နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ် လက်ထက် လိုချင်စရာ မရှိတဲ့ ယူနိုက်တက်ရဲ့ ရာသီအစ စံချိန်ဆိုး ၁၆ ခု | ပရီးမီးယားလိဂ်

countdown banner

ဂွါဒီယိုလာက ပပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ မြို့ခံ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မန်ချက်စတာက အပြာရောင် ဆိုတာကို နောက်ထပ် တစ်ကြိမ် သက်သေပြသခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ၂၆ မိနစ်မှာ ဟော့ဂျ်လန်းက ရိုဒရီကို ပင်နယ်တီ ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရခဲ့တဲ့ ပင်နယ်တီကနေ ဟာလန်း သွင်းယူခဲ့တဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဧည့်သည်တွေက နောက်ထပ် ၂ ဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အဲရစ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက် ကတော့ မန်ချက်စတာစီးတီးကို ဘာမှ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ဘရိုက်တန်နဲ့ ဝုဗ်လောက်တောင် အဆင့်အတန်း မရှိဘူး ဆိုတဲ့ သဘော သက်ရောက်ခဲ့ပြီး ကတုံးချင်းတူပေမယ့် အိုင်ကျူ မတူဘူးဆိုတာ ဂွါဒီယိုလာက ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ စိတ်ပျက်ရလောက်အောင် ဆိုးရွားနေတဲ့ တစ်ချိန်တုန်းက အင်္ဂလန် စူပါပါဝါ အသင်းကြီးဟာ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ဘယ်သူမှ မလိုချင်မယ့် စံချိန် ၁၆ ခု အထိ တင်ထားပါတယ်။ ဒီစံချိန်တွေ ကတော့ 

၁။ မန်ချက်စတာယူနိုက်တက်ဟာ အဲရစ် တန်ဟက်ဂ် လက်ထက် မတိုင်ခင် အထိ ပရီးမီးယားလိဂ် အဖွင့် ၁၀ ပွဲမှာ ၅ ပွဲ အထိ ရှုံးနိမ့်ခဲ့ခြင်း မရှိတာ ၃၆ နှစ် ရှိခဲ့ပါပြီ။

၂။ ဂါလာတာဆာရေးဟာ အဲရစ် တန်ဟက်ဂ် လက်ထက် မတိုင်ခင် အင်္ဂလန်မြေမှာ အသင်း သက်တမ်း ၁၁၇ နှစ် အတွင်း တစ်ပွဲမှ မနိုင်ဖူးပါဘူး။

၃။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် ချန်ပီယံလိဂ် အုပ်စု အဖွင့် ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပါဘူး။

၄။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် ချန်ပီယံလိဂ် အုပ်စု အဖွင့် ၂ပွဲမှာ ၇ ဂိုး အထိ ပေးခဲ့ရဖူးခြင်း မရှိပါဘူး။

ပရီးမီးယားလိဂ်
ဖူလ်ဟမ်
မန်ချက်စတာ ယူနိုက်တက်
1X2 သရေ (Draw) @ 3.35
ဂိုးပေါ် 2.50 @ 1.83
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

၅။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲ ဆက်တိုက်မှာ ၃ ဂိုးနဲ့ အထက် ဘယ်တုန်းကမှ ခွင့်ပြုခဲ့ရခြင်း မရှိပါဘူး။

၆။ ဂါလာတာဆာရေးဟာ ၂၀၁၅ ခုနှစ်ကတည်းက ချန်ပီယံလိဂ် အဝေးကွင်းမှာ အဝေးဂိုး သွင်းဖူးခြင်း သို့မဟုတ် အနိုင်ရခြင်း မရှိခဲ့ပါဘူး။ တန်ဟက်ဂ်နဲ့ တွေ့မှာ အဝေးကွင်းပွဲမှာ ၃ ဂိုး အထိ သွင်းဖူးသလို အနိုင်လည်းရသွားပါတယ်။

၇။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် ပရီးမီးယားလိဂ် ရာသီ အဖွင့် ၇ ပွဲမှာ ၄ ပွဲ အထိ မရှုံးဖူးပါဘူး။

၈။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် ၁၉၈၉ ခုနှစ်ကတည်းက အဖွင့် ၇ ပွဲ ကနေ ၉ မှတ်ထက် လျော့နည်းပြီး ရရှိခဲ့တာ မရှိပါဘူး။

၉။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် ၂၈ နှစ် အတွင်း ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် တစ်ပွဲ အတွင်း ၄ ဂိုးအထိ ပေးခဲ့ရခြင်း မရှိပါဘူး။

၁၀။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် ၁၉၇၈ ကတည်းက ၃ ပွဲ ဆက်တိုက် ၃ ဂိုး အထိ ပေးခဲ့ရခြင်း မရှိခဲ့ပါဘူး။

၁၁။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် တော့တင်ဟမ်ဟော့စပါးကွင်း (ကွင်းသစ်)မှာ ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးပါဘူး။

၁၂။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် ၁၉၇၃-၁၉၇၄ ရာသီကတည်းက အဝေးကွင်း အဖွင့် ပွဲစဉ် ၂ ပွဲမှာ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပါဘူး။

၁၃။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် ၁၉၇၉ ခုနှစ် ကတည်းက လိဂ်ပွဲ ၄ ပွဲ ဆက်တိုက် ၁ ဂိုးထက် ပိုပြီး ခွင့်ပြုခဲ့ရခြင်း မရှိခဲ့ပါဘူး။

၁၄။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖွင့် ၄ မိနစ် အတွင်း ၂ ဂိုးအထိ ဘယ်တုန်းကမှ ခွင့်ပြုခဲ့ရဖူးခြင်း မရှိပါဘူး။

၁၅။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် ပရီးမီးယားလိဂ် သမိုင်းတလျှောက် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲစဉ် အတွင်း ဂိုးကန်သွင်းမှု ၂၃ ကြိမ် အထိ ဘယ်တုန်းကမှ ခွင့်ပြုခဲ့ဖူးခြင်း မရှိပါဘူး။

၁၆။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက် မတိုင်ခင် အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိခဲ့ပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်