နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဥရုဂွေးနဲ့ အာဂျင်တီးနားတို့ အနိုင်ရလဒ်နဲ့ အဖွင့်လှခဲ့တဲ့ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲ

ပြီးခဲ့တဲ့ မတ်လက ကိုဗစ်ကပ်ရောဂါ ကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ၂၀၂၀ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ် တွေကို မြန်မာအချိန် ယနေ့မနက်အစောပိုင်းမှာ ပြန်လည်စတင်ခဲ့ပြီး အသင်းကြီးတွေ ဖြစ်တဲ့ ဥရုဂွေးနဲ့ အာဂျင်တီးနားတို့ နိုင်ပွဲကိုယ်စီရရှိပြီး အဖွင့်လှခဲ့ကြပါတယ်။
 

အာဂျင်တီးနား ၁ – ၀ အီကွေဒေါ

အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ လီယွန်နယ်မက်ဆီ ဦးဆောင်ပြီး လော်တာရို မာတီနက်ဇ်၊ အော့တာမန်ဒီ၊ ပယ်ရီဒက်စ်၊ လူးကပ်စ်အိုကမ်ပို့စ့်တို့လို နာမည်ကြီးကစားသမားတွေနဲ့ အီကွေဒေါကို ရင်ဆိုင်လာခဲ့ပါတယ်။ လေ့ကျင့်ချိန် သိပ်မရခဲ့လို့ ရုံးကန်ခဲ့ရတယ် ဆိုပေမယ့် အာဂျင်တီးနားတို့ရဲ့ ခြေစွမ်းပိုင်း တော်တော်လေး ဆိုးရွားခဲ့တယ်လို ပြောနိုင်ပါတယ်။ တစ်ပွဲ လုံး တစ်သင်းနဲ့ တစ်သင်း ထိရောက်တဲ့ ထိုးဖောက် တိုက်စစ်ဆင်တာမျိုးတွေ မပြုလုပ်နိုင်ခဲ့တာကလည်း ပွဲကြည့် ပရိသတ် တွေကို ပျင်းရိပြီး စိတ်ပျက်စေခဲ့ပါတယ်။ မက်ဆီဦးဆောင်တဲ့ တိုက်စစ်က  ကမ္ဘာအဆင့် ခြေစွမ်းရှိတဲ့ ကစား သမားတွေ ပါဝင်ခဲ့ပေမယ့် တစ်ပွဲလုံး ဂိုးပေါက်တည့်မှု ၂ ကြိမ်ပဲ ရှိခဲ့သလို အိုကမ်ပိုစ့်နဲ့ မာတီနက်ဇ်တို့ဟာလည်း ကလပ်အသင်းတွေ မှာသာ ခြေစွမ်းပြနေပေမယ့် နိုင်ငံအသင်းအတွက် ကစားတဲ့အချိန်မှာတော့ ဘာဆိုဘာမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပွဲချိန် ၁၃ မိနစ် မှာ အိုကမ်ပို့စ်ကြောင့်ရတဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက အမှားအယွင်းမရှိ ကန်သွင်းပြီး အဲ့ဒီ သွင်းဂိုး ၁ဂိုးနဲ့ အာဂျင်တီးနားတို့ အဖိုးတန် ၃ မှတ်ရခဲ့တာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ နိုင်ငံတကာ ပွဲ ၁၃၀ ပြည့်ခဲ့ ချိန်မှာ ၇၁ ဂိုးမြောက် သွင်းဂိုးလည်း ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ စကာလိုနီအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲရဲ့ ရလဒ် အတွက် ကျေနပ်ရမှာဖြစ်ပေမယ့် အသင်းကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေခဲ့ပါပြီ။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်ကတော့ တော်တော်လေး ပွဲကြပ်ခဲ့တယ်လို့ ဆိုရမှာပါ။
လူစားဝင်ကစားသမား မက်ဆီမီလန်နိုရဲ့ အချိန်ပိုသွင်းဂိုးကြောင့် ချီလီကိုအနိုင်ရတဲ့ ဥရုဂွေး

