နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေထဲက စောင့်ကြည့်ရမယ့် အကောင်းဆုံး ၅ ပွဲ

countdown banner

သက်ဆိုင်ရာ အမှတ်ပေးစဉ်တွေ အပြီးမှာ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အပါအဝင် နိုင်ငံတကာ ပွဲစဉ်တွေ ကစားမယ့် ရက်သတ္တပတ်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် လက်ရွေးစင် အသင်းတွေရဲ့ စိတ်လှုပ်ရှားဖွယ် ပွဲစဉ်တွေကို စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ဝင်ခွင့် ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာ ဖြစ်သလို ဥရောပအသင်းတွေ ကလည်း ယူရို ၂၀၂၄ ဝင်ခွင့် အတွက် ကစားသွားကြမှာ ဖြစ်ပြီး ချစ်ကြည်ရေး ခြေစမ်းပွဲတွေလည်း ရှိနေပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီ တို့လို ကစားသမားတွေဟာ သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေကို အသင်းခေါင်းဆောင် အဖြစ် ဦးဆောင် ကစားပေးသွားကြမှာ ဖြစ်ပြီး လာမယ့် ရက်သတ္တပတ် အတွင်းမှာ ကြည့်စရာ ပွဲတွေ အများကြီး ရှိတဲ့ အထဲက မဖြစ်မနေ ကြည့်ရှုသင့်တဲ့ အကောင်းဆုံး ၅ ပွဲကို ဖော်ပြပေးလိုက်ပါတယ်။


၅။ ဝေးလ်စ် – တူရကီ (နိုဝင်ဘာ ၂၁)

ဝေးလ်စ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ခရိုအေးရှားကို ၂-၁ နဲ့ အထင်ကြီးဖွယ် အနိုင်ရခဲ့ပြီးနောက် ဝင်ခွင့် ရဖို့ လက်တစ်ကမ်း အလိုကို ရောက်ရှိလာခဲ့ပြီး ဒီနိုင်ငံတကာပွဲစဉ် အားလပ်ရက် အတွင်း အာမေးနီးယားနဲ့ တူရကီ တို့ကို အနိုင်ရတာနဲ့ ဝင်ခွင့်ရပြီ ဖြစ်ပါတယ်။ တူရကီ ကတော့ ယူရို ၂၀၂၄ ဝင်ခွင့် ရပြီးသား ဖြစ်ပြီး အုပ်စု ဒီမှာ အုပ်စုဗိုလ် အဖြစ် ၇ ပွဲ ကစားပြီးချိန်မှာ ၁၆ မှတ်နဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ ယူရို 2024
အာမေးနီးယား
ဝေးလ်စ်
‌ဝေးလ်စ် အာရှ ဟန်းဒီးကပ် -0.50 @ 1.92
ဂိုးအောက်2.50 @ 1.67
ဂိုးပေါင်း 2-3 @ 1.82
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

၄။ ယူကရိန်း – အီတလီ (နိုဝင်ဘာ ၂၀)

အင်္ဂလန်ဟာ ယူရို ၂၀၂၄ ဝင်ခွင့် ရရှိခဲ့ပြီး ဖြစ်ပြီး အုပ်စု စီ ပထမဆုံး ၆ ပွဲကနေ ၁၆ မှတ် အထိ ရရှိထားပြီး ဖြစ်သလို အီတလီ ကတော့ လက်ရှိမှာ ၆ ပွဲ ကစားပြီးချိန် ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အီတလီဟာ ဒုတိယနေရာက ၁၃ မှတ်နဲ့ ရပ်တည်နေတဲ့ ယူကရိန်းထက် ၁ ပွဲ လျော့နေပါတယ်။ ဒါကြောင့် အီတလီတို့ မက်ဆီဒိုးနီးယား ကိုသာ အနိုင်ယူနိုင်ခဲ့ရင် အဆင့် ၂ နေရာကို တက်လှမ်းနိုင်ဖို့ ယူကရိန်းနဲ့ ပွဲမှာ ၁ မှတ်သာ လိုအပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ မက်ဆီဒိုးနီးယားကို မနိုင်ရင်လည်း ယူကရိန်းကို အနိုင်ယူနိုင်မယ် ဆိုရင် ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းအရ အီတလီတို့ ဒုတိယနေရာမှာ ရပ်တည်နိုင်ဦးမှာ ဖြစ်ပါတယ်။


