နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်တစ်ဆင့်တက်ဖို့ အမှားမခံမယ့် အီတလီဘက်မှာ ရပ်တည်ပါ – ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲကြိုသုံးသပ်ချက်

ဘော့စနီးယား vs အီတလီ

လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့ မနက် ၂ နာရီ ၁၅ မိနစ်မှာတော့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ ဘော့စနီးယားနဲ့ အီတလီတို့ ကစားမယ့်ပွဲစဉ် ဟာလည်း SBOTOP ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ  ဖြစ်လာဖို့ ရှိနေပါတယ်။

ဘော့စနီးယားကတော့ နေးရှင်းလိဂ် A အုပ်စု ၁ မှာ ရမှတ် ၂ မှတ်သာ ရရှိသေးပြီး တန်းဆင်းသွားရဖို့ သေချာနေတဲ့ အသင်း လည်းဖြစ်ပါတယ်။ လက်တလော ယူအီးအက်ဖ်အေ နေးရှင်းလိဂ်မှာ ၅ ပွဲကစားပြီး ၂ ပွဲသရေ ၃ ပွဲရှုံး ရမှတ် ၂ မှတ်နဲ့ အုပ် ၁ ရဲ့ အောက်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။ ဘော့စနီးယားတို့ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး ၄ ပွဲရှုံး၊ ၃ ပွဲသရေ ကျထားတာ တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲမှာတော့ ပိုလန်ကို ၃-၀၊ အီရန်ကို ၂-၀ နဲ့ နယ်သာလန် ကို ၃-၁ တို့ နဲ့ ဂိုးပြတ် အရေးနိမ့်ထားခဲ့လို့ အခြေအနေ တော်တော်လေးဆိုးရွားနေတယ်လို့ ဆိုရမှာပါ။ လက်ရှိနည်းပြ ဘက်ဂျီဗစ်ရဲ့ လက်အောက်မှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ဆုံးနေခဲ့တဲ့ ဘော့စနီးယား တို့ အသင်းမှာ ဒီဂျက်ကို၊ ပီယာနစ်၊ ကိုလာဆီနက်ချ်၊ ဗစ်စကာ၊ ခရူနစ်တို့ရှိနေပေမယ့်လည်း ကျိန်းသေပေါက် တန်းဆင်းရဖို့ သေချာနေခဲ့ပါပြီ။ ပထမအကျော့ အီတလီ အိမ်ကွင်းမှာ ဒီဂျက်ကို ရဲ့ သွင်းဂိုး တစ်ဂိုး ကြောင့် သရေ ၁ မှတ် ရခဲ့ပေမယ့် အခုပွဲမှာ အိမ်ကွင်းမှာ ကစားရပေမယ့်လည်း ရှုံးထွက် အဆင့် တက်ဖို့ အားထုတ်လာမယ့် ရောဘတ်တို မန်စီနီရဲ့ အီတလီအသင်းကို ဘယ်လိုမှ အနိုင်ကစားနိုင်ဖို့ မရှိပါဘူး။

ဂျော်ဂျင်ဟို၊ ဘာရာဒီတို့ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင်ရရှိပြီး ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။
လက်ရှိ နေရှင်းလိဂ်အေ အုပ်စု ၁ မှာ ၂ ပွဲနိုင် ၃ ပွဲသရေကျပြီး အုပ်စု ပထမနေရာမှာ ရပ်တည်နေတဲ့ အီတလီ