ဥရုဂွေး ၂ – ၁  ချီလီ

ဥရုဂွေးတို့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့  ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်ကတော့ တော်တော်လေး ပွဲကြပ်ခဲ့တယ်လို့ ဆိုရမှာပါ။ ချီလီလို အသင်း ကောင်းတစ်သင်းကို အနိုင်ရဖို့ တော်တော်လေး ရုံးကန်ခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာ ချီလီနောက်တန်းက ဆဘက်ရှန် ဗီးဂတ်စ် ဂိုးဧရိယာထဲမှာ လက်ထိခဲ့လို့ VAR ပြန်ကြည့်ပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပါ တယ်။ ပင်နယ်တီကို တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ ဥရုဂွေးတို့ ဦးဆောင်ဂိုးရရှိခဲ့ပါ တယ်။ ဒုတိယပိုင်းမှာတော့ အိမ်ရှင်ကို ဖိအားပေးကစားလာတဲ့ ချီလီတို့ ပွဲချိန် ၅၅ မိနစ်မှာ ချေပဂိုးရရှိခဲ့ပါတယ်။ ဆန်းချက်ဇ် အနေနဲ့ ချီလီ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၂၂ ပွဲကစားပြီး သွင်းဂိုး ၄၀ ပြည့်သွားခဲ့ပါတယ်။ ချေပဂိုး ပေးခဲ့ရပြီးတဲ့ နောက်မှာတော့ အိမ်ရှင် ဥရုဂွေးတို့ ချီလီဘက်ကို တောက်လျောက် ဖိအားပေးခဲ့ပြီး တိုက်စစ်က အဆုံးသတ် ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေခဲ့လို့ မိနစ် ၉၀ ပြည့်ချိန်အထိ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ နာကျင် အချိန်ပို ၂ မိနစ် အရောက်မှာတော့ ချီလီနောက်တန်းရဲ့ ပေါ့ဆမှုကြောင့် အိမ်ရှင်တို့ အနိုင်ဂိုးရသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ လူစားဝင်ကစားသမား မက်ဆီမီလီယန်နိုဂိုးမက်ဇ်က ဂိုး ဧရိယာထိပ်ကနေ ချီလီ ဂိုးသမား ဂါဘရီရယ် အေးရီးယက်စ်ရဲ့ ဘယ်ဘက်ထောင့်ထဲ အပြင်းကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

 

ပါရာဂွေး ၂ – ၂ ပီရူး

အစောဆုံးကစားခဲ့တဲ့ ပါရာဂွေးနဲ့ ပီရူးပွဲကတော့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ရှိခဲ့လို့ တော်တော်လေး ကြည့်ကောင်း ခဲ့တဲ့ ပွဲလို့ဆိုရပါမယ်။ ပထမပိုင်းတစ်ပိုင်းလုံး တစ်ဖက်နဲ့ တစ်ဖက်ဂိုးမသွင်းနိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပေမယ့် ဒုတိယပိုင်း ပွဲစပြီး ၈မိနစ်အကြာမှာ ဧည့်သည် ပီရူးအသင်းရဲ့ တောင်ပံ ကစားသမား အန်ဒရီကာရီလိုက ဦးဆောင်ဂိုး စတင် သွင်းယူ ပေးခဲ့ပါတယ်။ အဲ့နောက်မှာ အိမ်ရှင် ပါရာဂွေးတို့ ကစားသမား ၃ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ပွဲချိန် ၆၆ မိနစ် မှာတော့ လူစားဝင်တိုက်စစ်မှူး အိန်ဂျယ်ရိုမီရိုက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၈၁ မိနစ်မှာလည်း ရိုမီရိုကပဲ ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် နောက်ထပ် ၄ မိနစ်အကြာမှာတော့ ပထဂိုးသွင်းယူပေးခဲ့တဲ့ အန်ဒရီကာလိုကပဲ ချေပဂိုးကို ခေါင်းတိုက် သွင်းယူသွားခဲ့လို့ ၂-၂ ရလဒ်နဲ့  ပွဲပြီးဆုံးခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဂျင်တီးနားတို့ လာမယ့် အောက်တိုဘာလ ၁၄ရက်နေ့မှာ ဘိုလစ်ဗီးယားနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာ ဖြစ်ပြီး အီကွေဒေါ ကတော့ ဥရု‌ဂွေးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ချီလီကတော့ ကိုလံဘီယာနဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး ပီရူးက အိမ်ကွင်းမှာ ဘရာဇီးလ်နဲ့ ကစားရဖို့ ရှိနေပါတယ်။ ပါရာဂွေးကတော့ ဗင်နီဇွဲလားအိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်လို့ ထုံးစံအတိုင်း တောင်အမေရိကနိုင်ငံအသင်းတွေရဲ့ ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်း ပွဲစဉ်တွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်