နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာကာဇက်ရဲ့ နောက်ကျဂိုးနဲ့ အန်းမရိတ်စ်မှာ သရေ တစ်မှတ် ရခဲ့တဲ့ အာဆင်နယ် | (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၂-၂ ခရစ္စတယ်ပဲလေ့စ်

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ အန်းမရိတ်စ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားတိုင်း ရုန်းကန်ရလေ့ ရှိတဲ့ အာဆင်နယ်တို့ အခုပွဲ မှာလည်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အလက်ဇန္တား လာကာဇက်ရဲ့ အချိန်ပို နောက်ဆုံး မိနစ် သွင်းဂိုးကြောင့်သာ ပရီးမီးယားလိဂ် ရှုံးပွဲ မကြုံခဲ့ရတာ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ မီခယ် အာတေးတားရဲ့ အသင်းက ၄-၁-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးမှာတော့ အာရွန် ရမ်း်စဒေးလ် တာဝန်ယူခဲ့သလို ခံစစ်မှာလည်း တိုမီယာဆု၊ ဘန်ဝှိုက်၊ ဂါဘရီရယ်နဲ့ တီယာနီတို့ပဲ ပါဝင်လာခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ဂရန်းနစ် ချာကာ ဒဏ်ရာ ရနေလို့ သောမက်စ် ပါတေး တစ်ဦးတည်းကို ဗဟို ကွင်းလယ် ခံစစ် နေရာမှာ ကစားစေခဲ့ပြီး တောင်ပံ နှစ်ဖက်မှာ ဆာကာနဲ့ ပေပေ၊ အလယ်မှာ အိုဒီဂတ်၊ စမစ်ရိုးဝ်နဲ့ တိုက်စစ် မှာတော့ အော်ဘာမီယန်းပဲ ဦးဆောင်လာခဲ့ပါတယ်။ တစ်ဖက်မှာ ပက်ထရစ် ဗီအဲရာရဲ့ အသင်း ကလည်း ၄-၂-၃-၁ ကစားကွက် ကိုမှ အီးဇီး၊ ဖာဂူဆန်၊ ဇာဟာတို့ ကလွဲလို့ အဓိက ကစားသမားတွေနဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပြီး ပဲလေ့စ်တို့ အန်းမရိတ်စ်မှာ ကစားတိုင်း ရလဒ်ကောင်းတတ်တဲ့ အစဉ်အလာကို ဆက်ထိန်းနိုင်ဖို့ အတွက် ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

 
ပွဲအစ ၈ မိနစ် မှာတင်ပဲ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး နီကိုလာ ပေပေရဲ့ ကန်ချက်ကို ပဲလေ့စ် ဂိုးသမား ဂိုက်တာ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် အသင့်စောင့်နေတဲ့ အော်ဘာမီယန်းက အမိအရ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်း ကွင်းလယ်က မာတင် အိုဒီဂတ် ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေတာနဲ့ ပေပေရဲ့ ထုံးစံ အတိုင်း ကိုယ်ထင်ရာ ကိုယ်လုပ်တတ်တဲ့ အကျင့်ကြောင့် အာဆင်နယ်ရဲ့ ဂိုးရဖို့ ကြိုးပမ်းမှုတွေက အားရစရာ အခြေအနေ မှာတော့ ရှိမနေခဲ့ပါဘူး။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်း ဧည့်သည် ခရစ္စတယ်ပဲလေ့စ်တို့ ချေပဂိုး ရဖို့ တောက်လျောက် တိုက်စစ် မြှင့်လာခဲ့ပြီး အာဆင်နယ် ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ် ကာကွယ်မှုတွေ ပြုလုပ်နိုင်လို့သာ အာဆင်နယ်တို့ သက်သာရာ ရခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ၅၀ မှာတော့ ခရစ္စတယ်ပဲလေ့စ်တို့ ချေပဂိုး ရသွားခဲ့ပြီး အာဆင်နယ် ကွင်းလယ်ရဲ့ ပေါ့ဆမှုကို ဂျော်ဒန် အာရူးက အခွင့်ကောင်းယူပြီး ဘန်တီကီက အပိုင်နိုင်ဆုံး အဆုံးသတ် ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ၁-၁ ဖြစ်သွားချိန်မှာ မီခယ် အာတေးတား အနေနဲ့ အလက်ဇန္တား လာကာဇက်ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုး ရသွားတာ ကတော့ ပဲလေ့စ် တို့ပဲ ဖြစ်ပါတယ်။ ဒီဂိုး ကလည်း လူစားဝင်လာတဲ့ ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ညာရဲ့ အမှားကြောင့် ပေးခဲ့ရတာ ဖြစ်ပြီး ပဲလေ့စ် တိုက်စစ်မှူး အော့်ဆွန်နီ အက်ဒွါက အားပြင်းပြင်းနဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၁-၂ ဖြစ်သွားချိန် မှာတော့ ပါတေးကို မာတင်နယ်လီနဲ့ လူစားလဲခဲ့ပြီး ချေပဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ပေမယ့် ပဲလေ့စ် နောက်တန်းရဲ့ တားဆီးမှုတွေကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ လက်ကျန် မိနစ်တွေကို အလာဟသ မဖြစ်အောင် တတ်နိုင်သမျှ ကစားနေတဲ့ ဂန်းနားတို့ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို နောက်ဆုံးမိနစ် မှာတော့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။ ဘန်ဝှိုက်ရဲ့ ကန်ချက်ကို ဂိုးသမား ဂိုက်တာ ကာကွယ်နိုင်ခဲ့ပေမယ့် လာကာဇက်က နောက်တစ်ကြိမ် အပိုင် ထပ်မံ ပိတ်သွင်း ပေးသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မှာတော့ ပွဲသိမ်းခရာ မှုတ်ခဲ့လို့ ၂-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးပြီး အာဆင်နယ်နဲ့ ပဲလေ့စ်တို့ သရေ တစ် မှတ်စီနဲ့ပဲ ကျေနပ်ခဲ့ကြ ရပါတော့တယ်။
 

