နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဆီနဲ့ အာဂျင်တီးနားကိုပဲယုံကြည်ထားသင့်တယ် | ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ပွဲကြိုသုံးသပ်ချက်)

countdown banner

ဥရုဂွေး – အာဂျင်တီးနား

ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုန် အုပ်စုပွဲစဉ် (၁၃) အဖြစ် ဥရုဂွေးနဲ့ အာဂျင်တီးနားတို့ ယှဉ်ပြိုင် ကစားဖို့ ရှိပြီးတောင်အမေရိကအသင်းကြီး ၂ သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ အတိုင်းအတာတစ်ခုအထိစိတ်ဝင်စားစရာကောင်းနေပါတယ်။ခြေစွမ်းပိုင်းသိပ်မကွာပေမယ့် လက်ရှိအနေအထားအရဆိုရင် အာဂျင်တီးနားကပိုကောင်းနေပါတယ်။ ကာဗာနီ၊ ဆွာရက်ဇ်တို့ ရှိပေမယ့် ဥရုဂွေးရဲ့ တိုက်စစ်ကလိုအပ်ချက် ရှိနေဆဲလို့ ပြောလို့ရပါတယ်။ ခံစစ် လိုအပ်ချက် မြင့်မားနေတဲ့ ဥရုဂွေးကိုမက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားတိုက်စစ် ဘယ်လိုကျော်ဖြတ်မလဲဆိုတာစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။

 
ဥရုဂွေးရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲရလဒ်တွေကထင်သလောက် အကောင်းဘက်မှာရှိမနေခဲ့ပါဘူး။ အထူးသဖြင့် အာဂျင်တီးနားနဲ့ ပထမအကျော့ ပွဲစဉ်၊ ဘရာဇီးနဲ့ ပွဲစဉ်တွေမှာဂိုးပြတ် အရေးနိမ့်ခဲ့တာကအသင်းရဲ့ လိုအပ်ချက်ကိုသိသာမြင်သာစေပါတယ်။ ဥရုဂွေးရဲ့ ခံစစ်ပိုင်းကလိုအပ်ချက် မြင့်မားနေတာပဲဖြစ်ပါတယ်။ ကိုအာတက်စ်နဲ့ ဂိုဒင်တို့အတွဲနားလည်ချက် လွဲမှားမှုအချို့ကအသင်းရဲ့ ရလဒ်ကိုကျဆင်းနေစေတယ်လို့လည်းဆိုနိုင်ပါတယ်။ နောက်ဆုံး ၅ ပွဲမှာပေးဂိုး ၉ ဂိုးအထိရှိနေခဲ့ခြင်းကအဓိကသက်သေပါပဲ။ အထူးသဖြင့် ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ပွဲသရေ ဆိုတဲ့ ရလဒ်မှာနောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတာကတော့ စိုးရိမ်စရာဖြစ်နေပါတယ်။ လာမယ့် ပွဲစဉ်အတွက် ဒဏ်ရာ ပြဿနာကင်းစင်နေလို့ ကာဗာနီ၊ ဆွာရက်ဇ်၊ ဗယ်ဗာဒီ၊ ဗန်တန်ကူအာတို့ကိုလူစုံပွဲထွက်လာမယ့် အနေအထားတော့ ရှိနေပါတယ်။ပထမအကျော့တုန်းကအဝေးကွင်းမှာဂိုးပြတ် အရေးနိမ့်ထားတဲ့ အသင်းကိုနည်းပြ တာဘာရက်စ်ရဲ့ ဥရုဂွေးဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဖို့ပဲရှိနေပါတယ်။

ဥရုဂွေးရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲရလဒ်တွေကထင်သလောက်အကောင်းဘက်မှာရှိမနေခဲ့ပါဘူး။
ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုန် အုပ်စုအဆင့် (၅) နေရာမှာရပ်တည်နေတဲ့ ဥရုဂွေး

