နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဓားသွားတွေကို ဖျက်ဆီးမယ့် အမြောက်တပ်ရဲ့ပရီးမီးယားလိဂ်ည

အာဆင်နယ် Vs ရှက်ဖီးလ်ယူနိုက်တက်

အောက်တိုဘာ ၄ရက်နေ့ စူပါဆန်းဒေးညရဲ့ ပွဲစဉ်တွေ ထဲကမှ အာဆင်နယ်နဲ့ ရှက်ဖီးယူနိုက်တက် တို့ရဲ့ ပွဲစဉ်ကို SBOTOP ရဲ့ ပရီးမီယားလိဂ် ပရိတ်သတ်တွေ အတွက် ကြိုတင် ခန့်မှန်းသုံးသပ် ပေးလိုက်ရပါတယ်။

၂၀၁၉ – ၂၀၂၀ ပရီးမီးယားလိဂ် မှာ ရမှတ် ၅၆မှတ် ရရှိပြီး အဆင့် ၈နဲ့ ပဲကျေနပ်ခဲ့ရတဲ့ အာဆင်နယ်တို့ ယခုနှစ်ရာသီ ပွဲစဉ် ၃ပွဲ ကစားအပြီး ၂ပွဲနိုင်၊ ၁ပွဲရှုံးပြီး ရမှတ် ၆မှတ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့် ၅နေရာမှာ ရပ်တည်နေပါတယ်။ အဖွင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ရဲ့ အိမ်ကွင်း ကရေဗင်ကော့တေ့ချ်မှာ သွားရောက်ကစားပြီး အာဆင်နယ်တို့ လာကာဇက်၊ အူဘာမီရန်၊ ဂါဘရီရယ်တို့ရဲ့ ခြေစွမ်းပြမှုကြောင့် ဝ-၃ ရလဒ်နဲ့ ပရီးမီးယားလိဂ် အဖွင့်လှပခဲ့ပါတယ်။ ဒုတိယပွဲစဉ်ကိုအဖြစ် အိမ်ကွင်း အမ်းမရိတ်စ်မှာ နည်းပြ ဒေးဗစ်မိုရက်စ်ရဲ့ ဝက်စ်ဟမ်း နဲ့ တွေ့ဆုံခဲ့ပြီး လာကာဇက်ရဲ့ သွင်းဂိုးတစ်ဂိုး အပါအဝင် ၂-၁ နဲ့ အနိုင်ရခဲ့လို့ ရာသီအဖွင့် နှစ်ပွဲဆက်တိုက် နိုင်ပွဲရှာတွေ့ခဲ့ပါတယ်။ တတိယပွဲစဉ်မှာတော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာ ၃-၁ ရလဒ်နဲ့ အရှုံးပေးခဲ့ရလို့ နိုင်ပွဲဆက်မှု ရပ်တန့် သွားခဲ့ပါတယ်။ ဒီပွဲမှာလည်း တိုက်စစ်မှုး လာကာဇက် အနေနဲ့ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့လို့ ပရီးမီးယားလိဂ် ၃ပွဲဆက်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ကြားရက်မှာ ကျင်းပတဲ့ ခရာဘောင်ဖလားပွဲစဉ် ရဲ့၁၆ သင်း အဆင့် ပွဲစဉ်မှာတော့ ပယ်နယ်တီ အဆုံးအဖြတ်နဲ့ လစ်ဗာပူးလ်ကို အနိုင်ယူပြီး ချက်ချင်း လက်စား ပြန်ချေနိုင်ခဲ့ပါတယ်။ နည်းပြ မီခယ်အာတေးတား အနေနဲ့ အခုရာသီ အခြေအနေကို ကြည့်မယ်ဆိုရင် အော်ဘာမီရန်း၊ လာကာဇက်၊ ဝီလျှံ၊ ရှာကာ၊ အဲလ်နန်နီ၊ ဘယ်လာရင်၊ ဒေးဗစ်လုဇ်၊ လန်နို စတဲ့ ကစားသမားအစုအဖွဲ့နဲ့ ရလဒ်ကောင်းတွေ ရရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

