နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြင်သစ် အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

countdown banner

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ် အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တစ်ချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။


ပြင်သစ် လက်ရွေးစင်အသင်း အကျဉ်းချုပ်

ပြင်သစ် ကတော့ ကမ္ဘာ့ဘောလုံး အင်အားကြီး နိုင်ငံ ဖြစ်တာနဲ့ အညီ ကမ္ဘာ့ဖလား ပြိုင်ပွဲ မစခင်တိုင်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း စာရင်းမှာ အမြဲ ပါဝင်ခဲ့ပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလား မှာ ဗိုလ်စွဲ ခဲ့ပြီးနောက် ပြင်သစ်က အင်အား ကြီးထွားလာတာ ဖြစ်ပြီး လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ကို ၂ ကြိမ် အထိ ဗိုလ်စွဲခဲ့တဲ့ ပြင်သစ်က ၁၉၀၄ မှာ မှာ လက်ရွေးစင် အသင်းကို စတင် တည်ထောင်ခဲ့တာပါ။ အာဖရိက နွယ်ဖွား ကစားသမားတွေနဲ့ လက်ရွေးစင် အသင်းကို ပေါင်းစပ်ခဲ့ပြီးနောက်မှာ အောင်မြင်မှုတွေ ကြီးကြီးမားမား ရရှိလာခဲ့ပြီး ကမ္ဘာ့ဖလား နဲ့ ယူရို ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်လာခဲ့ပါတော့တယ်။

အမည်ပြောင် – ကြက်ဖကြီး

အဖွဲ့ချုပ် – ပြင်သစ် ဘောလုံးအဖွဲ့ချုပ်

အရောင် – အပြာ၊ အဖြူ

နည်းပြချုပ် – ဒီဒီယာ ဒက်ရွှမ့်စ်

အသင်းခေါင်းဆောင် – ဟူဂို လိုရစ်

ပွဲအများဆုံးကစားထားသူ – လီလီယမ် သူရမ် (၁၄၂ ပွဲ)

ဂိုးအများဆုံးသွင်းထားသူ – သီယာရီ အွန်နရီ (၅၁ ဂိုး)

ဖီဖာအဆင့်ရပ်တည်မှု – ၄ (၂၀၂၂ ခုနှစ် ဇွန်လအထိ)


ပထမဆုံးနိုင်ငံတကာပွဲ

ဘယ်လ်ဂျီယံ ၃-၃ ပြင်သစ် (မေ ၁ ၊ ၁၉၀၄)


အကြီးမားဆုံးနိုင်ပွဲ

ပြင်သစ် ၁၀ – ၀ အဇာဘိုင်ဂျန် (စက်တင်ဘာ ၆၊ ၁၉၉၅)


အကြီးမားဆုံးရှုံးပွဲ

ဒိန်းမတ် ၁၇ – ၁ ပြင်သစ် (အောက်တိုဘာ ၂၂၊ ၁၉၀၈)


ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား မှာတော့ ပြင်သစ်က ဩစတြေးလျ၊ ဒိန်းမတ်၊ တူနီးရှား တို့နဲ့ အုပ်စု D မှာ ရင်ဆိုင်ရမှာမို့ အုပ်စုချောင်တယ်လို့ ဆိုရပါမယ်။
၂၀၂၂ ကမ္ဘာ့ဖလားမှာ ဩစတြေးလျ၊ ဒိန်းမတ်၊ တူနီးရှားတို့နဲ့ တစ်အုပ်စုတည်းကျပြီး အုပ်စု ချောင်နေတဲ့ ပြင်သစ်

ပြင်သစ်က ကမ္ဘာ့ဖလား ကို ၁၆ ကြိမ် မြောက် ဝင်ရောက် ကစားရမှာပါ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၁၅ ကြိမ် မှာတော့ သူတို့က ၂ ကြိမ် ချန်ပီယံ ဖြစ်ခဲ့ပြီး ဒုတိယ ၁ ကြိမ်၊ တတိယ ၂ ကြိမ်နဲ့ စတုတ္ထ ၁ ကြိမ် ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၆ ကြိမ်မှာ ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ပြီး အုပ်စု အဆင့်ကနေ လှည့်ပြန်ရတာက ၂ ကြိမ်ပါ။ ချန်ပီယံ ဖြစ်ပြီးရင် အုပ်စုက လှည့်ပြန်တတ်တဲ့ အစဉ်အလာ ရှိတဲ့ ပြင်သစ်ကို ကာတာမှာ စောင့်ကြည့် ရပါမယ်။ နာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ ဘန်ဇီမာ၊ ဘတ်ပီ၊ ဂရစ်မန်း၊ ကန်တေ၊ ပေါ့ဂ်ဘာတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး လူငယ် ကြယ်ပွင့်တွေလည်း ပြင်သစ်မှာ တော်တော်လေး များပြားနေလို့ မျှော်လင့်ချင်စရာ ကောင်းတဲ့ အသင်းအဖြစ်နဲ့တော့ ရှိနေပါတယ်။ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရမှာ ဖြစ်တာကြောင့်လည်း ကျိန်းသေပေါက် အားစိုက်ထုတ်ရဦးမှာ သေချာပါတယ်။


အခြားအောင်မြင်မှု

အခြား ပြိုင်ပွဲတွေမှာလည်း ပြင်သစ်က အောင်မြင်မှု မရဖူးဘူး ဆိုတာ မရှိသလောက် ပါပဲ။ ပြိုင်ဘက် နိုင်ငံ အသင်းတွေနဲ့ ယှဉ်ချိန်တိုင်းလည်း ဘယ်တုန်းကမှ ဂုဏ်မငယ်ခဲ့တဲ့ နိုင်ငံလက်ရွေးစင် အသင်း ဖြစ်ပါတယ်။ ယူရို ချန်ပီယံ ၂ ကြိမ် ဖြစ်ဖူးသလို ကွန်ဖက်ဒရေးရှင်း ဖလားကိုလည်း ၂ ကြိမ် ဆွတ်ခူး ထားတာပါ။ နေးရှင်းလိဂ်ဖလား ကိုလည်း ပြီးခဲ့တဲ့ နှစ်ကမှ ဆွတ်ခူးထားပြီး ထိပ်တန်းအသင်း၊ အောင်မြင်မှု အစဉ်အလာ ကြီးမားတဲ့ အသင်း တစ်သင်း ဆိုတဲ့ ဂုဏ်ကို အမြဲတမ်းနီးပါး ထိန်းနိုင်ခဲ့ပါတယ်။ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား မှာတော့ ပြင်သစ်က ဩစတြေးလျ၊ ဒိန်းမတ်၊ တူနီးရှားတို့နဲ့ အုပ်စု D မှာ ရင်ဆိုင်ရမှာမို့ အုပ်စုချောင်တယ်လို့ ဆိုရပါမယ်။


ကစားမည့်ရက်

ပြင်သစ် – ဩစတြေးလျ (နိုဝင်ဘာ ၂၂)
ပြင်သစ် – ဒိန်းမတ် (နိုဝင်ဘာ ၂၆)
ပြင်သစ် – တူနီးရှား (နိုဝင်ဘာ ၃၀)

ဗိုလ်စွဲရန် အလေးပေးမှု – + ၅၅၀


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်