နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျပန် အတွက် မျှော်လင့်ချက် (သို့မဟုတ်) ကာတာ ကမ္ဘာ့ဖလားမှာ ဂျပန်ကို ပခုံးထမ်း တင်ပေးမယ့်သူ ၃ ဦး

countdown banner

ကာတာ ကမ္ဘာ့ဖလား အတွက် ဂျပန်က သူတို့ရဲ့ ၂၆ ဦး စာရင်းကို အပြီးသတ် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ လူစာရင်းမှာ ဆိုရင် ဥရောပထွက် ကစားနေတဲ့ ကစားသမားတွေ အားလုံး ပါဝင်လာခဲ့ပါတယ်။ အုပ်စု (E) မှာ စပိန်၊ ကော့စတာရီကာ၊ ဂျာမနီ တို့နဲ့ အတူ ကျရောက်နေတဲ့ ဂျပန် အတွက်တော့ အုပ်စုကျပ်နေတယ်လို့ ပြောရမှာပါ။ ဒါကြောင့် ဒီအခြေအနေအရ သူတို့ကို ကယ်တင်ပေးနိုင်မယ့် ကစားသမားတွေကို အားကိုးရဖို့ ရှိပြီး သူတို့က ဘယ်သူတွေ ဖြစ်မလဲ ဆိုတာ ကြည့်လိုက်ရအောင်။


တာကာဟဲရိုး တိုမီယာဆု (အာဆင်နယ်)

အာဆင်နယ်ကို ပြီးခဲ့တဲ့ ရာသီကမှ ပြောင်းရွှေ့ခဲ့တဲ့ တိုမိယာဆုက အခုတော့ အသင်းမှာ ပုံမှန် ကစားခွင့် ရနေတဲ့ ကစားသမား ဖြစ်နေပါပြီ။ အသက် ၂၃ နှစ် အရွယ် ညာနောက်ခံလူက ခံစစ် ဘယ်အစွန်လူ အဖြစ်နဲ့ပါ ကစားပေးနေပြီး နည်းပြ အာတေးတား ဆီကတောင် ချီးကျူးမှုတွေ ရထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်က အထင်ကြီးစရာ ကောင်းနေသလို တိုက်စစ်လိုက်ပါနိုင်မှု ကလည်း ကောင်းမွန်ပါတယ်။ ဒီရာသီမှာ သူက အာဆင်နယ် အတွက် ၁၇ ပွဲ ကစားပေးထားပြီး ဘန်၀ှိုက်နဲ့တော့ နေရာလု နေရပါတယ်။ အာတေးတားက သူ့ကို ဘယ်ခြမ်းမှာ ထားကစားတာတွေလည်း ရှိနေပြီး တိုမီယာဆု ကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ခြေစွမ်းပြ ကစားနိုင်တာ တွေ့ရပါတယ်။ နိုင်ငံ အသင်း အတွက် ၂၉ ပွဲ ကစားပေးထားပြီး ဖြစ်တဲ့ တိုမီယာဆုက ကမ္ဘာ့ဖလားမှာ နီပွန် တို့ရဲ့ ခံစစ်ပိုင်း အတွက် မရှိမဖြစ် အားကိုးရမယ့်သူပါပဲ။


ကာမာဒါ (ဖရန့်ဖတ်)

အသက် ၂၆ နှစ် အရွယ် ကာမာဒါ အနေနဲ့ ကာတာ ကမ္ဘာ့ဖလားမှာ ဂျပန် အတွက် ဘာတွေလုပ်ပြနိုင်မလဲ ဆိုတာ မျှော်လင့်ချင်စရာပါပဲ။
ဖရန့်ဖတ် အတွက် ခြေစွမ်းပြ ကစားပေးနေတဲ့ ကာမာဒါ

ဖရန့်ဖတ်မှာ ခြေစွမ်းပြနေတဲ့ ကာမာဒါ ကတော့ ဂျပန် တိုက်စစ် အတွက် စောင့်ကြည့်ရမယ့်သူပါ။ ဒီရာသီမှာ ဖရန့်ဖတ် အတွက် ပွဲပေါင်း ၂၀ ကျော်ကစားထားပြီး ၁၂ ဂိုးတောင် သွင်းပေးထားတာပါ။ ဘွန်ဒက်လီဂါမှာ ဖရန့်ဖတ်က ထိပ်ဆုံး ၅ သင်း စာရင်းဝင်နေသလို ချန်ပီယံလိဂ်မှာလည်း ၁၆ သင်း အဆင့်ကို တက်ရောက်ထားပြိး ကာမာဒါက အဓိက ကစားသမားအဖြစ် ပါဝင်နေခဲ့ပါတယ်။ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ပြိုင်ပွဲစုံ ဂိုးသွင်းနှုန်းမှာ ကာမာဒါက အကောင်းဆုံး ဖြစ်နေပြီး သူ့နောက်မှာမှ ဟာလန်း၊ နေမာ၊ အန်ကွန်ကူ၊ လီဝမ်ဒေါစကီးတို့ ရှိနေတာက အံ့အားသင့်စရာပါပဲ။ အသက် ၂၆ နှစ် အရွယ် ကာမာဒါ အနေနဲ့ ကာတာ ကမ္ဘာ့ဖလားမှာ ဂျပန် အတွက် ဘာတွေလုပ်ပြနိုင်မလဲ ဆိုတာ မျှော်လင့်ချင်စရာပါပဲ။


မီတိုမာ (ဘရိုက်တန်)

နိုင်ငံတကာခြေစမ်းပွဲ
ပီရူး
ပါရာဂွေး
1X2 သရေ (Draw) @ 3.05
ပထမပိုင်း ဂိုးအောက် 0.75 @ 2.11
ဂိုးပေါင်း 0-1 @ 2.34
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြီးခဲ့တဲ့ ရာသီက ဘရိုက်တန်ကို ရောက်လာတဲ့ မီတိုမာက အငှားထွက်ကစားခဲ့ရပြီးနောက် ဒီရာသီ မှာတော့ အသင်းအတွက် ၉ ပွဲကစားပေးပြီး ၁ ကြိမ် ဖန်တီးပေးထားပါတယ်။ အသက် ၂၅ နှစ် အရွယ် မီတိုမာက တောင်ပံကစားသမား တစ်ဦး ဖြစ်ပြီး ဂျပန် အတွက်လည်း ၉ ပွဲတည်းသာ ကစားပေးထားရပေမယ့် ၅ ဂိုး သွင်းပေးထားပြီးပါပြီ။ ဂရေဟမ် ပေါ်တာက ဘရိုက်တန်မှာ ရှိနေတုန်း သူ့ကို ပွဲထွက်ခွင့်ပေးခဲ့ပြီး သူကလည်း ခြေစွမ်းပြနေခဲ့တာပါ။ အခုတော့ သူက ပုံမှန် ကစားခွင့်ရဖို့ အခွင့်အရေးတွေ ရနေပြီး ဂျပန် အတွက်လည်း ကာတာ ကမ္ဘာ့ဖလားမှာ အားကိုးရမယ့် ကစားသမားဆိုတဲ့ ပုံစံကို ပြသနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်