နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မေဆန်မောင့်ရဲ့ ဟက်ထရစ်နဲ့ အတူ စံချိန်တင် ဂိုးပြတ် နိုင်ပွဲ ပိုင်ဆိုင်ခဲ့တဲ့ ချဲလ်ဆီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၇ – ၀ နော့ဝှစ်ချ်စီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ နော့ဝှစ်ချ်စီးတီး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ သောမက်စ်တူချယ်ရဲ့ အသင်းက တိုက်စစ် ခြေစွမ်းပြပြီး ဧည့်သည် နော့ဝှစ်ချ်စီးတီးကို ၇-၀ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ မေဆန်မောင့် အနေနဲ့ ဒီရာသီ သူ့ရဲ့ ပထမဆုံး သွင်းဂိုးနဲ့ ချယ်ဆီး ကစားသမား ဘဝ ပထမဆုံး ဟက်ထရစ် ကိုပါ ရယူသွားနိုင်ခဲ့ပြီး မြောက်လန်ဒန် ကလပ် အတွက် တကယ့်ကို လှပတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

 
ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ၃-၄-၂-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ မန်ဒီ၊ ခံစစ်မှာ ချာလိုဘာ့၊ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါ၊ ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ တောင်ပံနှစ်ဖက်မှာ ရိစ်ဂျိမ်းစ်၊ ဘန်ချေးဝဲလ်၊ တိုက်စစ် မှာတော့ မေဆန်မောင့်၊ အိုဒွိုင်းနဲ့ ကိုင်ဟာဗက်ဇ်တို့ ပါဝင်လာခဲ့ပါတယ်။ နော့ဝှစ်ချ်စီးတီး မှာတော့ ထုံးစံအတိုင်း တိုက်စစ်က ပွတ်ကီနဲ့ ဆားဂျန့်ပဲ ဦးဆောင်လာခဲ့ပြီး နော်မတ်၊ လက်စ်မီလောင်၊ အာရွန်စ်၊ ဟန်လေ၊ ကာဘက်ခ်နဲ့ တင်မ်ကားလ် တို့လို အဓိက ကစားသမား တွေနဲ့ပဲ စတန်းဖို့ဒ် ဘရစ်ချ် မှာ လာရောက် ရင်ဆိုင်ခဲ့ပါတယ်။ ခြေစွမ်းရော၊ ကစားသမား စုဖွဲ့မှုပါ ကွာဟနေတဲ့ အသင်း နှစ်သင်း ကစားတဲ့ ပွဲဖြစ်တာကြောင့် အဘက်ဘက်က ကွာဟချက် ကြီးမားခဲ့ပြီး ပွဲစ ကတည်းက အိမ်ရှင်တို့ တစ်ဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၈ မိနစ်မှာ တင်ပဲ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး မေဆန်မောင့်က သွင်းယူပေးခဲ့သလို ၁၈ မိနစ်မှာ အိုဒွိုင်း၊ ၄၂ မိနစ် မှာ ရိစ်ဂျိမ်းစ် တို့က ဂိုးတွေ ထပ်မံသွင်းယူပေးခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ အိမ်ရှင်တို့ ၃-၀ နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာ နော့ဝှစ်ချ်တို့ ဘရန်ဒန်ဝီလီယမ်စ်၊ ရာရှီကာ တို့နဲ့ လူစားလဲလှယ်မှု ပြုလုပ်ပြီး ချဲလ်ဆီး ကွင်းလယ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် နော့ဝှစ်ချ်တို့ ပြိုင်ဘက် ကွင်းလယ်ကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ချိန်မှာ ချဲလ်ဆီးရဲ့ တောင်ပံတွေကို ပိုပြီး လွတ်လွတ်လပ်လပ် ကစားနိုင်အောင် ခွင့်ပြုပေးလိုက်သလို ဖြစ်သွားပြီး သွင်းဂိုးတွေပါဆက်တိုက် ခွင့်ပြုပေးခဲ့ရပါတော့တယ်။ ၅၇ မိနစ်မှာ ချေးလ်ဝဲလ်က စတုတ္ထဂိုး၊ ၆၂ မိနစ်မှာ မက်စ် အာရွန်စ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိလို့ ပဉ္စမဂိုး၊ ၈၅ မိနစ်မှာ မေဆန်မောင့်က ပင်နယ်တီက တစ်ဆင့် ဆဌမ ဂိုးနဲ့ နာကျင်အချိန်ပိုမှာ မေဆန်မောင့် ကပဲ သတ္တမမြောက် ဂိုး တို့ကို သွင်းယူပေးခဲ့လို့ ၇-၀ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲ အပြီးမှာတော့ ချဲလ်ဆီးတို့ ရမှတ် ၂၂ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဆက်လက် ဦးဆောင် နိုင်ခဲ့ပြီး နော့ဝှစ်ချ် ကတော့ အဆင့် ၂၀ နေရာ မှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲ အပြီးမှာတော့ ချဲလ်ဆီးတို့ ရမှတ် ၂၂ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဆက်လက် ဦးဆောင် နိုင်ခဲ့ပြီး နော့ဝှစ်ချ် ကတော့ အဆင့် ၂၀ နေရာ မှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ နော့ဝှစ်ချ်စီးတီး

ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီးတော့ အထွေအထူး အများကြီး သုံးသပ်နေစရာ မလိုခဲ့ပါဘူး။ အသင်းကြီး အသင်းငယ် တွေ့ဆုံမှုမှာ တူချယ်ရဲ့ အသင်းသားတွေ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်ပြီး တာဝန်ကျေသွားခဲ့တယ်လို့ပဲ မြင်ပါတယ်။ နည်းပြ တူချယ် အတွက် ကတော့ တိုက်စစ်မှူး စစ်စစ် မပါပဲ ဂိုးအပြတ်ဆုံး နိုင်ပွဲ တစ်ပွဲ ရခဲ့တဲ့ အတွက် အတိုင်းထက် အလွန် ဝမ်းသာနေမှာ သေချာပါတယ်။ ဒီပွဲကနေ ထွက်ပေါ်ခဲ့တဲ့ စိတ်ဝင်စားစရာ မှတ်တမ်း တချို့ကို ပြောရမယ် ဆိုရင်တော့…။

မေဆန်မောင့်ဟာ ဒီရာသီ အတွက် ပထမဆုံး သွင်းဂိုးနဲ့ အတူ ချယ်ဆီး ကစားသမား ဘဝ ပထမဆုံး ပရီးမီးယားလိဂ် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘန်ချေးလ်ဝဲလ် ကတော့ လမ်းပတ် နောက်ပိုင်း ပထမဆုံး အဖြစ် ချယ်ဆီး အတွက် ပရီးမီးယားလိဂ် ၄ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ အင်္ဂလန် ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ၁၈ ကြိမ်မြောက် ၆ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲ သမိုင်းတစ်လျောက် အများဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်း အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ ဂိုးသမား မန်ဒီ ကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ Clean Sheet အများဆုံး ရတဲ့ ကစားသမား အဖြစ် ထိပ်ဆုံး က ဦးဆောင်နေခဲ့ပြီး အားရစရာ အကောင်းဆုံး ကတော့ ပွဲစဉ် ၉ ကစားပြီးချိန်အထိ ချဲလ်ဆီး အတွက် ဂိုးသွင်းပေးထားတဲ့ ကစားသမား ၁၄ ဦး အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ခါရာဘောင် ကလပ် ပွဲစဉ်အဖြစ် ဆောက်သမ်တန် ရဲ့ အိမ်ကွင်း စိန့်မေရီမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နော့ဝှစ်ချ်တို့ ကတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အောက်တိုဘာလ ၃၁ ရက်နေ့မှ လိဒ်စ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်