နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာပါခ့်မှာ ပရီးမီးယားလိဂ် နိုင်ပွဲ ဆက်ဦးမယ့် ကြိုးကြာနီများ

အက်စ်စတွန်ဗီလာ Vs လစ်ဗာပူးလ်

အောက်တိုဘာလ ၅ရက်နေ့ မနက် အစောပိုင်းမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၄ ရဲ့ နောက်ဆုံးပွဲ အဖြစ် အက်စတန်ဗီလာနဲ့လီဗာပူးတို့ရဲ့ ပွဲစဉ်ကို SBOTOP ရဲ့ ပရီးမီးယားလိဂ် ပရိတ်သတ်တွေ အတွက် ကြိုတင် ခန့်မှန်းသုံးသပ် ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီက တန်းဆင်းဇုန်အသင်းနဲ့ ၁မှတ်အကွာကနေ အဆင့် ၁၇နေရာရရှိပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ခဲ့တဲ့ နည်းပြဒင်းစမစ်ရဲ့ အက်စတန်ဗီလာအသင်းဟာ ရာသီအသစ်မှာတော့ ၂ပွဲကစား ၂ပွဲနိုင် ရမှတ် ၆မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အဖွင့်ပွဲစဉ် အဖြစ် ဗီလာပက်ခ်မှာ ရှက်ဖီးယူနိုက်တက်အသင်းကို ဧည့်ခံကစားခဲ့ပြီး အဲ့ဒီပွဲမှာရှက်ဖီးလ်ယူနိုက်တက် ကစားသမားတစ်ယောက် အနီကတ်နဲ့ အထုတ်ခံရလို့ ၁-၀ နဲ့အနိုင်ရပြီး ရာသီသစ်ကို နိုင်ပွဲနဲ့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒုတိယပွဲစဉ်မှာတော့ ဖူလ်ဟမ်ရဲ့အိမ်ကွင်းကရေဗင်  ကော့တေ့ချ်မှာ သွားရောက် ရင်ဆိုင်ခဲ့ပြီး ဒင်းန်စမစ်ရဲ့ တပ်သားတွေဟာ ဝ-၃ နဲ့ ခြေစွမ်းပြ အနိုင်ရခဲ့လို့ ရမှတ် ၆မှတ်နဲ့ တစ်ပွဲလျော့ အနေအထားကနေ အမှတ်ပေးဇယား အဆင့် ၄ကို ရောက်အောင် စွမ်းဆောင်ထား နိုင်ပါတယ်။ ဒါပေမယ့်လည်း ကြားရက်မှာ ကျင်းပတဲ့ ခရာဘောင်ဖလားပွဲ ၁၆သင်း အဆင့် ပြိုင်ပွဲမှာတော့ စတုတ်စီးတီးကို ဗီလာပက်ခ်မှာ ဝ-၁ နဲ့ ရှုံးနိမ့်ပြီး ခရာဘောင်ဖလားကနေ နှုတ်ဆက်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ် ၂ပွဲကစားပြီးချိန်မှာ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားပြီး ၄ဂိုး သွင်းယူထား ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် တကျော့ပြန်ခရီးကို ထရာအိုရေး၊ အိုလီဝက်ကင်း၊ ကိုင်နန် ဒေးဗစ်၊ မိုရေး၊ ဂရီးလစ်ရှ်၊ ထရေစီဂက်၊ ဒေါက်ဂလပ်လုစ်၊ ဂျေကော့ရမ်ဆေး၊ တားဂတ်၊ မာတီးနက်စ်၊ တိုင်ရွန်၊ ဟီလ်တန် စတဲ့ကစားသမားတွေနဲ့ နည်းပြစမစ်က ဦးဆောင်ပြီး ဟန်ချက်ညီညီ ချီတက်နေတာလည်း ဖြစ်ပါတယ်။

