နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆိုးရွားတဲ့ ခံစစ်ကစားပုံနဲ့ စပိန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ဂျာမနီ – ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲပြီးသုံးသပ်ချက်

စပိန် ၆ – ၀ ဂျာမနီ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ စပိန်အသင်းက ဂျာမနီအသင်းကို ၆ ဂိုးပြတ်နဲ့ ခြေစွမ်းပြ အနိုင်ရပြီး ရှုံးထွက် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ နည်းပြ ဂျိုအာချင်လိုးရဲ့ ဂျာမနီအသင်းရဲ့ ခံစစ်ပိုင်းက တော်တော်လေး ဆိုးရွားခဲ့တာ တွေ့ရပြီး နှစ်ပေါင်း ၁၀၀ အတွင်း ပထမဦးဆုံး အကြိမ် ၆ ဂိုးပြတ်နဲ့ အကြီးမားဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
 

ပွဲပြီး အကျဉ်းချုပ်

ဒီပွဲမတိုင်ခင်က ဂျာမနီတို့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် A အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နေခဲ့လို့ အဝေးကွင်းမှာ ကစားခဲ့တဲ့ အခုပွဲစဉ်မှာ ကျိန်းသေပေါက် ရလဒ်ကောင်းဖို့ အတွက် လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာခဲ့တာ တွေ့ရပါတယ်။ ဂျာမနီတို့ တိုက်စစ်မှာ တီမိုဝါနာ၊ ဆာ့ဂျ်ဂနာဘရီ၊ ဆာနေး၊ တိုနီခရူးစ်၊ ဂန်ဒိုဂန်၊ ဂိုရက်ဇ်ကာ၊ ဖီလစ်မက်စ်၊ ရော့ဘင်ကော့ချ်၊ ဆူလီ၊ ဂင်တာ၊ နော်အာတို့နဲ့ ပွဲထွက်လာခဲ့တာ တွေ့ရပါတယ်။ စပိန်မှာတော့ မိုရာတာ၊ ဖာရန်တောရက်စ်၊ ကိုကီ၊ အော်လမို၊ ရိုဒရီ၊ ကန်နာလက်စ်၊ ဆာဂျီ ရောဘတ်တို၊ ပေါင်တောရက်စ်၊ ဆာဂျီယို ရာမို့စ်၊ ဂါရာ၊ အူနိုင်းဆီမွန် တို့က ပထမပွဲထွက်လူစာရင်းမှာ အသုံးပြုလာခဲ့ပါတယ်။ ဂျာမနီတို့ ဒီပွဲမတိုင်ခင်က ယူကရိန်း၊ ချက် တို့ကို ပြန်ပြီး အနိုင်ရထားလို့ ခြေစွမ်းပြန်လည် တည်ငြိမ်နေခဲ့ပြီလို့ ထင်ခဲ့ပေမယ့် အခုစပိန်နဲ့ပွဲမှာတော့ ဆိုးရွားလှတဲ့ ခံစစ်ကစားပုံကို ဆက်လက်မြင်တွေ့ခဲ့ရပါတယ်။ နောက်ပြီး ပွဲချိန်၁၇ မိနစ် မှာ စောစောစီးစီး ပေးလိုက်ရတဲ့ အယ်ဗာရိုး မိုရာတာရဲ့ ဦးဆောင်ဂိုး‌ကြောင့် ဂျာမနီတို့ ကစားပုံ တော်တော်လေး ပျက်ယွင်းသွားခဲ့ပြီး ပထမပိုင်းမှာ ၃ ဂိုး ပေးခဲ့ရသလို ဒုတိယပိုင်းမှာလည်း ၃ ဂိုး ဆက်တိုက် ပေးခဲ့ရတာ ဖြစ်ပါတယ်။ စပိန်အတွက် အနိုင်ဂိုးတွေကိုတော့ မိုရာတာ၊ ဖာရန်တောရက်စ်က ဟက်ထရစ်၊ ရိုဒရီနဲ့ အိုရာဇဘဲလ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ စပိန်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု ၂၃ ကြိမ် အထိ ရရှိခဲ့သလို ဂိုးပေါက်တည့် မှု ၁၀ ကြိမ်အထိ ရှိခဲ့တာ တွေ့ရပါတယ်။ ဂျာမနီဘက်ကတော့ ဂိုးပေါက်ခြိမ်းခြောက်မှု ၂ ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပြီး ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ တောင် မရှိခဲ့ပါဘူး။ ခံစစ်ကြောင်းရဲ့ အားနည်းချက် တော်တော်များများကြောင့် စပိန်တို့ ဂျာမနီ ဂိုးပေါက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂိုးသမား နော်အာ ရဲ့ ကာကွယ်မှု ၄ ကြိမ်ကြောင့် ဂျာမနီတို့ အခုထက်ပိုပြီး အရှက်မကွဲခဲ့တာ လည်း ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် စပိန်တို့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခဲ့ပြီး ဂျာမနီကတော့ နှစ်နှစ်ဆက်တိုက် အုပ်စုအဆင့် နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခဲ့ပြီး ဂျာမနီကတော့ နှစ်နှစ်ဆက်တိုက် အုပ်စုအဆင့် နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ ပြင်သစ်နဲ့ ထိပ်တိုက်တွ့ဆုံတော့မယ် စပိန်