တောင်အမေရိကရဲ့ အစဉ်အလာအတိုင်းဘရာဇီးရဲ့ နောက်မှာအာဂျင်တီးနားကအမြဲရှိနေတာပဲတွေ့ရပါတယ်။လက်ရှိကမ္ဘာ့ဖလားခြေစစ်ပွဲအမှတ်ပေးဇယားရပ်တည်မှုအပိုင်းမှာလည်းအာဂျင်တီးနားရဲ့ အခြေအနေကအားရစရာဖြစ်နေပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာရှုံးပွဲမရှိထားသလိုတိုက်စစ်က ၁၀ ဂိုးသွင်းပြီးပေးဂိုး ၂ ဂိုးပြန်ပေးထားရတဲ့ အနေအထားကအကျိုးအမြတ် ရှာဖွေဖို့ အတွက် လုံလောက်နေပါတယ်။မက်ဆီ၊ ဒီမာရီယာ၊ မာတီနက်ဇ်၊ လိုဆယ်လိုတို့ ပါဝင် လာနိုင်တဲ့ ပွဲထွက် လူစာရင်းကအသင်းတိုင်းကိုစိန်ခေါ်နိုင်တဲ့ အခြေအနေရှိနေတာပါ။ အမှတ်ပေးဇယားရပ်တည်မှုအရအဆင့် ၂ နေရာမှာရှိနေပေမယ့် လက်ကျန်ပွဲစဉ် အနည်းငယ် အနိုင်ရရုံနဲ့ အာဂျင်တီးနားတို့ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ရှိနေပါတယ်။ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ဖို့ အတွက် အမှတ်ပေးဇယားထိပ်ပိုင်းအသင်းအချင်းချင်းထိပ်တိုက်တွေ့ဆုံမှုကအက္ခရာဖြစ်နေလို့ နည်းပြ စကိုလာနီရဲ့ အာဂျင်တီးနားတို့ ဥရုဂွေးအိမ်ကွင်းမှာဘာလုပ်ပြမလဲဆိုတာစိတ်ဝင်စားစရာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံးထိပ်တိုက် တွေ့ဆုံခဲ့တဲ့ အကြိမ် ၂၀ မှာဥရုဂွေးက ၄ ကြိမ်နိုင် အာဂျင်တီးနားက ၁၃ ကြိမ် နိုင်ထားပြီး ၃ ကြိမ် သရေကျ ထားခဲ့ပါတယ်။ အစဉ်အလာအရအပြတ်အသတ် အသာရထားတဲ့ အာဂျင်တီးနားအနေနဲ့ ကမ္ဘာ့ ဖလားခြေစစ်ပွဲတောင်အမေရိကဇုန် ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ၃ – ဝ ဂိုးရလဒ်နဲ့ အနိုင် ရရှိထားခဲ့ တာပါ။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဥရုဂွေး – အာဂျင်တီးနား 1X2 ဥရုဂွေး @ ၂.၃၀ ဆ
နိုဝင်ဘာလ ၁၃ ရက်၊ မနက် ၅:၃၀ နာရီ (GMT+ ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၃.၂၅ ဆ၊  သရေအတွက် ၃.၂၀ ဆ၊ ဧည်သည့်အသင်းအတွက် ၂.၃၀ ဆ ကြေးဖွင့်ထားပါတယ်။ အမှတ်ပေးဇယားအထက်ပိုင်းအသင်းတွေဆိုပေမယ့် ခြေစွမ်းနဲ့ ရလဒ်ပိုင်းအရဆိုရင် အာဂျင်တီးနားကအပြတ်အသတ် အသာရနေပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတဲ့ အခြေအနေကိုအိမ်ကွင်းမှာပြန်လည် ကုစားဖို့ ရှိနေတဲ့ ဥရုဂွေးကိုလည်းမေ့ထားလို့ မရပါဘူး။ အနိုင်ရမယ့် အသင်းထက် ဂိုးများပွဲစဉ်လို့ မြင်မိပါတယ်။ ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမားကောင်းတွေကြောင့် ၃ ဂိုးအထက် သွင်းယူနိုင်တဲ့ ပွဲဖြစ်လာမှာပါ။ အကျိုးအမြတ် အတွက် ရွေးချယ်ရမယ် ဆိုရင်တော့ အာဂျင်တီးနားကိုပဲအကြိုက်တွေ့မိပါတယ်။

ခန့်မှန်းရလဒ် (၁-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်