နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာနေး သွင်းဂိုး ၁၀၀ ပြည့်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၃ – ၀ ခရစ္စတယ်ပဲလေ့စ်

အခုတစ်ပတ် စနေနဲ့ မှာတော့ လစ်ဗာပူးလ်တို့ ခြေပြန်တက်နေတဲ့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ၃ ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တောင်ပံတိုက်စစ် ကစားသမား ဆာဒီယို မာနေး အနေနဲ့ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပြီး ပြိုင်ဘက် အသင်းတွေ အမှတ်လျော့နေချိန်မှာ ကလော့ပ်ရဲ့ အသင်းက အခွင့်အရေး ကောင်းတစ်ခုကို အရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
 

ပွဲစဉ် အကျဉ်း

ဒီနေ့ပွဲမှာ ကလော့ပ်ရဲ့ အသင်းက ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်ကိုမှ ဂိုးမှာ အလီဆွန်၊ နောက်တန်းမှာ မီလ်နာ၊ ကိုနားတေး၊ ဗာဂျယ်ဗန်ဒိုက်ခ်ျ၊ ဆီမီကတ်စ်၊ ကွင်းလယ်မှာ ဖာဘင်ဟို၊ သီယာဂို၊ ဂျော်ဒန် ဟန်ဒါဆင်၊ တိုက်စစ်မှာ ဆာလာ၊ မာနေး၊ ဂျိုတာ တို့နဲ့ ပွဲထွက်လာပါတယ်။ ပက်ထရစ် ဗီအဲရာရဲ့ အသင်း ကလည်း ၄-၃-၃ ကစားကွက်နဲ့ပဲ လစ်ဗာပူးလ်ကို ပြန်လည် တုန့်ပြန်ဖို့ ကြိုးပမ်းခဲ့ပြီး ဂူဟီ၊ အန်ဒါဆင်၊ ၀က်ဒ်၊ ကိုယာတေး၊ ဂယ်လာဂါ၊ မက်အာသာ၊ ဘန်တီကီ၊ ဇာဟာ တို့ကို အသုံးပြုခဲ့ပါတယ်။

ဒီနေ့ပွဲမှာ လစ်ဗာပူးလ်တို့ ဂိုး‌ ပေါက် ခြိမ်းခြောက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဂိုးပေါက် တည့်မှု ၁၀ကြိမ် အထိ ရှိခဲ့ပြီး သွင်းဂိုး ၃ ဂိုး ရရှိခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၃ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၂ ကြိမ်ပဲ ရှိခဲ့ပါတယ်။ လစ်ဗာပူးလ် အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲချိန် ၄၃ မိနစ်မှာ ဆာဒီယို မာနေး၊ ၇၈ မိနစ်မှာ ဗန်ဒိုက်ခ်ျရဲ့ ပေးပို့မှု ကနေ မိုဟာမက် ဆာလာနဲ့ ပွဲပြီးခါနီးမှာ လူစား၀င် ကစားသမား နာဘီ ကီတာက အဝေးကန်ချက်နဲ့ လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ပဲလေ့စ် ဘက်က တိုက်စစ်မှူး အက်ဒ်၀က် ၀င်ရောက် ကစားခဲ့ပြီး ချေပဂိုး ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် ထိရောက်မှု မရှိခဲ့သလို လစ်ဗာပူးလ် တိုက်စစ်ရဲ့ ထိုးဖောက်မှုတွေကိုပဲ ကာကွယ်နေရလို့ ၃-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ်တို့ လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ နော့၀စ်ခ်ျနဲ့ လိဂ်ဖလား ပွဲစဉ် ကစားဖို့ ရှိနေပြီး ခရစ္စတယ်ပဲလေ့စ် ကတော့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်

ကလော့ပ်ရဲ့ လစ်ဗာပူးလ် ကတော့ ကြားရက်မှာ ချန်ပီယံလိဂ် ကစားခဲ့ရပေမယ့် ပရီးမီးယားလိဂ် မှာလည်း နိုင်ပွဲဆက်ရေး အတွက် အကောင်းဆုံး ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဂျိုတာ သိပ်ပြီး ခြေစွမ်း မပြနိုင်ခဲ့ပေမယ့် မာနေးနဲ့ ဆာလာ တို့ရဲ့ ပုံစံကောင်း တစ်ခုကို မြင်တွေ့ခဲ့ရပြီး ဒီကစားသမား နှစ်ဦးကပဲ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နိုင်ဖို့ စွမ်းဆောင်ပေးခဲ့တာလို့ ပြောရပါမယ်။ တစ်ဖက်က မန်ချက်စတာစီးတီးတို့ ဆောက်သမ်တန်နဲ့ ဂိုးမရှိ သရေကျခဲ့ချိန်၊ ယူနိုက်တက်က ၀က်စ်ဟမ်း၊ ချဲလ်ဆီးက စပါး တို့နဲ့ တွေ့ဆုံနေချိန်မှာ လစ်ဗာပူးလ်တို့ အဖိုးတန် အနိုင် ၃ မှတ်ကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာနိုးလ် နေရာမှာ ကစားခဲ့တဲ့ ဂျိမ်းစ် မီလ်နာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီနေ့ပွဲရဲ့ MOTM ဖြစ်ပါတယ်။ ကလော့ပ် အနေနဲ့ အစောပိုင်းမှာ ပြောခဲ့သလိုပဲ ကစားသမားတွေကို အလှည့်ကျ ပွဲထွက်ခွင့်ပေးနေပြီး ဒီနည်းစနစ်ဟာ ဒဏ်ရာပြသနာ ကြုံတွေ့မှုကို အတိုင်းအတာ တစ်ခု အထိ ရှောင်လွှဲနေနိုင်တာ တွေ့ရပါတယ်။ ဒါဟာ ရေရှည်မှာ လစ်ဗာပူးလ်တို့ ဆုဖလား လမ်းကြောင်း‌ ပေါ်မှာ ရပ်တည်နိုင်ရေး အတွက် အရေးပါတဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲ တစ်ခု ဖြစ်လာမှာ သေချာပါတယ်။
 

လာမယ့်ပွဲစဉ်များ

 
လစ်ဗာပူးလ်တို့ လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ နော့၀စ်ခ်ျနဲ့ လိဂ်ဖလား ပွဲစဉ် ကစားဖို့ ရှိနေပြီး ခရစ္စတယ်ပဲလေ့စ် ကတော့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်