ပွဲပြီးသုံးသပ်ချက်

မီခယ် အာတေးတားနဲ့ အာဆင်နယ် ကတော့ ချီးကျူးလို့မှ မဆုံးခင်မှာပဲ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြန်ပါပြီ။ ဂရန်းနစ် ချာကာဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား မဟုတ်ပေမယ့် အာဆင်နယ် အတွက် ဘယ်လောက် အထိ အရေးပါသလဲ ဆိုတာ ပြီးခဲ့တဲ့ ဘရိုက်တန်ပွဲနဲ့ အခုပွဲက အဖြေထုတ်ပေးသွားခဲ့ပါပြီ။ သူ့နေရာမှာ အစားထိုးဖို့ ဆမ်ဘီ လိုကွန်ညာကို ခေါ်ယူခဲ့ပေမယ့် လက်ရှိ အခြေအနေ အရတော့ စိတ်ချလက်ချ ပါတေးနဲ့ တွဲကစားခိုင်းလို့ကို မရသေးပါဘူး။ နောက်ပြီးတော့ နီကိုလာ ပေပေပါ။ ကလပ် စံချိန်တင်‌ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် အခုချိန်ထိတော့ အသင်း အတွက် အကျိုးပြုတာက နည်းနည်း၊ သူ့ဘာသာ လုပ်ချင်ရာ လုပ်တာက များများ ဖြစ်နေဆဲပါ။ မညှာမတာ ပြောရရင် ရောင်းထုတ်သင့်နေပါပြီ။ နောက်ပြီး အာတေးတား အနေနဲ့ အော်ဘာမီယန်း အသက်အရွယ်ကြောင့် စွမ်းဆောင်ရည် ကျဆင်းလာချိန်မှာ လာကာဇက်ကို ပွဲထွက်ခွင့် ပိုပြီး ပေးသင့်နေပြီ ဖြစ်သလို တိုက်စစ်မှူးသစ် ခေါ်ယူဖို့ထက် ဘောလုံး ပါရမီကောင်းတဲ့ မာတင်နယ်လီလို လူငယ် ကစားသမားမျိုး ကိုလည်း တိုက်စစ်မှာ ဦးဆောင်ခိုင်းသင့်နေပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ဟိုနေရာပြင် ဒီနေရာပျက် အခြေအနေမျိုးနဲ့ပဲ ရှေ့ဆက်နေရင်တော့ ဂန်းနားတို့ ဆုဖလား အောင်မြင်မှု မပြောနဲ့ လာမယ့် နှစ်ပိုင်း အတွင်း ထိပ်ဆုံး ၄ သင်း စာရင်း ဝင်ဖို့တောင် မျှော်လင့်လို့ မရပါဘူး။ မည်သို့ပင် ဆိုပါစေ အာဆင်နယ်တို့ ဒီပွဲကနေ ၁ မှတ် ရခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၁ နေရာကို တက်လှမ်းနိုင်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ် ကတော့ အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၉) အဖြစ် အက်စတွန်ဗီလာကို အိမ်ကွင်း အန်းမရိတ်စ် မှာ ဧည့်ခံကစား ရမှာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ် ကတော့ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်