နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေသာပေမယ့် ကံမပါတဲ့အပြင် ဗွီအေအာ သတ်လို့ပါ နှစ်ခါပြန် သေရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ကြိုးကြာနီများ

အဲဗာတန် ၂-၂ လစ်ဗာပူးလ်

မနေ့ညက ဂူဒီဆင်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မာဆေးလ်ဆိုဒ်ဒါဘီ မှာ အဲဗာတန်နဲ့ လစ်ဗာပူးလ်တို့ တစ်ဖက်ကို ၂ဂိုးစီနဲ့ သရေကျခဲ့လို့ ရမှတ် ၁မှတ်စီ ခွဲယူခဲ့ကြပါတယ်။ ဒီပွဲရလဒ်အတွက် အဓိက အဖြေထုတ်ပေးသွားတာကတော့ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း မဟုတ်ပဲ ဗွီအေအာ ပဲဖြစ်ပါတယ်။ ဒါဘီပွဲစဉ် တွေရဲ့ ထုံးစံအတိုင်း ပြသနာတွေ၊ အငြင်းပွားမှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး ကြည့်ကောင်းခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲ လို့လည်း ဆိုရမှာပါ။

လစ်ဗာပူးလ်တို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ မှာ အက်စတွန်ဗီလာ ကို ၇-၂ နဲ့ အရှက်တကွဲ ရှုံးနိမ့်ထားလို့ နိုင်ပွဲ ပြန်ရှာဖို့ အတွက်  အသေအချာပြင်ဆင်လာခဲ့တာ တွေ့ရပါတယ်။ လစ်ဗာပူးလ် တို့ ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုလာခဲ့ပြီး တိုက်စစ်မှာ မာနေး၊ ဖေမီနို၊ ဆာလာ၊ ကွင်းလယ်မှာ ဒဏ်ရာက ပြန်သက်သာလာတဲ့ အယ်ကန်တာရာ၊ ဖာဘင်ဟို၊ ဂျော်ဒန်ဟန်ဒါဆင်၊ နောက်တန်းမှာ ဗန်ဒိုက်ချ်၊ မက်တစ်ပ်၊ ထရန့်အာနိုးလ်၊ ရော်ဘတ်ဆန်တို့နဲ့ လူစုံတက်စုံ ပွဲထွက်လာပါတယ်။ အိမ်ရှင် အဲဗာတန်ကလည်း လက်ရှိရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းပီပီ လစ်ဗာပူးလ်ကို အကောင်း ဆုံး ရင်ဆိုင်နိုင်ဖို့အတွက် အဓိက ကစားသမားတွေအားလုံးကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်း အသုံးပြုလာခဲ့ပါတယ်။ အဲဗာတန်နည်းပြ ကာလို အယ်ဆန်လော့တီကတော့ တိုက်စစ်မှာ ဒေါမနစ်ကလဲဗက်လီဝင်း၊ ဂျိမ်းရိုဒရီဂွက်ဇ်နဲ့ ရစ်ချာလီဆင်တို့ ၃ ဦးကို တွဲဖက် ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဒူကိုရေး၊ အဲလန်နဲ့ အန်ဒရီဂိုးမက်ဇ်၊ နောက်တန်းမှတော့ ရယ်ယီမီနာ၊ ကိုးလ်မန်း၊ ကင်းန်၊ လူးကပ်စ် ဒစ်ဂနီတို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ မာဆေးဆိုဒ် ဒါဘီဖြစ်တဲ့အတွက် ကြောင့်  ကြည့်ရှုခဲ့ရတဲ့ ပရိသတ်တွေအားလုံးကို မိနစ် ၉၀ အပြည့် ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးနိုင်ခဲ့ပြန်တာကို တွေ့ရပါတယ်။ ဒီပွဲမှာတော့ အဝေးကွင်းမှာ လာရောက်ကစားတဲ့ နည်းပြ ဂျာဂျင်ကလော့ပ်ရဲ့ လစ်ဗာပူးလ်တို့ စွမ်းဆောင်ရည်ပိုကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး တစ်ပွဲလုံး အဲဗာတန်ကို ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ အသာစီးရယူကစားနိုင်ခံတာ တွေ့ရပါတယ်။ လစ်ဗာပူးလ်တို့ ပွဲချိန် ၃မိနစ်မှာတင် ရော်ဘတ်ဆင်ရဲ့ဖန်တီးမှုကတစ်ဆင့် တိုက်စစ်မှူးမာနေးက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၁မိနစ်မှာ အခုပွဲ ရလဒ်အတွက် သက်ရောက်မှု အနည်းအများ ရှိလာစေ မယ့် အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ လစ်ဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ချ်အနေနဲ့ အဲဗာတန်ဂိုးသမား ပစ်ခ်ဖိုဒ့် ရဲ့ သိသိသာသာလူချခြင်းခံရလို့ ပွဲအပြီးမှာ ဆေးရုံတန်းသွားခဲ့ရတဲ့ ဖြစ်စဉ်ပါ။ ပစ်ခ်ဖိုဒ့်အနေနဲ့ ဗန်ဒိုက်ချ်ကို ဂိုးဧရိယာထဲမှာ ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ဗန်ဒိုက်ချ် လူကျွံနေတယ်လို့ သတ်မှတ်ပေးခဲ့တဲ့တဲ့ ဗွီအေအာ ဒိုင်လူကြီး ဒေးဗစ်ကိုတေးရဲ့ ဆုံးဖြတ်ချက်ကတော့ သံသယ ဖြစ်စရာ ကောင်းခဲ့ပါတယ်။ တစ်ခုရှိတာက အိမ်ရှင်အဲဗာတန်တို့ လစ်ဗာပူးလ် နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း အပိုင်အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချသွားနိုင်ခဲ့ တာကိုတော့ ချီးကျူးရမှာပါ။ အပြန်အလှန် ထိုးဖောက် နေကြရင်း ပွဲကစားချိန် ၁၉ မိနစ်မှာတော့ အဲဗာတန်နောက်ခံလူ ကင်းန်က ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပဂိုးရယူပေး နိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ တစ်ဖက်တစ်ဂိုးစီ သရေကျနေ ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စတယ်ဆိုတာနဲ့  တစ်ဘက်နဲ့ တစ်ဘက် ကစားပုံ ပိုကြမ်းလာကြပြီး ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာ အနေနဲ့ ပြစ်ဒဏ်ဘောတွေ မကြာခဏ သတ်မှတ် ပေးခဲ့ရသလို အဝါကတ်တွေလည်း မကြာခဏ ပြသခဲ့ ရပါတယ်။ ပွဲချိန် ၇၂ မိနစ်အရောက်မှာတော့ မိုဟာမက်ဆာလာက လစ်ဗာပူးလ်အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပေမယ့် ၈၁ မိနစ်အရောက်မှာ အဲဗာတန်ရဲ့ ဂိုးသွင်းစက်ဖြစ်လာတဲ့ ဒေါမနစ်ကလဲဗက်လီဝင်းက ခေါင်းတိုက် သွင်းဂိုးနဲ့ပဲ ချေပဂိုး ရယူပေးသွားခဲ့ပြန်ပါတယ်။ လက်ကျန်မိနစ်တွေမှာ အနိုင်ဂိုးအတွက် အားစိုက် ခဲ့ကြပေမယ့် ပြစ်ဒဏ် ကျူးလွန်မှု တွေနဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်။ နောက်ဆုံးမိနစ်မှာ အိမ်ရှင်အသင်းရဲ့ တိုက်စစ်မှူး ရစ်ချာလီဆင် အနေနဲ့ ဆိုးရွားတဲ့ ဥပဒေပြင်ပ ဖျက်ထုတ်မှုကြောင့် ကိုရိုနာဗိုင်းရပ်စ် ကြောင့် အနားယူနေခဲ့ရာကနေ အခုပွဲမှ ပြန်လာတဲ့ သီယာဂို အယ်ကန်တာရာ အနေနဲ့ တစ်ပွဲတည်းကစားပြီး ပြန်နားရဦးမယ့် အခြေအနေကို ရောက်ရှိ သွားခဲ့ပါတယ်။ ရစ်ချာလီဆင်ကိုတော့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပြီး အယ်ကန်တာယာ ဟာလည်း ဗန်ဒိုက်ချ်လိုပဲ ဆေးရုံတန်း သွားခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဗာတန်နဲ့ လစ်ဗာပူးလ်တို့ နှစ်သင်းထိပ်တိုက် တွေ့ဆုံချိန်တိုင်း အနီကတ်ပြသရတဲ့ အကြိမ်အရေအတွက် ဟာ ၂၂ ကြိမ်အထိရှိထားပြီးတော့  ပရီးမီးယားလိဂ် သမိုင်းမှာ အများဆုံးလည်း ဖြစ်ပါတယ်။ အခုပွဲမှာတော့ အိမ်ရှင် အဲဗာတန် ဘက်ကို ပြစ်ဒဏ်ဘော ၉ ကြိမ်သတ်မှတ်ပေးခဲ့ပြီး လစ်ဗာပူးလ်ဘက် ကိုတော့ ၁၄ ကြိမ်အထိ သတ်မှတ်ပေးခဲ့ရပါတယ်။ အဲဗာတန်ဘက်က အန်ဒရီဂိုးမက်ဇ်၊ အဲလန်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ အဝါကတ်ထိခဲ့ပြီး ရစ်ချာလီဆင်ကတော့ အနီကတ်ထိခဲ့ပါတယ်။ လစ်ဗာပူးလ်ဘက်ကတော့ မာနေးနဲ့ ဖာဘင်ဟို အဝါကတ်ပြသတိပေးခံခဲ့ရပါတယ်။ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၅ မိနစ် သတ်မှတ်ပေးခဲ့ပြီး ၉၀+၂ မိနစ်မှာ ကွင်းလယ်လူ ဟန်ဒါဆင် လစ်ဗာပူးလ်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ဒီတစ်ကြိမ်မှာလည်း  ဗွီအေအာ ကြောင့် လစ်ဗာပူးလ်တို့ကို သွင်းဂိုးအဖြစ် သတ်မှတ်ပေးခြင်း မရှိခဲ့ပါဘူး။ ပွဲအပြီးမှာ တော့ လစ်ဗာပူးလ်နည်းပြကိုယ်တိုင် ပစ်ခ်ဖိုဒ့်ကို လူချကစားခဲ့တယ်လို့ ဝေဖန်ပြောကြားခဲ့ပေမယ့် အဲဗာတန်နည်းပြ အန်ဆယ်လော့တီ ကတော့ သူ့အနေနဲ့ မမြင်တွေ့ခဲ့ကြောင်း ဗန်ဒိုက်ချ် အမြန်ဆုံးကောင်း လာဖို့ မျှော်လင့်တယ်ဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

