နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချက်ကို အနိုင်ကန်ပြီး ဇယားထိပ်တက်တဲ့ စပိန် | နေးရှင်းလိဂ် (ပွဲပြီးသုံးသပ်ချက်)

စပိန် ၂-၀ ချက်

မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ပွဲစဉ် ၄ မှာတော့ စပိန်တို့ ချက်ကို ကားလို့စ် ဆိုလာ၊ ဆာရာဘီရာ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ စပိန်တို့ ချက်ကို သက်တောင့်သက်သာ အနိုင်ရခဲ့တာ ဖြစ်ပြီး တစ်ဖက်က ပေါ်တူဂီရဲ့ အရှုံးကို အခွင့်ကောင်းယူနိုင်ခဲ့တာကြောင့်လည်း အုပ်စု ထိပ်ဆုံးကိုလည်း တက်လှမ်းသွားနိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

၂ ပွဲဆက် ရှုံးခဲ့တဲ့ ချက် ကတော့ နေးရှင်းလိဂ် A ရဲ့ အုပ်စု တတိယနေရာမှာ ဆက်လက် ရပ်တည်ခဲ့ရပြီး ဆွစ်ဇာလန်နဲ့ ၁ မှတ်သာ ကွာဟတော့တာကြောင့် တန်းမဆင်းရဖို့ လက်ကျန် ပွဲတွေမှာ တတ်နိုင်သမျှ ရမှတ် ရှာဖွေဖို့ လိုအပ်သွားခဲ့ပါတယ်။
နေးရှင်းလိဂ် ၄ ပွဲ ကစားပြီး ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားတဲ့ ချက်

အရေးကြီးတဲ့ ပွဲစဉ် ဖြစ်တာကြောင့် လူးဝစ် အင်းနရစ်ခ် အနေနဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်လာခဲ့ပြီး တိုက်စစ်မှာ မိုရာတာ၊ ဒန်နီ အော်လမို၊ အဆန်စီရို၊ ကွင်းလယ်မှာ ရိုဒရီ၊ ကိုကီ၊ ဆိုလာနဲ့ ခံစစ် မှာတော့ မာတီနက်ဇ်၊ ဂါစီယာ၊ အလွန်ဆို၊ ကာဗာဟယ်၊ ဆီမွန်တို့ ကစားခဲ့ကြပါတယ်။ ချက် ကလည်း ဟိုးလ်ဇက် ကလွဲလို့ သူတို့ရဲ့ အမာခံ ကစားသမားတွေ ဖြစ်တဲ့ ကွတ်ချ်ကာ၊ ဆိုရှက်ခ်၊ ဆိုဖယ်၊ ဇီမာ၊ ဘာဘက်၊ မန်းဒေါ့စ် တို့နဲ့ပဲ စပိန်ကို ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

