နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူကရိန်းကို အနိုင်ယူပြီး ၆၄ နှစ် အတွင်း ပထမဦးဆုံး အကြိမ် ကမ္ဘာ့ဖလား ဝင်ရောက် ကစားခွင့် ရခဲ့တဲ့ ဝေးလ်စ်

ဝေးလ်စ် ၁-၀ ယူကရိန်း

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off ဗိုလ်လုပွဲမှာတော့ ဝေးလ်စ်တို့ ယူကရိန်းကို အကြိတ်အနယ် ကစားပြီး ၁-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ယူကရိန်း လက်ရွေးစင် အသင်း အနေနဲ့ သူတို့ နိုင်ငံရဲ့ စစ်ဘေးဒဏ်သင့် ပြည်သူတွေ အတွက် ကြိုးစား ကစားသွားခဲ့ပြီး ခြေစွမ်းအရလည်း သာခဲ့ပေမယ့် ယာမိုလန်ကိုရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ပဲ ဝေးလ်စ်ကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဝေးလ်စ်က ၃-၄-၃ ကစားကွက်ကို ခင်းကျင်းပြီး တိုက်စစ်မှာ ကီဖာ မော၊ ဒန်ဂျိးစ်၊ ဂါရက်သ် ဘေးလ်၊ ကွင်းလယ်မှာ ဂျိုးအလန်၊ ရမ်ဆေး၊ နီကို ဝီလီယမ်စ်၊ ရောဘတ်စ်၊ နောက်တန်းနဲ့ ဂိုးမှာတော့ ရွန်ဒွန်၊ အမ်ပါဒူ၊ ဒေးဗီးစ်၊ ဝိန်း ဟန်နက်ဆီတို့ ပွဲထွက်လာခဲ့ပါတယ်။ ယူကရိန်း ကတော့ ၄-၁-၄-၁ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ယာရမ်ချက်ခ်၊ မယ်လင်နော့ဗ်စကီး၊ ဇင်ချန်ကို၊ ယာမိုလန်ကို၊ စတက်ဖန်နန်ကို၊ ဇဘာညီ၊ မိုင်ကိုလန်ကို၊ ဘွန်ရှန်း တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
‌ဝေးလ်စ်
နယ်သာလန်
နယ်သာလန် အာရှ ဟန်းဒီးကပ် -1.00 @ 2.12
1X2 နယ်သာလန် @ 1.64
ဂိုးပေါ် 2.25 @ 1.88
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပထမပိုင်းမှာ ယူကရိန်းကို ပွဲကို ထိန်းချုပ်နိုင်သလောက် ထိန်းချုပ်ခဲ့ပေမယ့် ပွဲချိန် ၃၄ မိနစ်မှာ ဘေးလ်ရဲ့ ဖရီးကစ် ကတစ်ဆင့် ယာမိုလန်ကို ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ ဝေးလ်စ်တို့ ဂိုးရခဲ့ပါတယ်။ ဘေးလ်ရဲ့ ဖရီးကစ် ကန်ချက်ကြောင့် ဂိုးပေါက်ထဲ ဝင်လာတဲ့ ဘောလုံးကို ယာမိုလန်ကို ခေါင်းတိုက် ဖျက်ထုတ်ဖို့ ကြိုးစားရာကနေ လမ်းကြောင်းပြောင်းပြီး ဂိုးသမား ဘွတ်ရှန်း ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် လက်ကျန် မိနစ်တွေမှာ ယူကရိန်းတို့ အသည်းအသန် ကြိုးပမ်းခဲ့ပေမယ့် ဝေးလ်စ် နောက်တန်းနဲ့ ဂိုးသမား ဟန်နက်ဆီ တို့ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ယူကရိန်းတို့ ချေပဂိုးနဲ့ ဝေးခဲ့ရပြီး ၁-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပွဲအပြီးမှာ အနိုင်ရခဲ့တဲ့ ဝေးလ်စ်တို့ ကမ္ဘာ့ဖလားကို ၆၄ နှစ်အကြာမှ ပြန်လည် ကစားခွင့်ရခဲ့ပြီး အင်္ဂလန်၊ အမေရိကန်၊ အီရန် တို့ ပါဝင်တဲ့ အုပ်စုမှာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဝေးလ်စ်ရဲ့ နိုင်ပွဲ အတွက် ဟန်နက်ဆီက အရေးပါခဲ့သလို ဘေးလ် ကလည်း အဓိက အရေးကြီးတဲ့ ကစားသမား ဖြစ်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ဘေးလ်ဟာ ဝေးလ်စ် အတွက် ခြေစစ်ပွဲ ၇ ပွဲ ဝင်ကစားပေးခဲ့ပြီး ၅ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲပြီး အင်တာဗျူးမှာ ဘေးလ် ဘောလုံး ဆက်ကစားဖို့ ရှိမရှိ မီဒီယာတွေက မေးမြန်းရာမှာတော့ အသက် ၃၂ နှစ် အရွယ် ကစားသမားက အနားယူဖို့ကို နောက်ဆုတ်ထားကြောင်း၊ အနည်းဆုံး ကမ္ဘာ့ဖလား ပြီးဆုံးချိန် အထိ ဘောလုံး ကစားသွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဘေးလ်ဟာ မကြာသေးတဲ့ အချိန်က ရီးရဲယ်မက်ဒရစ် ကနေ ထွက်ခွာဖို့ အတည်ပြုထားခဲ့ပြီး ကာဒစ်ဖ်၊ ဆွမ်ဆီး စတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စစ်မီးဟုန်းဟုန်း တောက်နေသည့် ကြားက လိုက်လံအားပေးခဲ့တဲ့ ယူကရိန်း ပရိသတ် ၂၀၀၀ နီးပါး ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အစွမ်းကုန် ကြိုးစားသွားခဲ့တဲ့ ကစားသမားတွေကို လက်ခုပ်တီး အားပေးခဲ့သလို မျက်ရည်ကျခဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ဝိန်းဟန်နက်ဆီရဲ့ လက်စွမ်းပြမှုကြောင့် ကမ္ဘာ့ဖလား ကစားခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ ယူကရိန်း

