နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီပိုင်းနဲ့ နောက်ကျဂိုးနဲ့ ဝေးလ်စ်ကို အနိုင်ရခဲ့တဲ့ နယ်သာလန် | နေးရှင်းလိဂ် ပွဲပြီးသုံးသပ်ချက်

နယ်သာလန် ၃-၂ ဝေးလ်စ်

နေးရှင်းလိဂ် A အုပ်စု ၄ ရဲ့ ပွဲစဉ်တွေ ကလည်း ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး နယ်သာလန်တို့ ဝေးလ်စ်ကို ဖီယင်နော့ဒ် ကွင်းမှာ ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပထမအကျော့တုန်းကလိုပဲ နာကျင် အချိန်ပို ရောက်မှ နှစ်ဖက်အသင်း ပရိသတ်တွေကို ရင်ခုန်ခဲ့ရပြီး ဒီတစ်ကြိမ်မှာလည်း ဒက်ချ်တို့ မန်းဖစ် ဒီပိုင်းရဲ့ နောက်ကျဂိုးနဲ့ နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

နယ်သာလန်ရဲ့ တိုက်စစ်မှာ လန်းဂ်၊ ဂျန်ဆန်နဲ့ ဂက်ခ်ပို တို့ ဦးဆောင်လာခဲ့ပြီး ကွင်းလယ် မှာတော့ ခြေစွမ်းပြနေတဲ့ ကူ့ပ်မိုင်းနားနဲ့ ဒီဂျောင်ကို တွဲဖက်ပေးခဲ့ပါတယ်။ Full Back တွေ အဖြစ် မလာဆီရာနဲ့ ဟိတ်ဘိုးဝါးတို့ ပွဲထွက်ခဲ့ပြီး ခံစစ် ၃ ယောက်တန်း မှာတော့ ဒီလစ်ဂျ်၊ တီဇီနဲ့ အင်ဒီ တို့ ကစားခဲ့ပါတယ်။ ရောဘတ် ပေ့ချ်ရဲ့ ဝေးလ်စ် ကတော့ ပထမအကျော့တုန်းကနဲ့ မတူပဲ ဟန်နက်ဆီ၊ ရွန်ဒွန်၊ မီဖမ်း၊ ဘန်ဒေးဗီးစ်၊ ဝီလ်ဆင်၊ အမ်ပါဒူ၊ ဂျွန်ဆန်၊ ဒန်ဂျိမ်းစ် တို့လို အဓိက ကစားသမားတွေကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။

ဝေးလ်စ် ကတော့ နေးရှင်းလိဂ် A အုပ်စု ၄ ပွဲ ကစားပြီးချိန်မှာ ၂ မှတ်သာ ရထားပြီး တတိယနေရာက ဘယ်ဂျီယံနဲ့ ၃ မှတ် ပြတ်နေတာကြောင့် လာမယ့် နှစ်မှာ နေးရှင်းလိဂ် B ကို ဆင်းကစားရဖို့ များသွားနေခဲ့ပြီလည်း ဖြစ်ပါတယ်။
နယ်သာလန်ကို ထိပ်တိုက်တွေ့ဆုံမှု ၁၀ ကြိမ်စလုံးမှာ အရှုံးပေးခဲ့ရတဲ့ ဝေးလ်စ်

