နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကော်စတာရီကာ အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

countdown banner

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ကော်စတာရီကာ အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တချို့ကို SBOTOP ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။


ကော်စတာရီကာ လက်ရွေးစင် အသင်း အကျဉ်းချုပ်

ကွန်ကာကပ်ဇုန်က ကော်စတာရီကာ ကလည်း ပရိသတ်တွေနဲ့ သိပ်ပြီး မစိမ်းလှတဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ သူတို့ ကိုတော့ တီကိုတွေ ဒါမှမဟုတ် The Selection (လက်ရွေးစင်)လို့ နာမည်ပြောင် ခေါ်ဆိုကြပါတယ်။ မှတ်မှတ်ရရ ၂၀၁၄ ကမ္ဘာ့ဖလား ကြည့်ဖူးတဲ့သူတွေနဲ့ ကွန်ကာကပ်ဖ်ဇုန် ပွဲတွေ ကြည့်တဲ့ သူတွေ ဆိုရင်တော့ ကော်စတာရီကာ ဆိုတာ ဘယ်လို အသင်းလဲ ဆိုတာ သိကြပါလိမ့်မယ်။ ၁၉၂၇ ခုနှစ်မှာ ကတည်းက ဖီဖာ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ဗဟို အမေရိကရဲ့ အအောင်မြင်ဆုံး အသင်းလို့တောင် ပြောလို့ ရပါတယ်။ ဒါ့အပြင် ကော်စတာရီကာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၅ ကြိမ် အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ တစ်သင်း တည်းသော ဗဟိုအမေရိက အသင်း ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
ယူနီယံ ဘာလင်
ဟာသာဘာလင်
1X2 ဟာသာဘာလင် @ 3.95
ယူနီယံ ဘာလင် ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.25 @ 2.02
ဂိုးပေါ် 2.50 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အမည်ပြောင် – တီကိုများ/ The Selection

အဖွဲ့ချုပ် – ကော်စတာရီကာ ဘောလုံးအဖွဲ့ချုပ်

အရောင် – အနီ/အပြာ၊ အနက်/အဖြူ

နည်းပြချုပ် – လူး၀စ် ဖာနန်ဒို ဆွာရက်ဇ်

အသင်းခေါင်းဆောင် – ဘရိုင်ယန် ရုဇ်

ပွဲအများဆုံး ကစားထားသူ – ဆယ်လ်ဆို ဘော်ဂျက်စ် (၁၅၃ ပွဲ)

ဂိုးအများဆုံး သွင်းထားသူ – ရိုလန်ဒို ဖွန်ဆီကာ (၇၄ ဂိုး)

ဖီဖာ အဆင့် ရပ်တည်မှု – ၃၄ (၂၀၂၂၊ ဩဂုတ် အထိ)


ပထမဦးဆုံး နိုင်ငံတကာပွဲ

ကော်စတာရီကာ ၇-၀ အယ်လ်ဆာဗေဒို (စက်တင်ဘာ ၁၄၊ ၁၉၂၁)


အကြီးမားဆုံး နိုင်ပွဲ

ကော်စတာရီကာ ၁၂-၀ ပျူတိုရီကို (ဒီဇင်ဘာ ၁၀၊ ၁၉၄၆)


အကြီးမားဆုံး ရှုံးပွဲ

မက္ကဆီကို ၇-၀ ကော်စတာရီကာ (ဩဂုတ် ၁၇၊ ၁၉၇၅)


ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှုများ

ဒါ့အပြင် ကော်စတာရီကာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၅ ကြိမ် အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ တစ်သင်း တည်းသော ဗဟိုအမေရိက အသင်း ဖြစ်ပါတယ်။
သမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရထားတဲ့ ကော်စတာရီကာ

အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း ဗဟို အမေရိကရဲ့ သမိုင်းကြောင်း ကြီးမားတဲ့ ကော်စတာရီကာ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၅ ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ဖူးပြီး ဒီတစ်ကြိမ် ကတော့ ၆ ကြိမ်မြောက် ဖြစ်လာပါ။ ၂၀၁၄ မှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အံ့အားသင့်စရာ ခြေစွမ်းတွေနဲ့ ကွာတား ဖိုင်နယ်အဆင့်ထိ တက်ရောက် နိုင်ခဲ့တာ ကတော့ ကော်စတာရီကန် တို့ရဲ့ ကမ္ဘာ့အဆင့် အမြင့်ဆုံး အောင်မြင်မှုလို့ ဆိုရပါမယ်။ ကျန်တဲ့ ၄ ကြိမ် မှာတော့ တီကိုတို့ ၁၉၉၀ မှာ ၁၆ သင်း အဆင့်ကို ၁ ကြိမ်၊ ၂၀၀၂၊ ၂၀၀၆နဲ့ ၂၀၁၈ တွေ မှာတော့ အုပ်စု အဆင့်နဲ့ပဲ လှည့်ပြန်ထားရပါတယ်။

လက်ရှိ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် ကိုတော့ ကော်စတာရီကာတို့ အသည်းအသန် ရုန်းခဲ့ရတယ်လို့ပဲ ဆိုရပါမယ်။ ကွန်ကာကပ်ဖ်ဇုန် အုပ်စု အဆင့် ၄ နေရာသာ ရခဲ့တာကြေင့် နယူးဇီလန်နဲ့ Play-Off အဆုံးအဖြတ် ကစားခဲ့ရပြီး တောင်ပံ ကစားသမား ကမ့်ပ်ဘဲလ်ရဲ့ ပွဲချိန် ၃ မိနစ် မှာ သွင်းယူတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ကာတာ လက်မှတ် တစ်စောင် အပိုင်ရခဲ့ရတာ ဖြစ်ပါတယ်။


အခြား အောင်မြင်မှုများ

တီကိုတွေ ကတော့ ဒေသတွင်း ပြိုင်ပွဲတွေ မှာတော့ မကြာခဏ ချန်ပီယံ ဖြစ်ဖူးပါတယ်။ ရွှေဖလားလို့ သိကြတဲ့ ကွန်ကာကပ် ဖလားမှာ ချန်ပီယံ ၃ ကြိမ် ရထားသလို တခြားသော အမေရိက ပြိုင်ပွဲတွေ မှာလည်း ချန်ပီယံ ဖြစ်ဖူးတဲ့ အကြိမ်ပေါင်းက မနည်းခဲ့ပါဘူး။ ဒါပေမယ့် ဒေသတွင်း အပြင်ဘက်မှာ ဆိုရင်တော့ သူတို့က သာမန် အသင်းတစ်သင်း အဖြစ်နဲ့သာ ရှိနေခဲ့ပါတယ်။ အခုလာမယ့် ကာတာ ကမ္ဘာ့ဖလား မှာတော့ ကော်စတာရီကာတို့ အုပ်စု E မှာ စပိန်၊ ဂျပန်၊ ဂျာမနီနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။


ကစားမည့်ရက်

ကော်စတာရီကာ – စပိန် (နိုဝင်ဘာ ၂၃)

ဂျပန် – ကော်စတာရီကာ (နိုဝင်ဘာ ၂၇)

ကော်စတာရီကာ – ဂျာမနီ (ဒီဇင်ဘာ ၁)


ဗိုလ်စွဲရန်အလေးပေးမှု

၇၅၀၀၀


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်