၃။ ကိုလံဘီယာ – ဘရာဇီးလ် (နိုဝင်ဘာ ၁၆)

ဘရာဇီးလ်ဟာ နိုဝင်ဘာ ၁၆ ရက်နေ့ ကိုလံဘီယာနဲ့ ပွဲစဥ်မှာ ကမ္ဘာ့ဖလား ဝင်ခွင့် ပွဲစဉ် အဖြစ် ပြန်လည် ကစားသွားမှာ ဖြစ်ပြီး တောင်အမေရိက စူပါပါဝါ အသင်းကြီးဟာ ခြေစစ်ပွဲ အဆင့်မှာ အကောင်းဆုံး စတင်ထားနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ဘိုလစ်ဗီးယား၊ ပီရူး တို့နဲ့ ကစားခဲ့တဲ့ ပထမဆုံး ၂ ပွဲမှာ အနိုင်ရခဲ့ပြီးကတည်းက နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲစလုံးမှာ နိုင်ပွဲ မရခဲ့ဘဲ ဗင်နီဇွဲလားနဲ့ သရေ ဥရုဂွေးကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ကိုလံဘီယာဟာ နောက်ဆုံး ကမ္ဘာ့ဖလား ဝင်ခွင့် ၃ ပွဲစလုံး သရေကျခဲ့ပါတယ်။ ဒါကြောင့် နှစ်သင်းစလုံးဟာ နိုင်ပွဲ ပြန်ရဖို့ အတွက် ကြိုးပမ်းသွားမှာ ဖြစ်လို့ ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ။


၂။ အာဂျင်တီးနား – ဥရုဂွေး (နိုဝင်ဘာ ၁၆)

နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ အဆင့်မှာ အကြီးမားဆုံး ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဒီ ၂ သင်းဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
ဆော်ဒီအာရေဗျကို ရှုံးပြီး ကတည်းက ရှုံးပွဲ လုံးဝ မရှိသေးတဲ့ အာဂျင်တီးနား

အာဂျင်တီးနားဟာ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဥရုဂွေးနဲ့ တွေ့ဆုံယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၎င်းတို့ရဲ့ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲစံချိန်ကို ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား ချန်ပီယံတွေဟာ အီကွေဒေါ၊ ဘိုလစ်ဗီးယား၊ ပါရာဂွေး၊ ပီရူး တို့ကို ပထမဆုံး ခြေစစ်ပွဲ ၄ ပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဥရုဂွေးဟာ လက်ရှိမှာ အုပ်စု ဒုတိယ နေရာမှာ ရပ်တည်နေပြီး ပထမဆုံး ၄ ပွဲ ကနေ ၇ မှတ် ရယူထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဘရာဇီးလ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့မှုက ဥရုဂွေး အတွက် ကြီးမားတဲ့ စိတ်ဓာတ် ခွန်အား ဖြစ်ခဲ့မှာ သေချာပါတယ်။ ဒီအတွက်ကြောင့် မက်ဆီနဲ့ အာဂျင်တီးနား တို့ကို ကြာသပတေးနေ့မှာ ဒုက္ခပေးနိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။


၁။ ဘရာဇီးလ် – အာဂျင်တီးနား (နိုဝင်ဘာ ၂၁)

ဘရာဇီးလ်နဲ့ အာဂျင်တီးနား တို့ရဲ့ ပြိုင်ဆိုင်မှုဟာ ဘောလုံးသမိုင်းမှာ အထူးခြားဆုံး သမိုင်းအမွေအနှစ်တွေ ရှိတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ အဆင့်မှာ အကြီးမားဆုံး ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဒီ ၂ သင်းဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ၁၄ ပွဲ ဆက်တိုက် စံချိန်တင် နိုင်ပွဲ ပိုင်ဆိုင်ထားပြီး ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ်မှာ ဆော်ဒီ အာရေဗျကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီးကတည်းက ရှုံးပွဲ မရှိခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ် အသင်းဟာ ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ နေမာကို ဒူးအရွတ် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပေမယ့်လည်း တိုက်စစ်မှာ ကမ္ဘာ့အဆင့် ကစားသမားတွေ အများအပြား ရှိနေဆဲ ဖြစ်ပြီး ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်ကို ပရိသတ်တွေ ခံစားရဦးမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်