နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုးမားတို့ ရှုံးကြွေး ပြန်ဆပ်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ၈-၅နဲ့ ဗိုလ်လုပွဲ တက်သွားတဲ့ ယူနိုက်တက် – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

ရိုးမား ၃ – ၂ မန်ချက်စတာယူနိုက်တက်

(နှစ်ကျော့ပေါင်းရလဒ်  မန်ချက်စတာယူနိုက်တက် ၈ – ၅ ရိုးမား)

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့တုန်းက အင်္ဂလန်မြေမှာ ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ရိုးမားတို့ မနေ့ညက ရောမမြို့ အိုလံပီကိုမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ် မှာတော့ ၃-၂ ရလဒ်နဲ့ ယူနိုက်တက်ကို ပြန်လည် အနိုင်ယူပြီး ရှုံးကြွေး ပြန်ဆပ်သွားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံး တိုက်စစ်အသားပေး ကစားခဲ့တာကြောင့် အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ပထမအကျော့က ၆-၂ ရလဒ်နဲ့ အနိုင်ရထားတဲ့ အိုလီဂန်နာဆိုးလ်ရှားရဲ့ အသင်းဟာ ထူးဆန်းစွာနဲ့ပဲ ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ အက်ဒင်ဆန် ကာဗာနီ ကွင်းလယ်နဲ့ တောင်ပံမှာ ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ဂရင်းဝုဒ်၊ ဖရက်ဒ်တို့နဲ့ အတူ ဗန်ဒီဘိခ် ကိုလည်း ပွဲထွက်ကစားစေခဲ့ပါတယ်။ နောက်တန်းက လင်ဒီလော့ဖ်‌ နေရာမှာတော့ ဘိုင်ယီကို အသုံးပြုခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရိုးမားတို့ ပထမအကျော့ထက် ပိုကောင်းတဲ့ လူစာရင်းကို အသုံးပြုခဲ့ပြီး ဒီဂျက်ကို၊ မက်ခီတာရန်၊ ပယ်လီဂရီနီ၊ ပက်ဒရို၊ မန်ချီနီ၊ ဘရူနို ပီးရက်စ်၊ အိုင်ဘာနက်ဇ်၊ ကားစ်ဒေါ့ပ်၊ ခရစ္စတန်တီ၊ စမောလင်း၊ မီရန်တေးတို့ ပါဝင်လာခဲ့ပါတယ်။

ပထမအကျော့က အရှက်တကွဲ ရှုံးပွဲကို တတ်နိုင်သမျှ ပြန်လည် ချေပနိုင်ဖို့ အတွက် ရိုးမားတို့ ပွဲစကတည်းက တောက်လျောက် တိုက်စစ်ဖွင့် ကစားခဲ့ပေမယ့် ယူနိုက်တက် ကတော့ အနည်းငယ် ထိန်းကစားသွားခဲ့တာ တွေ့ရပါတယ်။ ယူနိုက်တက် ကစားသမားဟောင်း ခရစ္စစမောလင်း ကတော့ ဒဏ်ရာရသွားခဲ့လို့ ပွဲချိန် မိနစ် ၃၀ မှာတင် ဒါဘိုးနဲ့ လူစားလဲခဲ့ရပါတယ်။ ရိုးမားတို့ ပွဲကို ဦးဆောင် ကစားနေပေမယ့် တကယ်တမ်း ဂိုးစရသွားခဲ့တာက မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။ ဒီဂိုးကိုတော့ ဖရက်ဒ်ရဲ့ ပေးပို့မှုကနေ ကာဗာနီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာ ရိုးမားတို့ ကစားအား ပိုမြှင့်လာခဲ့လို့ ၅၇ မိနစ်နဲ့ မိနစ် ၆၀ တို့မှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ဆက်တိုက် ရရှိခဲ့ပါတယ်။ ဒီဂိုးတွေကိုတော့ ဒီဂျက်ကိုနဲ့ ခရစ္စတန်တီတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၆၈ မိနစ်မှာ ကာဗာနီက ယူနိုက်တက် အတွက် တစ်ဂိုး ထပ်သွင်းပေးခဲ့ပြီး ရိုးမား အတွက် အနိုင်ဂိုး ကတော့ ၈၃ မိနစ်မှာ ယူနိုက်တက် နောက်ခံလူ အဲလက်စ်တဲလက်စ် ကိုယ့်ဂိုးကိုယ် သွင်းယူမိရာကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ၃-၂ ရလဒ် ထွက်ပေါ်ခဲ့လို့ နှစ်ကျော့ပေါင်း ၈-၅ နဲ့ မန်ချက်စတာယူနိုက်တက်တို့ ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။

တစ်ပွဲလုံး ဂိုးပေါက်ခြိမ်းခြောက်မှု ၂၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၁၂ ကြိမ်အထိ ရှိခဲ့တဲ့ ရိုးမားတို့ရဲ့ ကစားပုံက အားရစရာပေမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်နိုင်တဲ့ အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
လာမယ့်နှစ် ယူရိုပါလိဂ် ဝင်ခွင့်အတွက် စီးရီးအေမှာ အာရုံစိုက်ရဦးမယ့် ရိုးမား

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာ ဆိုးလ်ရှားအနေနဲ့ အဓိကကစားသမားတွေ အားလုံးနီးပါးကို အသုံးပြုခဲ့တာဟာ အရှိန်ကောင်းနေတဲ့ အသင်းရဲ့ ပုံစံကို ပျက်မသွားစေချင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီနေ့ပွဲမှာလည်း ကာဗာနီ ရဲ့ အသက်အရွယ်နဲ့ မလိုက်တဲ့ စွမ်းဆောင်ရည်ကို ထပ်မံမြင်တွေ့ရပြီး သွင်းဂိုး ၂ ဂိုးနဲ့အတူ ငါမအိုသေးဆိုပြီး ဟစ်ကြွေးပြနိုင်ခဲ့ ပြန်ပါတယ်။ ရာသီကုန်ရင် စပယ်ရှယ်ဝမ်းကို နည်းပြရာထူး လက်လွှဲပေးရတော့မယ့် ဖွန်ဆီကာ အနေနဲ့လည်း လက်ကျန်ပွဲတွေမှာ တတ်နိုင်သမျှ ရလဒ်ကောင်းတွေ ရှာသွားချင်တဲ့ သဘောရှိပြီး တကယ့်ကို တိုက်စစ် ကစားပုံနဲ့ ယူနိုက်တက်ကို အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး ဂိုးပေါက်ခြိမ်းခြောက်မှု ၂၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၁၂ ကြိမ်အထိ ရှိခဲ့တဲ့ ရိုးမားတို့ရဲ့ ကစားပုံက အားရစရာပေမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်နိုင်တဲ့ အထိ‌တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်တို့ အနေနဲ့ အိုလီဂန်နာဆိုးလ်ရှား စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် ဗိုလ်လုပွဲ ပြန်လည် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ မှာတော့ အာဆင်နယ်ကို ကျော်ဖြတ်ခဲ့တဲ့ ယူရိုပါလိဂ် စပယ်ရှယ်လစ် အူနိုင်းအန်မေရီရဲ့ ဗီလာရီးရဲယ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ရိုးမားတို့ လာမယ့် တနင်္ဂနွေနေ့မှာတော့ လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်အတွက် အရေးကြီးတဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ ရှိပြီး တန်းဆင်းဇုန်ထဲက ခရိုတိုနီကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာလည်း ဖြစ်ပါတယ်။ ယူနိုက်တက် ကတော့ အက်စတွန်ဗီလာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်