နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချက်ကို ဂိုးပြတ် အနိုင်ယူပြီး အုပ်စုကို ဆက်လက် ဦးဆောင်နေတဲ့ ပေါ်တူဂီ | နေးရှင်းလိဂ် (ပွဲပြီးသုံးသပ်ချက်)

ပေါ်တူဂီ ၂-၀ ချက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် A အုပ်စု ၂ ပွဲစဉ် ၃ မှာတော့ ပေါ်တူဂီတို့ ကစားရခက်တဲ့ ချက်ကို အိမ်ကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ တိုက်စစ်မျှားဦးက ခရစ္စတီယာနို ရော်နယ်ဒို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းလိုက် ကစားအား ကောင်းကောင်းနဲ့ ချက်ကို အနိုင်ယူပြီး အုပ်စု ထိပ်ဆုံး ကနေ ဆက်လက် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဖာနန်ဒိုဆန်းတို့စ်ရဲ့ အသင်းက ၄-၃-၃နဲ့ ပွဲထွက်လာခဲ့ပြီး ရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်နဲ့ ခံစစ် တို့မှာ ဘာနာဒို ဆေးလ်ဗား၊ ကာဗယ်ဟို၊ ဂျိုတာ၊ ဂီဒက်စ်၊ နီးဗက်စ်၊ ပေပေ၊ ပရဲရား၊ ဂွာရဲရိုး၊ ဂျာအို ကန်ဆယ်လို၊ ကော်စတာ တို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။ ချက် ကတော့ အမာခံ ကစားသမားတွေ ဖြစ်တဲ့ ကွတ်ချ်ကာ၊ ဟိုးလ်ဇက်ခ်၊ ဆိုချက်ခ်၊ ဆိုဖယ်၊ ဘာဘက်၊ မက်တီယူ၊ ဇီမာ တို့နဲ့ပဲ ပေါ်တူဂီကို ရင်ဆိုင်သွားခဲ့ပါတယ်။ 

ချက်ကတော့ ၃ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံး ၄ မှတ်နဲ့ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ အုပ်စု တတိယနေရာကို ဆင်းသွားခဲ့ရပါတယ်။
နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ဇယား အောက်ဆုံးကို ရောက်ရှိနေတဲ့ ဆွစ်ဇာလန်

ချက်အနေနဲ့ ပွဲအစပိုင်းမှာ ပေါ်တူဂီ ဘက်ကို ထိရောက်တဲ့ ဖိအားပေးမှု တချို့ ပြုလုပ်နိုင်ခဲ့ပြီး ကွင်းလယ်က ဆာဒီလက်ရဲ့ ကန်ချက် ကောင်းခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲ့နောက် ပေါ်တူဂီတို့ ကစားကွက် တည်ငြိမ်လာချိန်မှာတော့ ချက် ခံစစ်မှူးတွေ အလုပ်များခဲ့ရပြီး ပွဲချိန် ၃၃ မိနစ် မှာတော့ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား အနီးကပ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဂျာအို ကန်ဆယ်လိုက တောက်လျောက် ဆွဲပြေးပြီး ဂိုးသမားကို ကျော်ကာ အပြင်း ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၅ မိနစ် အကြာမှာလည်း ဆေးလ်ဗားရဲ့ ဖန်တီးပေးမှု ကနေပဲ တောင်ပံ ကစားသမား ဂီဒက်စ်က ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပေါ်တူဂီ တို့ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ပေါ်တူဂီ တို့ အခွင့်အရေး တချို့ ထပ်ရခဲ့ပေမယ့် အဆုံးသတ် အားနည်းခဲ့သလို ချက်ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးထပ်မရခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး ဂိုးရနိုင်တဲ့ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ပေမယ့် နောက်ခံလူတွေ အမှားအယွင်း မရှိခဲ့လို့ ၂-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ပေါ်တူဂီတို့ နေးရှင်းလိဂ် နိုင်ပွဲ ဆက်ခဲ့ပါတယ်။ 


ပွဲပြီးသုံးသပ်ချက်

ပေါ်တူဂီ ကတော့ တောင့်တင်းတဲ့ လူစာရင်းနဲ့ တည်ငြိမ်တဲ့ ခြေစွမ်းတစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိမှုကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ တိုက်စစ်မှူးကြီး ရော်နယ်ဒို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပေါ်တူဂီတို့ အသင်းလိုက် အချိတ်အဆက် မိမိနဲ့ ချက်ကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ တောင်ပံက ဖြတ်တင်ဘောတွေ ဖန်တီးမှုတွေ တော်တော်လေး ထိရောက်ခဲ့ပြီး မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားလည်း ခြေစွမ်းပြကာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာနာဒို ဆေးလ်ဗား အနေနဲ့ နေးရှင်းလိဂ်မှာ‌ ပေါ်တူဂီ အတွက် ၃ ပွဲ ကစားပြီး ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
နယ်သာလန်
ပိုလန်
1X2 သရေ (Draw) @ 5.00
ဂိုးပေါ် 2.75 @ 1.96
ဂိုးပေါင်း 0-1 @ 3.65
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအပြီးမှာ ပေါ်တူဂီတို့ နေးရှင်းလိဂ် ၃ ပွဲ ကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရှုံးပွဲ မရှိ၊ ၇ မှတ်နဲ့ အုပ်စု ၂ ကို ဆကလက် ဦးဆောင်နိုင်ခဲ့ပြီး ရှုံးထွက်တက်ဖို့ အခြေအနေ ကောင်းနေခဲ့ပြီလည်း ဖြစ်ပါတယ်။ ချက် ကတော့ ၃ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံး ၄ မှတ်နဲ့ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ အုပ်စု တတိယနေရာကို ဆင်းသွားခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၁၃ ရက်နေ့မှာ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ပွဲစဉ် ၄ ကို ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ပေါ်တူဂီက ဆွစ်ဇာလန်၊ ချက်က စပိန်ကို အဝေးကွင်းတွေမှာ သွားရောက် ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်