အနီကတ်ပြသရတဲ့ အကြိမ်အရေအတွက် ဟာ ၂၂ ကြိမ်အထိရှိထားပြီးတော့ ပရီးမီးယားလိဂ်သမိုင်းမှာ အများဆုံးလည်း ဖြစ်ပါတယ်။
ပြစ်ဒဏ်ကျူးလွန်မှု အများဆုံးဖြစ်လေ့ရှိတဲ့ မာဆေးဆိုဒ် ဒါဘီ

ဒီတစ်ကြိမ် မာဆေးဆိုဒ်ဒါဘီမှာ အဲဗာတန်တို့ သရေရလဒ်နဲ့ ထိုက်တန်ခဲ့ပေမယ့် လစ်ဗာပူးလ်အတွက်ကတော့ လုံးဝကို မထိုက်တန်ခဲ့ဘူးလို့ မြင်ပါတယ်။ ဗွီအေအာ စတင်သုံးစွဲချိန် ကတည်းက တိကျမှန်ကန်တယ်လို့ ဆိုခဲ့ပေမယ့် လူသားနဲ့ နည်းပညာတွဲဖက်ပြီး အလုပ်လုပ်တဲ့နေရာမှာ ဟာကွက်တွေ ရှိလာပြီး တစ်ခါတစ်ရံမှာ မမျှတတဲ့ ဆုံးဖြတ်ချက်တွေက အသင်းတွေကို နစ်နာမှုတွေ ရှိလာစေပါတယ်။ ဒါတောင် ဒီနှစ် ပရီးမီးယားလိဂ် မှာ လက်ထိ ဘော၊ လူကျွံဘော စည်းမျဉ်းအသစ်တွေ ပြောင်းလဲရေးဆွဲခဲ့လို့ ဒီလောက်အထိပြသနာ နည်းနေသေးတာပါ။ သတင်းတွေအရ တော့ လစ်ဗာပူးလ်က အခုပွဲရဲ့ ဗွီအေအာ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သတ်လို့ ဖြေရှင်းချက်တွေ ထုတ်ပေးဖို့ တောင်းဆို ထားတယ်လို့ သိရပါတယ်။ ပွဲစဉ်တစ်ခုလုံးကို ခြုံငုံသုံးသပ်ရရင်တော့ ဘောလုံးပရိသတ်တွေ မြင်တွေ့ခဲ့တဲ့ အတိုင်းပဲ လစ်ဗာပူးလ်ကို ပြီးခဲ့တဲ့ ပွဲတွေနဲ့ မတူပဲ တော်တော်လေး ပြန်ကောင်းလာတာတွေ့ခဲ့ရပြီးတော့ အရင်နှစ်တွေကလို ကစားဟန်နဲ့ ပြန်မြင်ခဲ့ရပါတယ်။ အဲဗာတန်ကတော့ ဒီရာသီမှာ တော်တော်လေး ခြေစွမ်းပိုင်း ကောင်းမွန်နေပြီး အခုပွဲမှာ လစ်ဗာပူးလ်ကို ကစားသွားတဲ့ ပုံစံအတိုင်း ရာသီအကုန်အထိ ဆက်ထိန်းသွားနိုင်မယ် ဆိုရင်တော့ တော်ဖီ တို့အတွက် ဘာမဆိုဖြစ်လာနိုင်မယ့် အခြေအနေပါ။

 

လာမယ့်ပွဲစဉ်များ

အဲဗာတန်တို့ကတော့ ကြားရက်မှာ ဥရောပဖလားပွဲစဉ်တွေ ကစားဖို့မရှိလို့ လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ကစားဖို့ ရှိပါတယ်။ လစ်ဗာပူးလ်ကတော့ လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ အေယက်စ်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲ ကစားဖို့ရှိနေပြီးတော့ ၂၅ရက်နေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်