နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘင်ဇီမာ၊ အမ်ဘာပေ၊ ဟာနန်ဒက်စ် တို့ရဲ့ ဂိုးတွေနဲ့ ကမ္ဘာ့ချန်ပီယံ ဆိုတာ သက်သေပြခဲ့တဲ့ ပြင်သစ် (နေးရှင်းလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘယ်လ်ဂျီယံ ၂ – ၃ ပြင်သစ်

ယူအီးအက်ဖ်အေ နေရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်အသင်း တို့ရဲ့ ပွဲစဉ်က အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ ပရိသတ် စိတ်ကြိုက် ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပြီး နောက်ကျ သွင်းဂိုးနဲ့ အတူ ကမ္ဘာ့ချန်ပီယံ ပြင်သစ်တို့ နိုင်ပွဲ ရရှိခဲ့ပါတယ်။ ဘယ်လ်ဂျီယံ အနေနဲ့ ပွဲချိန် ပထမပိုင်း ပြီးဆုံးချိန် အထိ ၂ ဂိုး ပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် ခံစစ်ပိုင်း အမှားများခဲ့တဲ့ အတွက် ပြင်သစ် အသင်း အခွင့်အရေး ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံ ပြင်သစ် အတွက် ကတော့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အောင်မြင်မှု မရရှိခဲ့တာကို နေရှင်းလိဂ် ပြိုင်ပွဲမှာ ပြန်လည် ချေဖျက်နိုင်ဖို့ အတွက် အခြေအနေကောင်း တစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့တာလို့လည်း ဆိုရမှာပါ။
 

