နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက္ကဆီကို အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

countdown banner

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မက္ကဆီကို အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တစ်ချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြ ပေးချင်ပါတယ်။


မက္ကဆီကို လက်ရွေးစင်အသင်း အကျဉ်းချုပ်

မက္ကဆီကိုက ကွန်ကာကပ်ဇုန်ရဲ့ အစဉ်အလာ ကြီးမားတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ The Tricolor ဆိုတဲ့ နာမည်ပြောင်နဲ့ သုံးရောင်ခြယ် အလံတော် လွှင့်ထူထားတဲ့ မက္ကဆီကိုက ကမ္ဘာ့ဖလား  ပြိုင်ပွဲ မှာတော့ ကော်ကောင် အသင်း တစ်သင်း အဖြစ် အမြဲတမ်း မြင်တွေ့ခဲ့ရပါတယ်။

အခု တစ်ကြိမ် အပါအဝင် ကမ္ဘာ့ဖလားခြေစစ်ပွဲကို ၁၇ ကြိမ် တိတိ အောင်မြင်ခဲ့ဖူးတာကို ကြည့်ရင် သူတို့က ဒီပြိုင်ပွဲနဲ့ မစိမ်းဘူး ဆိုတာထက် ပိုတဲ့ အသင်း ဆိုတာ သိသာ ပါတယ်။ ကွာတားဖိုင်နယ် အဆင့် အထိပဲ အမြင့်ဆုံး ရောက်ရှိခဲ့ဖူးတာကြောင့် ကမ္ဘာ့ဖလား ဟာ သူတို့ အတွက် သိပ်ပြီး မျက်နှာသာ မပေးလှဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ဘယ်တော့မှ လျှော့တွက်လို့ မရတဲ့ အသင်းတွေ ထဲမှာ မက္ကဆီကို ပါလေ့ ရှိပါတယ်။ သူတို့ကို အထင်သေးလို့ ခံစား သွားခဲ့ရတဲ့ အသင်းကြီးတွေလည်း မနည်းလှပါဘူး။ ပြိုင်ပွဲ အတွေ့အကြုံ၊ ကစားသမားကောင်း တစ်ချို့ ပိုင်ဆိုင်ထားလို့ အဆိပ်ရှိတဲ့ ပြိုင်ဘက် အဖြစ် အမြဲ သတ်မှတ်ခံထားရတဲ့ အသင်းပါ။

အမည်ပြောင် – အဲလ်ထရိုင် (သုံးရောင်ခြယ်များ)

အဖွဲ့ချုပ် – မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်

အရောင် – အဖြူ၊အစိမ်း၊ အနီ

နည်းပြချုပ် – ဂျာရာဒို မာတီနို

အသင်းခေါင်းဆောင် – အန်ဒရိစ် ဂွာဒရာဒို

ပွဲအများဆုံး ကစားထားသူ – ကလော်ဒီယိုဆွာရက်ဇ် (၁၁၇ ပွဲ)

ဂိုးအများဆုံး သွင်းထားသူ – ဂျာဗီယာ ဟာနန်ဒက်ဇ် (၅၂ ဂိုး)

ဖီဖာအဆင့် ရပ်တည်မှု – ၁၂ (၂၀၂၂ ခုနှစ် ဇွန်လ အထိ)


ပထမဆုံးနိုင်ငံတကာပွဲ

ဂွာတီမာလာ ၂ – ၃ မက္ကဆီကို (ဇန်နဝါရီ ၁ ၊ ၁၉၂၃)


အကြီးမားဆုံး နိုင်ပွဲ

မက္ကဆီကို ၁၃ – ၀ ဘဟားမာ့စ် (ဧပြီ ၂၈ ၊ ၁၉၈၇)


အကြီးမားဆုံး ရှုံးပွဲ

အင်္ဂလန် ၈ – ၀ မက္ကဆီကို (မေ ၁၀ ၊ ၁၉၆၁)


ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု

မက္ကဆီကိုတို့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နှစ်ကြိမ်က ခြေစစ်ပွဲ မအောင်တာနဲ့ တစ်ကြိမ်က ပိတ်ပင်ခံရတာကြောင့်ပဲ လွဲချော်ခဲ့ဖူးပါတယ်။ အဲ့ဒီ ၃ ကြိမ် ကလွဲလို့ ၁၉၃၀ ကစပြီး အခုချိန်ထိ မက္ကဆီကိုဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်း ဝင်ရောက် ကစားနိုင်ခဲ့တာပါ။ ကွာတားဖိုင်နယ်ကို ၂ ကြိမ် တက်ရောက် ထားဖူးတာက အမြင့်မားဆုံး အောင်မြင်မှုပါပဲ။ ဒါပေမယ့် ထူးခြားချက်က မက္ကဆီကို တို့ နောက်ပိုင်း နှစ်တွေမှာ ပါဝင်ကစားခွင့်ရချိန်တိုင်း အုပ်စု အဆင့်နဲ့ လှည့်ပြန်ရတယ် ဆိုတာ မရှိတော့ပါဘူး။ မှတ်တမ်းတွေကို ပြန်ကြည့်မယ် ဆိုရင် ၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလား နောက်ပိုင်းကစလို့ ခြေစစ်ပွဲ တောက်လျောက် အောင်မြင်ထားသလို အကြိမ်တိုင်းလည်း ၁၆ သင်း အဆင့်ထိ ရောက်ရှိထားပါတယ်။

ဒါပေမယ့် ဒီပြိုင်ပွဲမှာ သူတို့က ဖျက်မြင်း အသင်း၊ သတိထားရတဲ့ အသင်းအဖြစ် အမြဲ ရှိနေခဲ့တာပါ။ လျှော့တွက်ရင်တော့ မှားပါလိမ့်မယ်။ ၂၀၁၈ ကမ္ဘာ့ဖလား မှာ ဂျာမနီကို အုပ်စု အဆင့်ကနေ ထွက်သွားအောင် သူတို့ လုပ်ပြခဲ့တာပါ။ ဒါကို နမူနာ ယူပြီးတော့ ကျန်အသင်းတွေ သတိထား ကစားရမယ့် အသင်း ဆိုတာ ထင်ရှားပါတယ်။


အခြားအောင်မြင်မှု

Gold Cup လို့ ပရိသတ်တွေ သိထားကြတဲ့ ကွန်ကာကပ်ဇုန် ပြိုင်ပွဲမှာ သူတို့က ချန်ပီယံ ၁၁ ကြိမ် ဖြစ်ဖူးပါတယ်။ ဖီဖာ ကွန်ဖက်ဒရေးရှင်း ဖလားကို ၁ ကြိမ် ဆွတ်ခူးဖူးပြီး ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဒုတိယ နှစ်ခါနဲ့ တတိယ တစ်ခါ ရဖူးပါတယ်။ ကွန်ကာကပ်ဇုန် မှာတော့ သူတို့က ပြိုင်ဘက် မရှိတဲ့ အသင်းလို့တောင် ဆိုရလောက်အောင်ကို အခြား အသင်းတွေထက် ခေါင်းတလုံးသာ နေခဲ့တာပါ။ အခြားသော ပြိုင်ပွဲတွေ မှာလည်း သူတို့တွေ အောင်မြင်မှုတွေ အတန်အသင့် ရရှိထားပါသေးတယ်။ လာမယ့် ကမ္ဘာ့ဖလား မှာတော့ သူတို့က အာဂျင်တီးနား၊ ဆော်ဒီ ၊ ပိုလန် တို့နဲ့ Group C မှာ ကျရောက် နေပါတယ်။


ကစားမည့်ရက်

မက္ကဆီကို – ပိုလန် (နိုဝင်ဘာ ၂၂)

အာဂျင်တီးနား – မက္ကဆီကို (နိုဝင်ဘာ ၂၆)

ဆော်ဒီ အာရေဗျ – မက္ကဆီကို (နိုဝင်ဘာ ၃၀)

ဗိုလ်စွဲရန် အလေးပေးမှု – +၁၁၀၀၀


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်