 
ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်ကတော့ ရာသီသစ်မှာ ၃ပွဲကစား၊ ၃ပွဲ အနိုင်ရရှိပြီး လက်စတာစီးတီးအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ရာသီအဖွင့်ပွဲစဉ်မှာ တန်းတက်အသင်းဖြစ်တဲ့ လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း နည်းပြ ဂျာဂန်ကလော့ပ် အနေနဲ့ ခံစစ်ပိုင်း အားနည်းချက်တွေ ကြောင့် စိတ်ပူစရာ ရှိခဲ့ပါတယ်။ တိုက်စစ်မှုး မိုဟာမက်ဆာလာရဲ့ ဟက်ထရစ် အပါအဝင် သွင်းဂိုး ၄ဂိုး ရရှိထားလို့ တိုက်စစ်ပိုင်းကတော့ အားရစရာပါ။ ဒုတိယပွဲစဉ်မှာတော့ ကလော့ပ်ရဲ့ ကြိုးကြာနီတွေဟာ ချယ်လ်ဆီးကို စတန်းဖို့ဘရစ်ချ်မှာ သွားရောက် ရင်ဆိုင်ခဲ့ပြီး အမှားအယွင်းမရှိ ကစားနိုင်ခဲ့တာကြောင့် ဝ-၂ ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲဆက် ခဲ့ပါတယ်။ ဒီပွဲမှာတော့ ဆာဒီရိုမာနေးရဲ့ သွင်းဂိုး နှစ်ဂိုးကို မြင်တွေ့ခဲ့ရပြန် ပါတယ်။ တတိယပွဲစဉ်မှာလည်း နည်းပြ အာတေးတားရဲ့ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ တိုက်စစ်မှုး မာနေးရဲ့ သွင်းဂိုး တစ်ဂိုး အပါအဝင် ၃-၁နဲ့အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် ရာနှုန်းပြည့်နိုင်ပွဲ နဲ့ ခရီးဆက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြိုးကြာနီတွေဟာ ကြားရက်မှာ ကစားတဲ့ ခရာဘောင်ဖလား ၁၆သင်းအဆင့် ပွဲစဉ်မှာတော့ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အာဆင်နယ်အသင်း ရှုံးကြွေးဆပ်တာကို ပြန်လက်ခံ ထားရပါတယ်။ အဖွင့်ပွဲစဉ်အပြီး ခံစစ်ပြဿနာကို ဂျာဂန်ကလော့ပ် အနေနဲ့ ဖြေရှင်းနိုင်ခဲ့လို့ အဓိကပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီး၊ အာဆင်နယ်တို့ကို အနိုင်ရပြီး နိုင်ပွဲဆက် နေခဲ့တာပါ။ တိုက်စစ်မှုး ဆာဒီရိုမာနေး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာ ကြောင့် အနားယူနေရလို့ လစ်ဗာပူးလ် တိုက်စစ်က အားပျော့နေတယ် ထင်ရပေမယ့် ဆာလက်၊ ဖေမီနို၊ ဂျိုတာ၊ တာကူမီ၊ ဖာဘင်ဟို၊ ဝင်နယ်လ်ဒန်၊ ရောဘတ်ဆန်၊ အာလ်နိုး၊ ဗန်ဒိုက်၊ နာဘီကိုင်တာ၊ ဂိုးမက်စ် စတဲ့ ကစားသမားကောင်း တွေကြောင့် ဗီလာပက်ခ်မှာ ခက်ခဲဖို့ မရှိပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှု နဲ့သမိုင်းကြောင်း

အက်စ်စတွန်ဗီလာရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး၁၀ပွဲကို ကြည့်တဲ့ အခါမှာ ၄ပွဲနိုင်၊ ၃ပွဲ သရေနဲ့ ၃ပွဲ ရှုံးနိမ့် ထားပါတယ်။
အဆင့် ၁၇နေရာရရှိပြီး ပြီးခဲ့တဲ့နှစ်ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ခဲ့တဲ့ အက်စတန်ဗီလာ

အက်စတန်ဗီလာနဲ့ လီဗာပူးတို့ရဲ့ ၂၀၀၇ မှစတင်လို့ ပရီးမီးယားလိဂ် ထိပ်တိုက် တွေ့ဆုံမှု အကြိမ်၂၀ရှိခဲ့တာမှာ လစ်ဗာပူးလ် က ၁၂ကြိမ်အထိ အနိုင်ရထားပြီး ဗီလာက ၄ကြိမ်နိုင်နဲ့ သရေ၄ပွဲကျ ထားပါတယ်။ ဗီလာပက်ခ် မှာ ၁၀ကြိမ် တွေ့ဆုံရာမှာလည်း လစ်ဗာပူးလ်က ၈ကြိမ်အထိ အနိုင်ရရှိထားသလို ၁ပွဲသရေကျထားပြီး ၁ ပွဲပဲ ရှုံးထားပါတယ်။ အက်စတန်ဗီလာရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး၁၀ပွဲကို ကြည့်တဲ့ အခါမှာ ၄ပွဲနိုင်၊ ၃ပွဲ သရေနဲ့ ၃ပွဲ ရှုံးနိမ့် ထားပါတယ်။ နောက်ဆုံး၅ပွဲမှာတော့ ရှုံးပွဲမရှိသေးပဲ ၄ပွဲနိုင်၊ ၁ပွဲသရေ ဆိုတဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး၁၀ပွဲမှာတော့ နိုင်ပွဲ ၇ပွဲ အထိရှိခဲ့ပြီး သရေ၁ပွဲနဲ့ ရှုံးပွဲ ၂ ပွဲပဲရှိခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲမှာတော့ ၅ပွဲစလုံး အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အက်စတန်ဗီလာ Vs လစ်ဗာပူးလ် အချိန်ပြည့် ဧည့်သည် @ ၁.၄၁ဆ
အောက်တိုဘာလ ၅ ရက်, ည ၁၂:၄၅ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၆.၈၀ ဆနဲ့ ဧည့်သည်အသင်းအတွက် ၁.၄၂ ဆ ၊သရေအတွက်ကိုတော့ ၄.၅၀ ဆ ကြေးပေါက်ပါတယ်။  နည်းပြဂျာဂန်ကလော့ပ်အနေနဲ့ ကတော့ အမှားအယွင်းမရှိ အဝေးကွင်းနိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ဖို့ပြင်ဆင်လာမှာပါ။ ကစားသမားစုဖွဲ့မှု၊ အစဉ်အလာ၊ နည်းပြကောင်း ကလော့ပ်ရဲ့စွမ်းဆောင်မှု့တွေကြောင့် အက်စတန်ဗီလာတို့ အိမ်ကွင်းမှာ သရေတစ်မှတ်တောင် မျှော်လင့်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးအနိုင်သေချာတဲ့ ပွဲစဉ်လို့ပဲ သုံးသပ်ပါရစေ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်