အီတလီတို့ နောက်ဆုံးကစားခဲ့တဲ့ ပိုလန်နဲ့ ပွဲစဉ်မှာ ဂျော်ဂျင်ဟို၊ ဘာရာဒီတို့ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင်ရရှိပြီး ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။ လက်တလော နေးရှင်းလိဂ် A အုပ်စု ၁ မှာ နယ်သာလန်၊ ပိုလန်၊ ဘော့စနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ပြီး အုပ်စုကျပ်နေခဲ့ပေမယ့် လက်ရှိအချိန်ထိ ရှုံးပွဲလုံးဝ မရှိပဲ ၂ ပွဲနိုင်၊ ၃ ပွဲသရေကျပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နေပါတယ်။ အီတလီတို့ နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ လုံးဝမရှိသေးတာ တွေ့ရပြီး နောက်ဆုံး ၅ ပွဲကစားမှာ ၃ ပွဲနိုင်ပြီး ၂ ပွဲသရေကျထားတာ တွေ့ရပါတယ်။ အီတလီကစားသမားတွေ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် နောက်ဆုံး ၅ ပွဲစားထားတာမှာ တိုက်စစ်က သွင်းဂိုး ၁၃ ဂိုး အထိ ရရှိထားတာကို တွေ့ရပါတယ်။ လက်တလော အီတလီမှာ ကစားသမား ၉ ဦးအထိ ဒဏ်ရာ ပြသနာရှိနေပြီး နည်းပြ မန်စီနီကိုယ်တိုင် ကိုဗစ်ရောဂါ ခံစားနေရလို့ တစ်ဦးတည်း သီးခြား နေနေရပြီး လက်ထောက်နည်းပြ အဲလ်ဘီရီကို အီဗန်နီ ကအစားထိုး ကိုင်တွယ်နေပါတယ်။ အီတလီမှာ နာပိုလီ တိုက်စစ်မှူး အစ်ဇီဂနီ၊ အင်တာမီလန်က ဘာရယ်လာ၊ ဂျော်ဂျင်ဟို၊ ဖလောရန်ဇီ၊ အန်ဒရီယာဘယ်လော့တီ တို့ ခြေစွမ်းပြနေပါတယ်။ အခုပွဲကစားနေတဲ့ အချိန် တစ်ဖက်မှာလည်း ပိုလန်နဲ့ နယ်သာလန်တို့ ထိပ်တိုက်တွေ့ဆုံလို့ ရမှတ်လိုအပ်ချက် အတွက် အရေးပါနေတဲ့ အချိန်မှာ မဖြစ်မနေ ၃ မှတ်ရရှိဖို့တော့ လိုအပ်နေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘော့စနီးယားနဲ့ အီတလီတို့ဟာ သမိုင်းတစ်လျှောက် ၃ ကြိမ်‌ တွေ့ဆုံထားပြီး ဘော့စနီးယားကို အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ အီတလီတို့ အသာရထားတာတွေ့ရပါတယ်။ ၂၀၂၀ ယူရို ခြေစစ်ပွဲ အတွက် ၂ ကြိမ် တွေ့ဆုံထားရာမှာ အီတလီက နှစ်ကြိမ်စလုံး အနိုင်ရထားပြီး လက်ရှိနေရှင်းလိဂ် အုပ်စု ပွဲစဉ် ပထမအကျော့မှာတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျထားခဲ့ပါတယ်။ တွေ့ဆုံမှု ၃ ကြိမ်မှာ အီတလီအနေနဲ့ ဘော့စနီးယားဘက်ကို ၅ ဂိုး အထိသွင်းယူထားနိုင်ပြီးတော့ ဘော့စနီးယားကတော့ ၂ ဂိုးပဲ ပြန်လည်သွင်းယူထားနိုင်တာ တွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘော့စနီးယား vs အီတလီ 1X2 အီတလီ @ 1.35
နိုဝင်ဘာလ ၁၉ ရက် , မနက် ၂:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၉.၂၅ ဆကြေးဖွင့်ထားတာ တွေ့ရပြီး ဧည့်သည်အသင်း အတွက် ၁.၃၅ ဆ နဲ့ သရေ အတွက်ကိုတော့ ၄.၄၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု အရရော ပေါက်ကြေး အရပါ ကြည့်မယ်ဆိုရင် အီတလီက အဘက်ဘက်က အသာရနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ နောက်တစ်ဆင့် တက်ရောက်ရေးအတွက် အနိုင် ၃ မှတ်ကို မဖြစ်မနေရရှိဖို့ အားထုတ်လာမယ့် အီတလီတို့ အမှားခံမယ်မထင်ပါဘူး။ ဒါ့ကြောင့် ဘော့စနီးယားမြေမှာ ဂိုးမိုးရွာမယ့် အီတလီ ဘက်မှာ ရပ်တည်တာ ဟာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်