နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခါးသီး ဒါဘီမှာ သရေ ရလဒ်က ကသာ အမျှတဆုံး အဖြေတစ်ခု ဖြစ်လိမ့်မယ် | မန်ချက်စတာယူနိုက်တက် – မန်ချက်စတာစီးတီး (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

countdown banner

မန်ချက်စတာယူနိုက်တက် – မန်ချက်စတာစီးတီး

ယခုတစ်ပတ် စနေနေ့ည ၇ နာရီအချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက် အသင်းကို မန်ချက်စတာစီးတီး အသင်းက အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ အဆင့် ၃ နဲ့ ၅ ၊ နှစ်သင်းအကြား ရမှတ် ကွာဟချက်က ၃ မှတ်ဆိုတဲ့ အနေအထားက ပြိုင်ပွဲကို ပိုပြီး ပြင်းထန်ဖို့ တွန်းပို့ပါလိမ့်မယ်။ ခါးသီးဒါဘီ ပြိုင်ဘက်တွေ ဖြစ်လို့ ရေကုန်ရေခမ်း နောက်ဆုံး အချိန်အထိ အားစိုက်ကစားမှာ သေချာပါတယ်။ နည်းပြနှစ်ဦးရဲ့ ဗျူဟာပိုင်း အားပြိုင်မှု၊ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားကောင်းတွေ အကြား ပြိုင်ဆိုင်မှုတွေကြောင့် သေချာပေါက် ပရိသတ်အကြိုက် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။

မန်ချက်စတာယူနိုက်တက် ပရိသတ်အချို့ ကတော့ လက်ရှိ အသင်းရဲ့ အခြေအနေနဲ့ နည်းပြ ဆိုးလ်ရှား အပေါ် မကျေနပ်သူ များနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ရလဒ်ပိုင်း အရ အပေါင်း လက္ခဏာ ဘက်ကို အနည်းငယ် ပြန်ယိမ်းလာတဲ့ အတွက် ကြောင့်သာ ဆိုးလ်ရှား အတွက် ဖိအား အနည်းငယ် လျော့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဘက်ဘက်က လိုအပ်ချက် ရှိနေသေးတာ ကိုတော့ ငြင်းလို့ မရပါဘူး။ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူး အချို့ ပိုင်ဆိုင်ထားပေမယ့် ရလဒ်ပိုင်း အရ အားရစရာ မရှိသေးတာ တွေ့ရပါတယ်။ နောက်ခံလူတွေ ဖြစ်တဲ့ ဗာရိန်းနဲ့ လင်ဒီလော့ဖ်တို့ နှစ်ဦး ကြံ့ခိုင်မှုပိုင်း လိုအပ်ချက် ရှိနေတဲ့ အပြင် ပွဲပယ်ပြစ်ဒဏ် ရှိနေတဲ့ ပေါ့ဘာကြောင့် ယူနိုက်တက်တို့ အနည်းငယ် အခက်တွေ့နိုင်တဲ့ အခြေအနေပါ။ စပါးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ကအတိုင်း စီရော်နယ်ဒို၊ ကာဗာနီ၊ ဖာနန်ဒက်စ် တို့ ပါဝင်လာမယ့် ၃-၄-၁-၂ ကိုပဲ ထပ်ပြီး အသုံးပြုလာနိုင်ပါတယ်။ ကစားသမား အင်အားပိုင်း ကွာဟချက် မရှိပေမယ့် နည်းပြပိုင်းမှာတော့ ကွာခြားချက် အနည်းငယ် ရှိနေလို့ ယူနိုက်တက်တို့ အိမ်ကွင်းမှာ အနည်းနဲ့အများ ရုန်းကန်ရမှာပါ။ ဒါပေမဲ့ အိမ်ကွင်းမှာ ရှုံးပွဲ မကြုံတွေအောင် ဂုဏ်သိက္ခာအရ အားစိုက် ကစားလာနိုင်တာကိုတော့ မဖြစ်မနေ ထည့်တွက်ထား ရမှာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ မှာ ၂ ပွဲ နိုင် ၂ ပွဲ ရှုံး ၁ ပွဲ သရေ ရလဒ်က အဓိက မကျပေမယ့် တိုက်စစ်က ၁၀ ဂိုး သွင်းပြီး ၁၃ ဂိုး ပြန်ပေး ထားရတာက ပြဿနာ ဖြစ်နေပါတယ်။ ခံစစ်ပိုင်း လိုအပ်ချက် ရှိနေတဲ့အချိန် ခံစစ်သမားတွေ ဒဏ်ရာရနေတာက နည်းပြ ဆိုးလ်ရှား အချိန်မီ ဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေတာ အသေအချာပါပဲ။

