နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယ်သာလန်တို့ အနိုင် ၃ မှတ် အပြည့် ယူပါလိမ့်မယ် – ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲကြိုသုံးသပ်ချက်

နယ်သာလန် vs ဘော့စနီးယား

လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ ကစားခဲ့မယ့် နယ်သာလန်နဲ့ ဘော့စနီးယား တို့ရဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်ကလည်း SBOTOP ပရိသတ်တွေ အကြိုက်ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ရှိလို့ ပွဲကြိုခန့်မှန်း သုံးသပ်ပေးချင်တယ်။

နယ်သာလန်တို့ နောက်ဆုံး ၅ပွဲကစားထားရာမှာ နိုင်ပွဲ ၁ပွဲမှ မရရှိသေးပဲ ၂ ပွဲရှုံးပြီး ၃ပွဲသရေကျ ထားခဲ့ပါတယ်။ ပိုလန်၊ အီတလီ၊ ဘော့စနီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် A အုပ်စု ၁ မှာလည်း ၄ပွဲကစား၊ ၁ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးပြီး ရမှတ် ၅မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နေးရှင်းလိဂ် အဖွင့်ပွဲစဉ်မှာ ပိုလန်ကို အနိုင်ရခဲ့တဲ့ ပွဲအပြီးကတည်းက နိုင်ပွဲပျောက်ဆုံးနေခဲ့တာ ၅ပွဲဆက်ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ နေးရှင်းလိဂ် အုပ်စု ဒုတိယ ပွဲစဉ်မှာ အီတလီကို ရှုံးနိမ့်ခဲ့ပြီး ခြေစမ်းပွဲစဉ်မှာ မက်ဆီကို အသင်းကို ၁-၀နဲ့ ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ အဲ့နောက် ဘော့စနီးယား၊ အီတလီ တို့ကို သရေထပ်ကျခဲ့ပြီး နောက်ဆုံးကစားထားတဲ့ ခြေစမ်းပွဲမှာလည်း တစ်ဖက်တစ်ဂိုးစီနဲ့ သရေ ထပ်ကျထားခဲ့ပါတယ်။ နယ်သာလန် တိုက်စစ်က လုခ်ဒီယောင်၊ ဘာဘယ်၊ ဒီပေး၊ ဘဂ်ျ၀င်း တို့ ရှိနေတယ်ဆိုပေမယ့်လည်း နောက်ဆုံး ၃ ပွဲမှာ ပျမ်းမျှ သွင်းဂိုး ၁ဂိုးရဖို့တောင် ရုံးကန်နေရပါတယ်။ နောက်ပြီး ခံစစ်က ဒါလေဘလိုင်း၊ ဒီဗရစ်ဂ်ျ၊ ဗန်အန်ဟော့လ်တ် တို့ရှိနေပေမယ့် တိုက်စစ်အားသန်တဲ့ အသင်းတွေနဲ့ ကစားရတဲ့အချိန်ဆိုရင် အမှားများနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ စပိန်နဲ့ပွဲမှာ နေသန် အာကီ ဒဏ်ရာရရှိသွားလို့ နည်းပြသစ် ဖရန့်ခ် ဒီဘိုးဝါးရဲ့ ဒက်ခ်ျတို့အနေနဲ့ ခံစစ်ကို အသေအချာပြင်ဆင်ဖို့ လိုအပ်နေခဲ့ပါပြီ။ ဘာစီလိုနာကို ပြောင်းရွှေ့သွားတဲ့ နည်းပြ ရော်နယ်ကိုးမန်းရဲ့ နေရာကို အစားထိုးနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်တဲ့ ဒီဘိုးဝါးအနေနဲ့လည်း အခုပွဲကလည်း သူ့ရဲ့အနာဂတ် အတွက် အရေးပါနေတဲ့ ပွဲစဉ်လို့ ပြောရင်လည်း မမှားပါဘူး။

ဘော့စနီးယား ကတော့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် A အုပ်စု ၁ မှာ ၄ပွဲကစား ၂ပွဲသရေ၊ ၂ပွဲရှုံး နဲ့ နိုင်ပွဲလုံးဝ မရရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။
အခုနှစ် နေးရှင်းလိဂ် A မှာ ၄ ပွဲကစား ၂ပွဲ သရေ၊ ၂ပွဲရှုံးထားတဲ့ ဘော့စနီးယား

ဘော့စနီးယား ကတော့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် A အုပ်စု ၁ မှာ ၄ပွဲကစား ၂ပွဲသရေ၊ ၂ပွဲရှုံး နဲ့ နိုင်ပွဲလုံးဝ မရရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။ လက်တလောအုပ်စု အောက်ဆုံးမှာ ရမှတ် ၂မှတ်နဲ့ ရပ်တည်နေပြီး နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက် မေးမှိန်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ လက်ရှိနည်းပြ ဘက်ဂျီဗစ် အနေနဲ့ အဓိက ပြိုင်ပွဲတွေမှာ နိုင်ပွဲ တစ်ပွဲရဖို့ ရုံးကန်နေရဆဲ ဖြစ်ပြီး အခုပွဲမှာလည်း ဒက်ခ်ျတို့ရဲ့ အိမ်ကွင်းမှာ သွားကစားရမှာ ဖြစ်လို့ နိုင်ပွဲပျောက်ဆုံးမှာ သေချာနေဆဲ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲ မှာလည်း ၃ပွဲ ရှုံး၊ ၂ပွဲ သရေကျထားတဲ့ ဘော့စနီးယားတို့ တစ်ပွဲပျမ်းမျှ သွင်းဂိုး ကလည်း ၀ ဂိုးပဲ ရှိပါတယ်။ နောက်ဆုံးပွဲ အီရန်လို အသင်းမျိုးကိုတောင် အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားခဲ့တဲ့ အတွက် တော်တော်လေးကို ခြေပျက်နေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နယ်သာလန်နဲ့ ဘော့စနီးယားတို့ ပြီးခဲ့တဲ့ နေးရှင်းလိဂ် ပထမအကျော့ပွဲစဉ်မှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ဂိုးမရှိ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
နယ်သာလန် vs ဘော့စနီးယား 1X2 နယ်သာလန် @ 1.36
နိုဝင်ဘာလ ၁၆ ရက် , မနက် ၂:၁၅ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၁.၃၃ ဆ ၊ ဧည့်သည် အသင်းအတွက် ၈.၇၅ဆ နဲ့ သရေ အတွက်ကို တော့ ၄.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ နယ်သာလန်တို့ အဘက်ဘက်က အသာရနေ ပေမယ့် သွင်းဂိုးရဖို့ ရုံးကန်နေရဆဲ ဖြစ်တာကြောင့် ဂိုးတော့ ပြတ်ဖို့ မရှိပါဘူး။ သွင်းဂိုး အနည်းနဲ့ နယ်သာလန်တို့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်