ပွဲစဉ်အကျဉ်း

လက်ရှိ ကမ္ဘာ့အဆင့်-၁ ဘယ်လ်ဂျီယံနဲ့ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် တို့ရဲ့အားပြိုင်မှုက နှစ်ဖက် နည်းပြ နှစ်ဦးရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုနဲ့ အတူ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၃-၄-၃ ကိုအခြေခံပြီး ပွဲထွက်လာတဲ့ ဘယ်လ်ဂျီယံရဲ့ ကစားပုံက ပြင်သစ်ကို အခက်တွေ့စေခဲ့သလို ကာရက်စ်စကို၊ ဒီဘရိုင်း၊ လူကာကူ တို့ရဲ့အတွဲအဖက် ကလဲ တော်တော်လေးကို အလုပ်ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး ဘယ်လ်ဂျီယံတို့ ဦးဆောင် ကစားခဲ့ပြီး ကာရက်စ်ကိုရဲ့ ဦးဆောင်ဂိုး၊ လူကာကူရဲ့ ဒုတိယ ဦးဆောင်ဂိုး တွေက မေးခွန်း ထုတ်စရာ မရှိလောက်အောင် ပြီးပြည့်စုံလွန်းခဲ့တာပါ။ ဒါပေမဲ့ ဒုတိယပိုင်း ဂရစ်ဇ်မန်းရဲ့ အတိုးအလှုပ်၊ အမ်ဘာပေးရဲ့ ဖြတ်တင်ဘော၊ ဘန်ဇီမာရဲ့ ၁၈ ကိုက်စည်း အတွင်း အကောင်းဆုံး ဖိအားပေးနိုင်မှု တွေက အယ်လ်ဒါ ဝီရယ် ဦးဆောင်တဲ့ ဘယ်လ်ဂျီယံ နောက်တန်းကို အမှားများလာစေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ ကစားသမား ၅ယောက်လောက် ပိတ်ဆို့ထားတဲ့ ကြားကနေ ချေပဂိုး အဖြစ် ပြောင်းလဲပေးခဲ့တဲ့ ဘင်ဇီမာရဲ့ဂိုး၊ ဂရစ်ဇ်မန်းကြောင့်ရတဲ့ ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ အမ်ဘာပေး တို့ကြောင့် ပြင်သစ်တို့ နိုင်ပွဲအတွက် ယုံကြည်မှု ပိုကောင်းလာခဲ့တယ်လို့ ဆိုရမှာပါ။ ဒီပွဲရဲ့ အလှည့်အပြောင်း တွေကတော့ ပွဲချိန် ၈၇ မိနစ်မှာ သွင်းယူခဲ့တဲ့ လူကာကူရဲ့ ဂိုးကို လူကျွံဘော အဖြစ် သတ်မှတ်ပေးခဲ့မှုနဲ့ ပွဲချိန် မိနစ် ၉၀မှာ သွင်းယူခဲ့တဲ့ ပြင်သစ် တောင်ပံ ကစားသမား ဟာနန်ဒက်စ်ရဲ့ အဖိုးတန် အနိုင်ဂိုး တို့ပဲ ဖြစ်ပါတယ်။ တိုက်စစ် အသားပေး ကစားတတ်တဲ့ အသင်းတွေ ဖြစ်သလို ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အသင်း နှစ်သင်း ဖြစ်လို့ ပွဲသိမ်းခရာမှုတ်တဲ့ အထိ နှစ်သင်းလုံး ဂိုးရလုနီးနီး အခြေအနေတွေကို ပိုင်ဆိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ပိုင်း မှာတော့ ခံစစ်ကို အမှားအယွင်း မရှိ ထိန်းသိမ်းနိုင်ခဲ့တဲ့ ပြင်သစ် အသင်း ၂-၃ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နေရှင်းလိဂ် ဗိုလ်လုပွဲစဉ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းနှစ်သင်း ဖြစ်ပေမယ့် ဘယ်လ်ဂျီယံ နည်းပြ မာတီနက်ဇ်ရဲ့ နည်းဗျူဟာက ဝါရင့်နည်းပြ ဒီဒီယာ ဒက်ချမ့်စ်ရဲ့ ပြင်သစ်ထက် လိုအပ်ချက် အနည်းငယ် ရှိနေခဲ့ပါတယ်။ ဟာဇက်၊ လူကာကူ၊ ဒီဘရိုင်းနား တို့ရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်နဲ့ အမ်ဘာပေ၊ ဘင်ဇီမာ၊ ဂရစ်ဇ်မန်းတို့ရဲ့ အတွဲအဖက်က ထက်တူကျတယ်လို့ ဆိုနိုင်ပေမယ့် ကွင်းလယ်ပိုင်း အစုအဖွဲ့ မှာတော့ ပေါ့ဘာ၊ ရာဘီယော့စ်တို့ ဦးဆောင်တဲ့ ပြင်သစ်က ပိုပြီး အမှားနည်းခဲ့တယ်လို့ ဆိုရမှာပါ။ အဓိက ကတော့ မူနီယာ ဒဏ်ရာပြဿနာရှိနေတဲ့ ဘယ်လ်ဂျီယံ နောက်တန်းက လိုအပ် ချက်မြင့်မားနေခဲ့တာက ပြင်သစ် အတွက် အခွင့်ကောင်းတစ်ခု ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး ခြုံငုံရရင် လူကာကူ၊ ဒီဘရိုင်း တာဝန်ကျေခဲ့ပေမယ့် ဗာတွန်ဂန်၊ အယ်ဒါဝီလ်ရယ်၊ ဒီနေညာတို့ရဲ့ခံစစ်ပိုင်းကတော်တော် လေးကို အမှားများခဲ့တယ် ဆိုတာ ဘင်ဇီမာရဲ့ ဂိုးက သက်သေပြခဲ့တယ်လို့ ဆိုရမှာပါ။ ပြင်သစ်အသင်းကတော့ နိုင်သင့်နိုင်ထိုက်တဲ့ ပွဲစဉ်တွေမှာ အနိုင်ရနေဆဲ ဆိုပေမယ့် အထနှေးတတ်တဲ့ အခြေအနေက ဒီနေ့အထိ နည်းပြဒက်ချမ့် အတွက် ဖြေရှင်းရခက်တဲ့ ခေါင်းအခဲရဆုံး ပြဿနာ တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ အလွန် ဥရောပရဲ့ အကောင်းဆုံး အသင်းနှစ်သင်းဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ ကျဉ်းမြောင်းတဲ့ ဂိုးကွာခြားချက် ရလဒ်ထွက်ပေါ်ခဲ့တာ မဆန်းပေမယ့် အမှားနည်းတဲ့ အသင်း အနိုင်ရခဲ့တယ်လို့ပဲ ဆိုရမှာ ပါ။ ဘယ်လ်ဂျီယံ ကတော့ အဓိက ပြိုင်ပွဲတွေ ဖြစ်တဲ့ ကမ္ဘာ့ဖလား၊ ဥရောပဖလား၊ နေရှင်းလိဂ် ပွဲစဉ်တွေမှာ ရေပန်းစားခဲ့ပေမယ့် ထင်သလောက် အလုပ်မဖြစ်ခဲ့တာက နည်းပြ မာတီနက်ဇ်ရဲ့ နည်းဗျူဟာပိုင်းတွေ အပေါ် မူတည်ခဲ့တယ် လို့ပဲ ဆိုရမှာပါ။ ပြင်သစ် ကတော့ ဒီနေ့ပွဲ အနိုင်ရလဒ်ကြောင့် ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ရှုံးထွက်အဆင့်နဲ့ ကျေနပ်ခဲ့ရတဲ့ အခြေအနေကို ပြန်လည် ကုစားနိုင်ခဲ့ပြီး ချန်ပီယံဆု မျှော်လင့်ချက် ဆက်လက် ရှင်သန်ခဲ့တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘယ်လ်ဂျီယံ အနေနဲ့ နေရှင်းလိဂ် တတိယ နေရာလုပွဲ အဖြစ်လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့မှာ အီတလီနဲ့ ကစားရဖို့ ရှိနေပြီး ပြင်သစ် ကတော့ စပိန်ကို ဗိုလ်လုပွဲစဉ် အဖြစ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်