့မန်အသင်းကို ၂၀၀‌၈ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပေမယ့် ၂၀၁၀ခုနှစ်မှ ချန်ပီယံဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်အောင်မြင်မှုတွေ ပြန်ရဖို့အ‌တွက်လည်း ကလော့ပ်အနေနဲ့ ၅နှစ်တာလောက် အချိန်ယူခဲ့ရတာကို တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားပေးဖြင့် နည်းစနစ်နဲ့ ကိုက်ညီမယ့် ကစားသမားကောင်းတွေ ရှာဖွေပြီးအချိန်ယူတည်ဆောက်ခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။ ဂေဂင်နည်းစနစ် အတွက် နောက်ထပ် အရေးပါတဲ့သူကတော့ ကွင်းလယ်ဖန်တီးရှင်နေရာကစားမယ့်သူဖြစ်ပါတယ်။ ကလော့ပ် အတွက် ကွင်းလယ်မှာ အဓိကကျခဲ့တဲ့သူကတော့ ဟန်ဒါဆင်ဖြစ်ပါတယ်။ တစ်ချိန်က လစ်ဗာပူးလ်မှာ ဂျောင်ထိုးခံခဲ့ရတဲ့ အင်္ဂလန်သား အနေနဲ့ သူ့ရဲ့ စိတ်ရှည်သည်းခံမှုက အကျိုးရှိခဲ့တယ်လို့ ပြောရမှာပါ။ ဂေဂင်ကလော့ပ့် လက်အောင်မှာ နည်းစနစ်နဲ့ အံ့၀င်ပြီး တောက်ပလာခဲ့တဲ့ ဟန်ဒါဆင်ဟာ ပွဲပေါင်းများစွာကစားရတဲ့ ပြိုင်ပွဲ‌‌ တွေမှာ အသင်းကို အကောင်းဆုံးဦးဆောင်ပြီး ဆုဖလားတွေရယူ‌ ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

နောက်တစ်ချက်က ကလော့ပ်နည်းစနစ်နဲ့ ကိုက်ညီဖို့ အတွက်ဆို နိုင်လိုစိတ်ပြင်းပြီး အားစိုက်ကစားမယ့်သူတွေ တော်တော်လေးလိုအပ်ခဲ့ပြီး လစ်ဗာပူးလ်တို့ ပြည့်စုံခဲ့တယ်လို့ဆိုရမှာပါ။ လစ်ဗာပူးလ်တိုက်စစ်မှူး ၃ဦး ဖြစ်တဲ့ ဆာလာ၊ဖေမီနို နဲ့ မာနေးတို့ ၃ဦးဟာ တတ်နိုင်သမျှ အမြန်ဆုံး ဘောလုံးပြန်ရဖို့ ကြိုးပမ်းရတဲ့ နည်းစနစ်နဲ့ ကွက်တိကျခဲ့ပါတယ်။ ၃ဦးစလုံးဟာ သက်လုံကောင်းတဲ့ ကစားသမားတွေ ဖြစ်ကြပြီး ဘောလုံးလုယူတားဆီးတာကျွမ်းကျင်တဲ့ ဖေမီနို၊ တစ်ဖက်အသင်းကစားသမားတွေကို ကျော်ဖြတ်တဲ့နေရာမှာ ပါးနပ်ပြီး နေရာလွတ်ဖန်တီးဖို့နဲ့ တိကျတဲ့ ဘောလုံးပေးပို့မှု တွေလုပ်ဆောင်နိုင်တဲ့ ဆာဒီယိုမာနေး၊‌ နောက်ဆုံးမှာတော့ ကန်ချက်ကောင်းကောင်းနဲ အဆုံးသတ်သေချာတဲ့ မိုဆာလာတို့ကြောင့် လစ်ဗာပူးလ်တို့ နိုင်ပွဲ‌တွေ ရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်၃ယောက်တွဲ ဟာ လစ်ဗာပူးလ်အတွက် ‌အရေးပါသလို ခံစစ်ကောင်းကောင်းကစားနိုင်တဲ့ အသင်းသာ ချန်ပီယံဆုရဖို့ ပစ်မှတ်ထားနိုင်တာဖြစ်လို့ ကလော့ပ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး ဗန်ဒိုက်ကို အရခေါ်ယူခဲ့ပြီး ရောဘန်ဆန်၊ ထရန့်အာနိုးလ်တို့ဟာလည်း အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တည်ငြိမ်တဲ့ ခံစစ်ကစားသမားတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ကော်တင်ဟိုကို ရောင်းချလို့ရတဲ့ငွေနဲ့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးဖြစ်တဲ့ အယ်လီဆွန် ကို ခေါ်ယူနိုင်ခဲ့‌တာကြောင့် ဂေဂင်ကလော့ပ်အနေနဲ့ သူ့ရဲ့ နည်းစနစ်တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်အောင် စိတ်ချရတဲ့ ခေါ်ယူမှုတွေ ဖြစ်ခဲ့ပါတယ်။‌

အချုပ်အားဖြင့် ပြောရရင် လစ်ဗာပူးလ်တို့ အဘက်ဘက်မှာ ပြီးပြည့်စုံခဲ့တယ်ဆိုပေမယ့် ၅နှစ်တာ အချိန်ပေးတည်ဆောက်ခဲ့တဲ့ ဂေဂင်ကလော့ပ်ရဲ့ ခေတ်သစ် ဂေဂင်ဖိအားပေးနည်းစနစ်ဟာ အဓိကအကျဆုံး ပင်မသွေးကြောတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ကလော့ပ်အနေနဲ့ ရာသီသစ်အတွက် ကစားသမားခေါ်ယူမှု တွေ မပြုလုပ်သေးတာကို ကြည့်ခြင်းအားဖြင့် အသင်း လက်ရှိအသင်းစုဖွဲ့မှု ပုံစံကို အပြည့်အ၀ယုံကြည်နေတဲ့ ‌သဘောမှာရှိနေပါတယ်။ ဘောလုံးသုံးသပ်သူတွေကတော့ လစ်ဗာပူးလ်အနေနဲ့ မဖြစ်မနေ ကစားသမား၀ယ်ယူမှုပြုလုပ်ဖို့ လိုအပ်နေတယ်လို့ သုံးသပ်ထားပေမယ့် ဂျာမန်သားကတော့ ရာသီအသစ်မှာလည်း ပြီးခဲ့တဲ့နှစ်တွေလိုပဲ စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်ရာသီတွေမှာရော ဂေဂင်ဖိအား‌ပေး နည်းစနစ်နဲ့ အတူ နည်းပြဂေ‌ဂင်ကလော့ပ် အနေနဲ့ လစ်ဗာပူးလ်အတွက် အောင်မြင်မှုတွေ ဆက်ပြီးရှာဖွေပေးနိုင်ဦးမလားဆိုတာ‌တော့ စောင့်ကြည့်ရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်