နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရာဇီးလ် အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

countdown banner

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီးလ် အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တစ်ချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။


ဘရာဇီးလ် လက်ရွေးစင် အသင်း အကျဉ်းချုပ်

ဘောလုံးနဲ့ ဘရာဇီးလ်၊ ဘရာဇီးလ်နဲ့ ဘောလုံး ဆိုတာက ခွဲခြား မရအောင်ပါပဲ။ ဘောလုံး လောကရဲ့ အအောင်မြင်ဆုံး နိုင်ငံ အသင်း၊ ကမ္ဘာကျော် ကစားသမားတွေ မရေမတွက် နိုင်အောင် ထွက်ပေါ်ခဲ့တဲ့ နိုင်ငံ၊ ကလေးက အစ ဘရာဇီးလ်လို့ ပြောလိုက်ရင် ကောင်းကောင်း သိခဲ့တဲ့ အထိ ဘောလုံး နယ်ပယ်မှာ ထွန်းတောက်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဘောလုံး လောကရဲ့ ဘိုးအေက အင်္ဂလန်လို့ ပြောတယ်ဆိုရင် ဘောလုံးရဲ့ အမွေအနှစ်က ဘရာဇီးလ် လို့တောင် ပြောလို့ ရပါတယ်။ အဲဒီလောက်ထိ ဘရာဇီးလ်က ဘောလုံး သမိုင်းကြောင်းမှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့၊ ရပ်တည်နေဆဲပါ။ ၁၉၂၃ ကတည်းက ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံ ဖြစ်ခဲ့ပြီး ၁၉၁၆ မှာ တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံ ဖြစ်ခဲ့တာပါ။ 

အမည်ပြောင် – A Seleção (The National Team)

အဖွဲ့ချုပ် – ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်

အရောင် – အဝါ/အပြာ၊ အပြာ/အဖြူ

နည်းပြချုပ် – တီထီ

အသင်းခေါင်းဆောင် – အလှည့်ကျ တာဝန်ယူ စနစ်

ပွဲအများဆုံးကစားထားသူ – ကာဖူး ( ၁၄၂ ပွဲ)

ဂိုးအများဆုံးသွင်းထားသူ – ပီလီ (၇၇ ဂိုး)

ဖီဖာအဆင့်ရပ်တည်မှု – ၁ (၂၀၂၂ ခုနှစ် ဩဂုတ် အထိ)


ပထမဆုံး နိုင်ငံတကာပွဲ

အာဂျင်တီးနား ၃-၀ ဘရာဇီးလ် (စက်တင်ဘာ ၂၀၊ ၁၉၁၄) 


အကြီးမားဆုံး နိုင်ပွဲ

ဘရာဇီးလ် ၁၀ – ၁ ဘိုလီဗီးယား (ဧပြီ ၁၀။ ၁၉၄၉)


အကြီးမားဆုံး ရှုံးပွဲ

ဂျာမနီ ၇ – ၁ ဘရာဇီးလ် (ဇူလိုင် ၈၊ ၂၀၁၄) 


ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု

ကမ္ဘာ့ဖလား နဲ့ ဘရာဇီးလ် အောင်မြင်မှု ပြောမယ်ဆိုရင် တစ်ထောင့်တစ်ည ပုံပြင်တွေထက် ပိုရှည်လျားပါတယ်။ ကမ္ဘာဖလား ကို ၅ ကြိမ် အထိ ရရှိထားပြီး အအောင်မြင်ဆုံး အသင်း ဖြစ်နေသလို ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲဖို့ အတွက် အမြဲတမ်း ထင်ကြေး ပေးခံရတဲ့ အသင်းက ဘရာဇီးလ် တစ်သင်းတည်းပဲ ရှိပါတယ်။ နာမည်ကျော် ကစားသမားတွေကို အစဉ်အဆက် မွေးထုတ် နိုင်ခဲ့လို့ ဘောလုံး မျိုးဆက် လုံး၀ မပြတ်တောက်ခဲ့သလို ပြိုင်ပွဲနား နီးလာရင် ကစားသမားကောင်းတွေ များပြားလွန်းလို့ ဘယ်သူ့ကို ရွေးချယ်ရမလဲ တောင်မှ မသိရအောင် နည်းပြတွေ ခေါင်းကိုက်ရတဲ့ အသင်းပါ။ ကမ္ဘာ့ဖလား ကို အကြိမ်တိုင်း ဝင်ပြိုင်ခွင့် ရထားတဲ့ အသင်းဖြစ်ပြီး စုစုပေါင်း ၂၁ ကြိမ် ဝင်ပြိုင်ထားရာမှာ ၂ ကြိမ် တည်းသာ အုပ်စု အဆင့်ကနေ ထွက်ခဲ့ရပြီး ကျန်အကြိမ်တိုင်းက အုပ်စု ကနေ လွန်မြောက်ခဲ့ပါတယ်။ နောက်ဆုံး ကစားထားတဲ့ ၆ ကြိမ်စလုံးမှာ အနည်းဆုံး ကွာတားဖိုင်နယ် အထိ တက်ရောက် ထားပြီး ဗိုလ်လုပွဲ ၂ ကြိမ် အထိ ရောက်ခဲ့ကာ တစ်ကြိမ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ 


အခြားအောင်မြင်မှု

ကမ္ဘာ့ဖလားမှာ အောင်မြင်ခဲ့တဲ့ နည်းတူ ဘရာဇီးလ်က ကွန်ဖက်ဒရေးရှင်းဖလား၊ ကိုပါ အမေရိကဖလား ပြိုင်ပွဲတွေ မှာလည်း အကြိမ်ပေါင်းများစွာ ဗိုလ်စွဲခဲ့ပါတယ်။ ကိုပါအမေရိကဖလားကို ၉ ကြိမ် ဗိုလ်စွဲထားပြီး ကွန်ဖက်ဒရေးရှင်း ဖလား ကိုတော့ ၄ ကြိမ် အထိ ရရှိခဲ့ပါတယ်။ ဒေသတွင်း ပြိုင်ပွဲတွေမှာလည်း သူတို့က မကြာခဏ ဆိုသလို ချန်ပီယံအဖြစ် ရပ်တည် နိုင်ခဲ့ပြီး လူငယ်အဆင့်တွေမှာ ရရှိထားတဲ့ အောင်မြင်မှု ကလည်း မနည်းမနောပါပဲ။ ပြောမယ်ဆိုရင် ရေတွက်လို့တောင် မရအောင်ကို အောင်မြင်မှုတွေ များပြားတဲ့ အသင်းပါ။ 


ကစားမည့်ရက်

ဘရာဇီးလ် – ဆာဘီးယား (နိုဝင်ဘာ ၂၄) 

ဘရာဇီးလ် – ဆွစ်ဇာလန် (နိုဝင်ဘာ ၂၈)

ဘရာဇီးလ် – ကင်မရွန်း (ဒီဇင်ဘာ ၂)

ဗိုလ်စွဲရန် အလေးပေးမှု 

+ ၄၅၀


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်