နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို ၂ ဂိုးသွင်းပြီး ဆွစ်ဇာလန်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပေါ်တူဂီ | နေးရှင်းလိဂ် (ပွဲပြီးသုံးသပ်ချက်)

ခရိုအေးရှား ၄-၀ ဆွစ်ဇာလန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် A အုပ်စု ၂ ပွဲစဉ် တစ်ပွဲ မှာတော့ ပေါ်တူဂီတို့ ဆွစ်ဇာလန်ကို တိုက်စစ်မှူးကြီး ခရစ္စတီယာနို‌ ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ၄-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပေါ်တူဂီတို့ တစ်ပွဲလုံး အဘက်ဘက်က ထိန်းချုပ်ကစားသွားနိုင်ခဲ့ပြီး ခြေပြတ် ဂိုးပြတ် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း

စပိန်နဲ့ ပွဲမှာ ရော်နယ်ဒိုကို မသုံးလို့ ဝေဖန်ခံထားရတဲ့ ဖာနန်ဒို ဆန်းတို့စ် အနေနဲ့ ဒီနေ့ပွဲ မှာတော့ ရော်နယ်ဒိုကို တိုက်စစ်မျှားဦးမှာ ဘရူနိုဖာနန်ဒက်စ်၊ ဂျိုတာ တို့နဲ့ အတူ ပွဲထွက်စေခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ကာဗယ်ဟို၊ အော့တာဗီယို၊ ရူဘင်နီးဗက်စ်၊ နောက်တန်းမှာ ပေပေ၊ ပရဲရား၊ မန်းဒက်စ်၊ ကန်ဆယ်လိုနဲ့ ဂိုးမှာတော့ ရူအီ ပက်ထရီစီယို ကိုပဲ သုံးခဲ့ပါတယ်။ ဆွစ်ဇာလန် ကတော့ ချက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက လူစာရင်းကို အနည်းငယ် အပြောင်းအလဲ လုပ်လာခဲ့ပြီး ၄-၂-၃-၁ ကစားကွက်နဲ့ကိုမှ ဆက်ဖရိုဗစ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်နဲ့ နောက်တန်း တို့မှာ ရှကီရီ၊ စတက်ဖင်၊ လိုတွန်ဘာ၊ ချာကာ၊ ဆိုးဝ်၊ ရိုဒရီဂတ်ဇ်၊ ဖရိုင်း၊ ရှား၊ အမ်ဘာဘူ၊ ကိုဘဲလ်တို့နဲ့ ပွဲထွက်စေခဲ့ပါတယ်။

၂ ပွဲကစားပြီး ၂ ပွဲစလုံး ရှုံးနိမ့်ထားတဲ့ ဆွစ်ဇာလန် ကတော့ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ဇယား အောက်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။
နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ဇယား အောက်ဆုံးကို ရောက်ရှိနေတဲ့ ဆွစ်ဇာလန်

ပွဲစကတည်းက အိမ်ရှင် ပေါ်တူဂီတို့ အပေးအယူ အချိတ်အဆက် မိမိနဲ့ ကစားနိုင်ခဲ့ပြီး တိုက်စစ်က ရော်နယ်ဒိုလည်း သိသိသာသာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာပဲ ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှု ကနေ ကွင်းလယ်လူ ဝီလျံ ကာဗယ်ဟို က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၃၅ မိနစ်နဲ့ ၃၉ မိနစ် တို့မှာ ဂျိုတာရဲ့ ပေးပို့မှု ကနေ ရော်နယ်ဒိုက နှစ်ဂိုးဆက် သွင်းယူနိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာ ပေါ်တူဂီတို့ ၃ ဂိုးပြတ် အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၆၅ မိနစ် မှာတော့ နောက်ခံလူ ဂျာအို ကန်ဆယ်လိုက စတုတ္ထဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဆွစ်ဇာလန် အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၆ မိနစ်မှာ ဆက်ဖရိုဗစ် က သွင်းယူပေးခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။

အခုပွဲ အနိုင်ရခဲ့တဲ့ ပေါ်တူဂီ အနေနဲ့ ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၄ မှတ် ရရှိပြီး နေးရှင်းလိဂ် A အုပ်စု ၂ ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ၂ ပွဲကစားပြီး ၂ ပွဲစလုံး ရှုံးနိမ့်ထားတဲ့ ဆွစ်ဇာလန် ကတော့ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ဇယား အောက်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ထူးထူးခြားခြား ပြောစရာ ရှိတာက ရော်နယ်ဒိုရဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ စပိန်နဲ့ ပွဲမှာ မိနစ် ၆၀ ကျော်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ၃၇ နှစ် အရွယ် တိုက်စစ်မှူးကြီး အနေနဲ့ ဒီပွဲ မှာတော့ တစ်ကွင်းလုံး နေရာအနှံ ပတ်ကစားပြီး သူဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်သလဲ ဆိုတာ ပြသသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ အနေနဲ့ ဂိုးပေါက် ကန်ချက် ၇ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၅ ကြိမ်အထိ ရှိခဲ့ပြီး အခွင့်အရေး ဖန်တီးမှု ၂ ကြိမ်၊ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပြီး ပေါ်တူဂီရဲ့ ဂိုးပြတ် နိုင်ပွဲ အတွက် အဓိကျတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဘယ်လ်ဂျီယံ
ပိုလန်
1X2 ပိုလန် @ 4.70
ဂိုးပေါ် 2.75 @ 2.38
ဂိုးပေါင်း 0-1 @ 2.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရော်နယ်ဒိုဟာ လက်ရှိ အချိန်ထိ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၁၈၈ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၁၁၇ ဂိုးအထိ ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမား အဖြစ် ဒုတိယနေရာက အီရန် တိုက်စစ်မှူးဟောင်း အလီဒါယီကို ၈ ဂိုးဖြတ်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒို အနေနဲ့ ပေါ်တူဂီနဲ့ အတူ နေးရှင်းလိဂ် သာမက ကမ္ဘာ့ဖလား လည်း ကစားဖို့ ရှိနေသေးတာကြောင့် သူ့ရဲ့ စံချိန်ကို ထပ်မံ တိုးမြှင့်သွားနိုင်ဖွယ်လည်း ရှိနေပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ မန်ချက်စတာယူနိုက်တက် အသင်းက ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆုတွေကို ရရှိထားခဲ့သလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ပွဲစဉ် ၃ ကို ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ပေါ်တူဂီက ချက်၊ ဆွစ်ဇာလန်က စပိန်ကို အိမ်ကွင်းတွေမှာပဲ ဧည့်ခံကြရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်