လက်ရှိ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ရလဒ်ပိုင်း အရ အပေါင်း လက္ခဏာ ဘက်ကို အနည်းငယ် ပြန်ယိမ်းလာတဲ့ အတွက် ကြောင့်သာ ဆိုးလ်ရှား အတွက် ဖိအား အနည်းငယ် လျော့ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ ပုံစံ မှန်မှန်နဲ့ ခရီးဆက်နေတယ်လို့ပဲ ဆိုရမှာပါ။ လက်ရှိ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ ချန်ပီယံဆုကို ထပ်ပြီး ရယူနိုင်ဖို့ အဘက်ဘက်က အတောင့်တင်းဆုံး ဖြစ်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အရေးနိမ့်ခဲ့တာ ကတော့ တော်တော်လေးကို နစ်နာခဲ့တယ် လို့ဆိုရမှာပါ။ ဒါ့အပြင် ဒါဘီ ပွဲစဉ်အတွက် ဒဏ်ရာရနဲ့ ပွဲပယ် ပြစ်ဒဏ်တွေ ရှိနေတာ ကလည်း ပိုပြီး ခက်ခဲမယ့် ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။ ဖာရန်တောရက်စ်၊ မန်ဒီတို့ ဒဏ်ရာပြဿနာ ရှိနေချိန် အဓိက နောက်ခံလူ လာပေါ့တ် ပွဲပယ်ပြစ်ဒဏ် ရှိနေခဲ့တာက နည်းပြအတွက် ဖိအားအချို့ ရှိစေပါတယ်။ ယူနိုက်တက် နည်းပြထက်စာရင် ဂွါဒီယိုလာက ဖိအား ပိုနည်းတယ် ဆိုပေမယ့် ဒီပွဲမှာသာ အရေးနိမ့်ခဲ့ရင် ပရီးမီးယားလိဂ် နှစ်ပွဲဆက် ရှုံးပွဲကြောင့် အခြေအနေ ပြောင်းလဲ သွားနိုင်တာကို သတိပြုရမှာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ မှာ ၁ ပွဲ ရှုံး၊ ၁ ပွဲ သရေ၊ ၃ ပွဲနိုင်ဆိုတဲ့  အားရစရာ ရလဒ်တော့ ဖြစ်နေပါတယ်။ ပွဲတိုင်းနီးပါး ဂိုးပေးနေရတဲ့ ခံစစ်ကိုသာ နည်းပြ ဂွါဒီယိုလာ ပြင်ဆင်နိုင်မယ် ဆိုရင် လက်ရှိ ချန်ပီယံရဲ့ ခြေစွမ်းအမှန်ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ နောက်တစ်ချက်က လာပေါ့တ် မပါတဲ့ နောက်တန်း၊ အဝေးကွင်းဆိုရင် ပေးဂိုးများနေတဲ့ အခြေအနေတွေက မန်စီးတီး အားပေးသူတွေ အတွက် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်လာနိုင်တာတော့ အမှန်ပါ။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အစဉ်အလာ ထိပ်တိုက်တွေ့ဆုံမှု အရ နောက်ဆုံး ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ၁၆၂ ကြိမ်မှာ မန်ချက်စတာယူနိုက်တက် က ၆၅ ကြိမ် နိုင်၊ မန်ချက်စတာစီးတီးက ၄၉ ကြိမ် နိုင်ပြီး ၄၈ ကြိမ် သရေကျထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ယူနိုက်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ထားခဲ့တာပါ။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာ ယူနိုက်တက် vs မန်ချက်စတာစီးတီး ဂိုးအောက် 2.75 @ 2.13
နိုဝင်ဘာလ ၆ ရက်၊ ည ၇:၀၀ နာရီ ( GMT+ ၆:၃၀)

1X2 ရဲ့ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၄.၃၀ ဆ၊ သရေအတွက် ၃.၈၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၇၅ ဆ ကြေးဖွင့်ထားပါတယ်။ ခြေစွမ်းပိုင်း အရ ကွာဟမှု သိပ်မရှိဘူး ဆိုပေမယ့် ရလဒ်ပိုင်းအရ ဆိုရင်တော့ မန်စီးတီးက ပိုသာပါတယ်။ ဒါပေမဲ့ အသင်းကြီးတွေကို ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေ ဆိုရင် နည်းဗျူဟာပိုင်း ချဉ်းကပ်မှုတွေ မှန်ကန်လေ့ရှိတဲ့ နည်းပြ ဆိုးလ်ရှားရဲ့ အခြေအနေကို ထည့်တွက်ရမှာပါ။ တစ်ဖက်အသင်းက လက်ရှိ ချန်ပီယံဆိုတဲ့ အတိုင်းအတာ တစ်ခုက ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သွင်းဂိုးများတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့တော့ အခြေအနေ နည်းပါတယ်။ အပြန်အလှန် သွင်းဂိုး ဆိုတာထက် သရေရလဒ်က နှစ်သင်းလုံး အတွက် အမျှတဆုံး အဖြေတစ်ခု ဖြစ်လာနိုင်တယ်။ ဂိုးအနည်းဘက်ကို ပိုပြီး အကြိုက်တွေ့မိတယ်။ ဝ-၀၊ ၁-၁ သရေရလဒ်ကို နှစ်သက်မိလို့ ဒီတစ်ခေါက် မန်ချက်စတာ ဒါဘီမှာ မန်ချက်စတာယူနိုက်တက် ဘက်မှာ ရပ်တည်ချင်တယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်တို့ အနည်းဆုံး သရေရလဒ် ရရှိအောင် ကစားနိုင်မှာပါ။ ဒီပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဘက်ကပဲ ရပ်တည်ပါရစေ။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်