နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီး သေချာအာရုံစိုက်ရင် ချဲလ်ဆီးတို့ မလွယ်ဘူး | အက်ဖ်အေဖလား (ပွဲကြိုသုံးသပ်ချက်)

countdown banner

မန်ချက်စတာစီးတီး – ချဲလ်ဆီး

အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် တစ်ပွဲ အဖြစ် မန်ချက်စတာစီးတီးနဲ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ဗိုလ်လုပွဲထက်တောင် စိတ်ဝင်စားဖို့ ကောင်းလာဖို့ ရှိတာကြောင့် မဖြစ်မနေ စောင့်ကြည့်ရမယ့် ပွဲစဉ် တစ်ပွဲလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ကနေ ပြုတ်လာလို့ ပြည်တွင်း ပြိုင်ပွဲတွေကို အပြည့်အဝ အာရုံပြန်စိုက်မယ့် မန်စီးတီး အတွက် ချဲလ်ဆီးက ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာဦးမှာပါ။ မန်စီးတီးဟာ နှစ်နှစ်ဆက်တိုက် ဖလား ၃ လုံး သိမ်းပိုက်နိုင်ရေး mission ပျက်သွားပေမယ့် လက်ကျန် ရသမျှ ဖလား အကုန်ယူဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။ ဒီပွဲဟာ မန်စီးတီး အတွက် လာမယ့် ဗိုလ်လုပွဲထက် ပိုခက်ခဲမယ့် ပွဲလို့တောင် ပြောလို့ ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ဖက်မှာ ယူနိုက်တက်နဲ့ ကိုဗင်ထရီ နှစ်သင်းထဲက တစ်သင်း တက်လာမှာ ဖြစ်လို့ပါပဲ။ ဒါ့အပြင် မန်စီးတီးဟာ ဒီရာသီမှာ ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ နှစ်ကြိမ်စလုံး အနိုင်မရခဲ့ပဲ သရေတွေနဲ့ပဲ ကျေနပ်ထားရတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ၂၀၂၁ ခုနှစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီ ပွဲမှာတော့ ချဲလ်ဆီးက ဟာကင်မ် ဇီယက်ချ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ အက်ဖ်အေဖလား တတိယ အဆင့် မှာတော့ မန်စီးတီးက ၄-၀ ရလဒ်နဲ့ ချဲလ်ဆီးကို အနိုင်ရထားတာ တွေ့ရပါတယ်။ 

ပိုချက်တီနိုရဲ့ ချဲလ်ဆီး ကတော့ ဒီနှစ် ပရီးမီးယားလိဂ်မှာ ယက်ကန်ယက်ကန် ဖြစ်နေပေမယ့် ခရာဘောင်ဖလားမှာ ဗိုလ်လုပွဲ ရောက်ခဲ့သလို အခု အက်ဖ်အေဖလား မှာလည်း ဆီမီးဖိုင်နယ် အဆင့် အထိ ရောက်လာခဲ့ပါပြီ။ ချဲလ်ဆီးဟာ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း မတူပေမယ့်လည်း မန်စီးတီး ပေးတဲ့ လက်ဆောင် ကိုးလ်ပါးလ်မားရဲ့ ထမ်းတင်ပေးမှုနဲ့ ရလဒ်တွေ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ အခုပွဲမှာလည်း နောက်ဆုံး ၆ ပွဲမှာ ၁၁ ဂိုး သွင်း၊ ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတဲ့ အသက် ၂၁ နှစ် အရွယ် အင်္ဂလန် ကြယ်ပွင့်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ရမှာ ဖြစ်ပြီး သူ့ရဲ့ အသင်းဟောင်းကို ဒုက္ခပြန်ပေးနိုင်မလား ဆိုတာ ကလည်း စိတ်ဝင်စားစရာပါ။ 


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ မန်စီးတီး ဘက်က အဓိက ကစားသမားတွေ အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေပြီး ချဲလ်ဆီး ဘက်မှာတော့ ကစားသမား အများအပြား လွဲချော်ဦးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးမှာ ဒီယာဆီ၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ရာဟင်းမ် စတာလင်တို့ ပါဝင်ကစားဖို့ မသေချာသေးပဲ ဖိုဖာနာ၊ လာဗီယာ၊ ဆန်းချက်ဇ်၊ ဂျိမ်းစ်၊ ကိုးလ်ဝဲလ်၊ အူဂိုချူကဝူ၊ အန်ကွန်ကူ တို့ ကတော့ ကျိန်းသေပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်စီးတီးဟာ ၂၀၂၁ ခုနှစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီ ပွဲမှာတော့ ချဲလ်ဆီးက ဟာကင်မ် ဇီယက်ချ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ ဒီရာသီ တွေ့ဆုံမှု ၂ ကြိမ်စလုံး အနိုင်မရခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီး – အော်တီဂါ၊ ဝေါလ်ကာ၊ စတုန်းစ်၊ ဒီးရာ့စ်၊ အေခီ၊ ရိုဒရီ၊ ဖိုဒန်၊ ဒီဘရွန်းနား၊ အဲလ်ဗာရက်ဇ်၊ ဒိုခု၊ ဟာလန်း

ချဲလ်ဆီး – ပီထရိုဗစ်၊ ဂူစတို၊ ချာလိုဘာ့ရ်၊ ဆေးလ်ဗား၊ ချေးဝဲလ်၊ ကိုင်စီဒို၊ အန်ဇို၊ ပါးလ်မား၊ ဂယ်လာဟာ၊ စတာလင်၊ ဂျက်ဆန်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက အကြိမ် ၄၀ တွေ့ဆုံခဲ့ရာမှာ မန်စီးတီးက ၂၃ ကြိမ်နိုင်၊ ချဲလ်ဆီးက ၁၂ ကြိမ် နိုင်ပြီး ၅ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ မန်စီးတီးက ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေ ကျထားပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ချဲလ်ဆီး ကတော့ ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1×2 မှာ မန်ချက်စတာစီးတီး နိုင်ရင် ၁.၆၀ ဆ၊ ချဲလ်ဆီး နိုင်ရင် ၄.၄၆ ဆ၊ သရေ ဆိုရင်တော့ ၃.၉၇ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်ချက်စတာစီးတီးက တစ်လုံး သရေ၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး တစ်ဝက်ရှုံး ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ မန်စီးတီးဟာ ချဲလ်ဆီးကို ပြီးခဲ့တဲ့ တွေ့ဆုံမှု ၂ ကြိမ်စလုံး အနိုင်ရမရခဲ့ပေမယ့် အခုလို ရှုံးထွက် ပွဲစဉ် တစ်ပွဲမှာတော့ အမှားခံတော့မှာ မဟုတ်ပါဘူး။ မဖြစ်မနေ အနိုင်ကန်ပြီး ဗိုလ်လုပွဲ တက်ဖို့ ကြိုးစားမှာပါ။ မန်စီးတီး သေချာ အားစိုက်ရင် ချဲလ်ဆီး မလွယ်ပါဘူး။ ချဲလ်ဆီးမှာ အားကိုးစရာ ကိုးလ် ပါးလ်မား တစ်ဦးပဲ ရှိပါတယ်။ ဒီတော့ မန်စီးတီး ကပဲ မှန်ကန် စိတ်ချရတဲ့ ရွေးချယ်မှု ဖြစ်မယ် ထင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ရဦးမှာပါ။


ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၃-၁ ချဲလ်ဆီး 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်