စပိန်တို့ ပွဲစကတည်းက တောက်လျောက် ဖိကစားနိုင်ခဲ့ပြီး ပထမပိုင်း ၂၄ မိနစ်မှာတင်ပဲ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သိသိသာသာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အဆန်စီရိုရဲ့ ဖန်တီးမှု ကနေ ကားလိုစ် ဆိုလာက သွင်းယူခဲ့တာ ဖြစ်ပြီး အဲ့နောက်ပိုင်းမှာလည်း စပိန်တို့ပဲ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့ပြီး အဆုံးသတ် အပိုင်း မှာတော့ လိုအပ်ချက်တွေ များနေခဲ့လို့ ဂိုးထပ်မရပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ဖာရန်း တောရက်စ်နဲ့ ဂါဗီ ဝင်လာချိန် မှာတော့ စပိန်တို့ ပထမပိုင်းထက် ပိုကောင်းတဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ် မှာတော့ စပိန်တို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ဂါဗီ အနေနဲ့ ချက် ကစားသမား ၂ ဦးကို တစ်ကိုယ်တော် ကျော်ဖြတ် ဆွဲပေးကာ ဖာရန်း တောရက်စ်ဆီ ပေးပို့ခဲ့ပြီး တောရက်စ် ပြန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆာရာဘီရာက အပိုင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ စပိန်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ပဲ အနိုင်ရလဒ်ကို ထိန်းသွားခဲ့တာကြောင့် ချက်တို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပဲ ၂ ဂိုးပြတ် ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ပိုလန်
ဘယ်လ်ဂျီယံ
ဘယ်လ်ဂျီယ အာရှ ဟန်းဒီးကပ် -0.25 @ 1.84
1X2 ဘယ်လ်ဂျီယ@ 2.13
ဂိုးပေါင်း 2-3 @ 1.79
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ပြိုင်ပွဲအစမှာ ရုန်းကန်ခဲ့ရတဲ့ စပိန်တို့ တစ်ပွဲထက် တစ်ပွဲ လူငယ် ကစားသမားတွေရဲ့ အရည်အသွေးတွေ ပေါ်လာခဲ့ခြင်းနဲ့အတူ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းပါ တည်ငြိမ်လာခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် လူးဝစ် အင်းနရစ်ခ်ရဲ့ အသင်းက ကမ္ဘာ့ဖလား အတွက် ဆိုရင်တော့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးပြီး တိုက်စစ် အဆုံးသတ် အားနည်းနေမှုကို အဓိကထား ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနေ့ပွဲမှာ စပိန်တို့ ပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်း ရှိခဲ့တဲ့ အထိ ချက်ကို ဖိကစားသွားနိုင်ခဲ့တာ ဖြစ်ပေမယ့် တိုက်စစ် အဆုံးသတ် ညံ့မှုကြောင့် သွင်းဂိုး ၂ ဂိုးတည်းနဲ့ပဲ ကျေနပ်ခဲ့ရတယ်လို့ ပြောလို့ ရပါတယ်။ ဒါတောင် ဂါဗီ ဝင်လာမှ ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက်မိသွားလို့ စပိန်တို့ ဒုတိယဂိုး ထပ်ရခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်ရင် အင်းနရစ်ခ်ရဲ့ အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အပိုင်းမှာသာ အားရစရာ ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၉ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၄ ကြိမ်သာ ရှိခဲ့တာ ကတော့ စိတ်ပျက်စရာပါပဲ။ အင်းနစ်ခ် အနေနဲ့ ကစားသမား ၉ ဦးအထိ အလဲအလှယ် ပြုလုပ်ခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလ နောက်ပိုင်း စပိန် လက်ရွေးစင် အသင်းမှာ ပထမဦးဆုံး အကြိမ် ပြန်လည် ပါဝင်ခွင့်ရခဲ့တဲ့ ရီးရဲယ်တိုက်စစ်မှူး မားကို့စ် အဆန်စီရို ကတော့ တစ်ပွဲလုံး ခြေစွမ်းပြသွားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ချက် ကတော့ ပွဲချိန် အစောပိုင်းမှာ စပိန် ဘက်ကို ၂ ကြိမ် ဂိုးပေါ်တည့် ကန်ချက်နဲ့ ခြိမ်းခြောက်နိုင်ခဲ့ရုံက လွဲရင် စပိန်ကို ရင်ခုန်အောင် မလုပ်နိုင်ခဲ့ဘူးလို့ပဲ ဆိုရမှာပါ။

ပွဲအပြီးမှာ စပိန်တို့ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ အုပ်စု ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာက ပေါ်တူဂီကို ၁ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ၂ ပွဲဆက် ရှုံးခဲ့တဲ့ ချက် ကတော့ နေးရှင်းလိဂ် A ရဲ့ အုပ်စု တတိယနေရာမှာ ဆက်လက် ရပ်တည်ခဲ့ရပြီး ဆွစ်ဇာလန်နဲ့ ၁ မှတ်သာကွာဟတော့တာကြောင့် တန်းမဆင်းရဖို့ လက်ကျန် ပွဲတွေမှာ တတ်နိုင်သမျှ ရမှတ် ရှာဖွေဖို့ လိုအပ်သွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ပွဲစဉ် ၅ ကို ဆက်လက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး စပိန်က ဆွစ်ဇာလန်၊ ချက် က ပေါ်တူဂီကို အိမ်ကွင်းတွေမှာ ဧည့်ခံ ရင်ဆိုင်ရဖို့ ရှိနေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်