ဂျာမနီဆိုတာ နောက်တန်းခံစစ်နဲ့ ပတ်သတ်လာရင် တော်တော်လေး မာကျောတဲ့ အသင်းတစ်သင်း ဆိုတာ အားလုံးလည်း သိကြပြီးသားပါ။ မနေ့ညက စပိန်ကို ၆ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဟာ ၁၉၃၁ ခုနှစ်တုန်းက ဩစတြီးယား ကို ၆-၀ နဲ့ ရှံးနိမ့်ခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပိုးစိုးပက်စက် ဂိုးပြတ် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ စပိန်တို့ ၆ ဂိုးသွင်းနိုင်ခဲ့လို့ တိုက်စစ်က အကောင်းဆုံး ပုံစံရခဲ့တယ် လို့တော့ မဆိုနိုင်ပါဘူး။ အခုပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ စပိန် တိုက်စစ်က ၃ ဂိုးပဲ ရရှိခဲ့တာတွေ့ရတာကြောင့် ဂျာမနီခံစစ်က တော်တော်လေး ဆိုးရွားခဲ့တယ်ဆိုတာ ကို မီးမောင်း ထိုးပြ လိုက်သလိုပါပဲ။ နည်းပြ ဂျိုအာချင်လိုး အနေနဲ့လည်း ဘိုတန်း၊ ရုဒီဂါတို့လို့ ခံစစ်မှူးတွေ ရှိရက်နဲ့ ဘာ့ကြောင့် လေးလံလွန်းတဲ့ ဆူလီ၊ ဂင်တာ၊ ဖိလစ်မက်စ်တို့လို နောက်ခံလူမျိုးတွေကို ဘာ့ကြောင့် အသုံးပြုနေသလဲဆိုတာ စဉ်းစားရခက်ပါတယ်။ နောက်ပြီး ရော့ဘင် ကော့ချ် အနေနဲ့လည်း လိဒ်စ်ယူနိုက်တက် အသင်းမှာ ခြေစွမ်းပြနေတယ် ဆိုပေမယ့် ဂျာမနီမှာတော့ ခြေစွမ်းကောင်းကောင်း မပြနိုင်တာ တွေ့ရလို့ အနာဂတ် အတွက်ကတော့ ရင်လေးစရာပါပဲ။ ဂျာမနီတို့ ကွင်းလယ်နဲ့ တိုက်စစ်က ပြောစရာမလိုပေမယ့် ခံစစ်ပိုင်းကို အချိန်မှီ မပြင်ဆင်နိုင်ရင်တော့ ပေါ်တူဂီ၊ ပြင်သစ်တို့နဲ့ တစ်အုပ်စု တည်း ကျရောက်နေတဲ့ လာမယ့် ယူရိုပြိုင်ပွဲမှာလည်း ကျိန်းသေပေါက် ရုံးကန်ရဦးမှာပါ။
 

လာမယ့်ပွဲစဉ်များ

လက်တလော နေးရှင်းလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်တွေ ကစားပြီးစီးခဲ့ပြီ ဖြစ်လို့ လာမယ့် နှစ် ဇွန်လ မှ ယူရိုပွဲစဉ်တွေ ပြန်လည် ကစားရဖို့ရှိနေပါတယ်။ လာမယ့် ယူရိုမှာတော့ စပိန်အနေနဲ့ ဆွီဒင်၊ ပိုလန်၊ ဆလိုဗက်ကီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ အုပ်စု ချောင်နေတယ်လို့ ဆိုနိုင်ပေမယ့် ဂျာမနီကတော့ ပေါ်တူဂီ၊ ပြင်သစ်၊ ဟန်ဂေရီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ မရဏအုပ်စုထဲ ကျရောက်နေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်