 
နည်းပြ ခရစ်စ်ဝိုင်လ်ဒါရဲ့ ရှက်ဖီးယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ ၅၄မှတ်နဲ့ အဆင့် ၉နေရာကနေ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခုနှစ်ရာသီအစ ပွဲစဉ် ၃ပွဲကစားပြီးချိန် အထိတော့ ရမှတ်လုံးဝမရရှိသေးပဲ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၉နေရာမှာ ရပ်တည်နေတာကို ကြည့်ခြင်းအားဖြင့် ပြီးခဲ့တဲ့ရာသီနဲ့ အခြေအနေ ကွာခြားနေတာကိုတွေ့ရမှာပါ။ အဖွင့်ပွဲစဉ်မှာ ဝုဗ်ကိုအိမ်ကွင်းမှာ လက်ခံကစားပြီး ဝ-၁ နဲ့အရေးနိမ့်ခဲ့လို့ ပရီးမီးယားလိဂ်  ရာသီအဖွင့်ကိုတော့ အရှုံးနဲ့ စခဲ့ရပါတယ်။ ဒုတိယပွဲစဉ်အဖြစ် အက်စတန်ဗီလာရဲ့ အိမ်ကွင်းဗီလာပက်ခ်မှာ သွားရောက် ရင်ဆိုင်ရာမှာလည်း နောက်ခံလူ အီဂန် အနီကဒ်ပြစ်ဒဏ်ကြောင့် ပထမပိုင်း ၁၂မိနစ်တည်းက တစ်ယောက်လျော့ အနေအထားနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ဝ-၁ ရလဒ်နဲ့ ရှုံးပွဲဆက်ခဲ့ ရပါတယ်။ တတိယပွဲစဉ်မှာလည်း တန်းတက် လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ဝ-၁ ထပ်မံ ရှုံးနိမ့်ခဲ့တဲ့ အတွက် မနှစ်က ခြေစွမ်းပြခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့  ၃ပွဲကစားပြီးချိန် အထိ ရမှတ် လုံးဝမရသေးပဲ အခြေအနေ ဆိုးရွား နေပါတယ်။ ဓားသွားတွေလိုထက်ခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ ရာသီက အသင်းလိုက်စုစည်းမှု ကောင်းကောင်းနဲ့ နည်းပြဝိုင်လ်ဒါရဲ့ နည်းစနစ်အောက်မှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပေမယ့် ဒီရာသီအတွက် အခြေအနေကတော့ စိတ်ပျက်စရာ ကောင်းလွန်းနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှု နဲ့သမိုင်းကြောင်း

ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၉နေရာမှာ ရပ်တည်နေတာကို ကြည့်ခြင်းအားဖြင့် ပြီးခဲ့တဲ့ရာသီနဲ့ အခြေအနေ ကွာခြားနေတာကိုတွေ့ရမှာပါ။
ရမှတ်အပြင် သွင်းဂိုးပါမရရှိသေးတဲ့ ရှက်ဖီးလ်ယူနိုက်တက်

ဆယ်စုနှစ်တစ်ခု အတွင်း ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၄ကြိမ်သာရှိခဲ့ရာ မှာတော့ အာဆင်နယ်က ၁ကြိမ်နိုင်ပြီး ရှက်ဖီးယူနိုက်တက်က ၁ကြိမ်နိုင် ၁ပွဲသရေကျထားပါတယ်။ အာဆင်နယ်အသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ပွဲရလဒ်ပိုင်းကို ကြည့်မယ်ဆိုရင် ၆ပွဲနိုင် ၃ပွဲရှုံးပြီး ၁ ပွဲသရေဆိုတဲ့ ရလဒ်ရှိထားပါတယ်။ ရှက်ဖီးယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ပွဲရလဒ်ကတော့ ၃ပွဲနိုင် ၆ပွဲရှုံးနဲ့ ၁ပွဲသရေကျထားတဲ့ အတွက် အခြေအနေတော့ သိပ်မကောင်းပါဘူး။ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ၆ပွဲစလုံး ရှုံးနိမ့်ထားတာ ကလည်း နည်းပြဝိုင်လ်ဒါ အတွက် လက်ရှိအသင်းရဲ့ အခြေအနေကို ဘယ်လိုပြုပြင် ပြောင်းလဲမလဲ ဆိုတဲ့ အဖြေကို သေချာပေါက် ရှာဖွေရတော့မယ့် အချိန်ပါ။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် Vs ရှက်ဖီးလ်ယူနိုက်တက် အချိန်ပြည့် အိမ်ရှင် @ ၁.၅၁ဆ
အောက်တိုဘာလ ၄ ရက်, ညနေ ၇:၃၀ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၅၄ဆနဲ့ ဧည့်သည်အသင်းအတွက် ၅.၈၀ ဆ ၊သရေအတွက်ကိုတော့ ၄.၀၀ ဆ ကြေးပေါက်ပါတယ်။ တွေ့ဆုံမှုသမိုင်းကြောင်းတွေကို မေ့ပြီး လက်ရှိအနေအထားရ နည်းပြ အာတေးတားရဲ့ အမြောက်တပ်သားတွေကို ယုံကြည်ထားတာကသာလျှင် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ အာဆင်နယ် အနိုင်သေချာပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်