တစ်ဖက် မှာတော့ ယူကရိန်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အားကုန်ထုတ် ရုန်းကန်သွားခဲ့ပေမယ့် ဝေးလ်စ် ဂိုးသမားရဲ့ လက်စွမ်းပြမှုကြောင့် မျှော်လင့်ချက်တွေ ပျက်စီးခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယာမိုလန်ကို အနေနဲ့ တိုက်စစ်မှူးဟောင်း ရှက်ဖ်ချန်ကို တင်ထားတဲ့ နိုင်ငံအသင်း အတွက် ဂိုးသွင်းအများဆုံး စံချိန်ကို လိုက်မှီဖို့ ၃ ဂိုးသာ လိုအပ်တော့ပေမယ့် အခုပွဲမှာ ဂိုးမသွင်းနိုင်ခဲ့သလို ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့်လည်း စိတ်ပျက် ဝမ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း စစ်မီးဟုန်းဟုန်း တောက်နေသည့် ကြားက လိုက်လံအားပေးခဲ့တဲ့ ယူကရိန်း ပရိသတ် ၂၀၀၀ နီးပါး ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အစွမ်းကုန် ကြိုးစားသွားခဲ့တဲ့ ကစားသမားတွေကို လက်ခုပ်တီး အားပေးခဲ့သလို မျက်ရည်ကျခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဘာပဲပြောပြော ဘောလုံး မကစားရတာ ကြာနေပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်လုနီးနီး ကြိုးစားသွားကြတဲ့ ယူကရိန်း ကစားသမားတွေရဲ့ အားထုတ်မှုကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၉ ရက်နေ့မှာ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဝေးလ်စ်က နယ်သာလန်၊ ယူကရိန်းက အိုင်ယာလန်နဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်