ပွဲစကတည်း အိမ်ရှင် နယ်သာလန်တို့ ဝေးလ်စ်ကို တရစပ် ဖိအားပေး ကစားပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၁၇ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုးရခဲ့ပြီး ဂျန်ဆန်ရဲ့ ဖန်တီးပေးမှု ကနေ နိုအာ လန်းဂ်က သွင်းယူပေးခဲ့တာပါ။ နောက်ထပ် ၅ မိနစ် အကြာမှာလည်း နယ်သာလန်တို့ပဲ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ ဂက်ခ်ပို က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၆ မိနစ်မှာ ဟယ်ရီဝီလ်ဆင်ရဲ့ ပေးပို့မှု ကနေ ဂျွန်ဆင်က တစ်ဂိုး ပြန်ချေပခဲ့လို့ ၂-၁ ရလဒ်နဲ့ ပထမပိုင်း ပြီးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းလုံး ကစားသမားနဲ့ ဗျူဟာ အပြောင်းအလဲတွေ လုပ်လာခဲ့ပြီး ဝေးလ်စ် ဘက်မှာ ရော်ဘတ်စ်၊ ရမ်ဆေး၊ ဂန်တာ၊ ဘေးလ်တို့ ဝင်ရောက်လာခဲ့သလို နယ်သာလန် ကလည်း ဒီဗရစ်ဂျ်၊ ဒမ်းဖရီးစ်၊ ဒီပိုင်း၊ ဘက်ဂျ်ဝင်း တို့နဲ့ ချက်ချင်း လူးစားလဲကာ တုန့်ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် မိနစ် ၉၀ အထိ ရလဒ် အပြောင်းအလဲ မရှိခဲ့ပဲ နာကျင် အချိန်ပို မှာတော့ ဝေးလ်စ် တို့ ပင်နယ်တီ ရခဲ့တာကြောင့် တော်တော်များများက သရေပွဲ ဖြစ်လိမ့်မယ်လို့ တွက်ဆခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဘေးလ် ပင်နယ်တီဂိုး ဝင်ပြီးလို့ ၁ မိနစ် အကြာမှာပဲ လူးစာဝင် တိုက်စစ်မှူး ဒီပိုင်းက ဟန်နက်ဆီကို ကျော်ဖြတ်ပြီး အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဝေးလ်စ်တို့ ကြေကွဲခဲ့ရပါတယ်။ ပထမအကျော့တုန်း ကလည်း နှစ်သင်းစလုံး နာကျင် အချိန်ပိုရောက်မှ အဆုံးအဖြတ် ဂိုးတွေ ရခဲ့ကြပြီး အဲ့ဒီ ပွဲတုန်း ကတော့ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ရဲ့ သွင်းဂိုးနဲ့ နယ်သာလန်တို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဂျေလိဂ်
ဆန်ဖရက်ကီ ဟီရိုရှီးမား
ဆီရီဇို အိုဆာကာ
1X2 ဆန်ဖရက်ကီ ဟီရိုရှီးမား @ 2.10
ဂိုးပေါ် 2.25 @ 2.05
ဂိုးပေါင်း 2-3 @ 1.84
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

လူးဝစ် ဗန်ဟားလ် လက်ထက်မှာ ကမ္ဘာ့ဘောလုံး စင်မြင့်ထက်ကို ပြန်လည် တက်လှမ်းနိုင်ဖို့ မျှော်လင့်နေတဲ့ နယ်သာလန်တို့ သူတို့ အသင်းရဲ့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ မထင်မှတ်ပဲ ပိုလန်နဲ့ သရေကျခဲ့တဲ့ နယ်သာလန်တို့ ပွဲထွက်လူစာရင်း အပြောင်းအလဲတွေ အများကြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လိမ္မော်ရောင်တွေရဲ့ လက်ရှိ ခြေစွမ်းဟာ ဂုဏ်ထူး အဆင့် အဖြစ် သတ်မှတ်ဖို့ စောနေသေးပေမယ့် ခြေစွမ်း အတက်အကျ မှန်မှန်နဲ့ ရလဒ်တွေ ကောင်းအောင် စွမ်းဆောင်ထားနိုင်တာ ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ နေးရှင်းလိဂ် ရှုံးထွက် အဆင့် တက်ဖို့ တာဆူနေတဲ့ နယ်သာလန်တို့ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုကြောင့် လာမယ့် ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစာဆုံး စာရင်းမှာလည်း ပါဝင်လာခဲ့ပြီး ဗန်ဟားလ် အနေနဲ့ ဒက်ချ်တွေကို ဘယ်လောက် အတိုင်းအတာ အထိ လမ်းကြောင်းမှန်ပေါ် ပြန်လည် ပို့ဆောင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နယ်သာလန်တို့ အုပ်စု ၄ ကို ရမှတ် ၁၀ မှတ်နဲ့ ဦးဆောင်နေခဲ့ပြီး စပိန်၊ ဂျာမနီ တို့လို ရှုံးပွဲ မရှိသေးပဲ လက်ရှိ နေးရှင်းလိဂ် A မှာ ရမှတ် အများဆုံး ရထားတဲ့ အသင်း အဖြစ် ရပ်တည်နေခဲ့ပါတယ်။ ဝေးလ်စ် ကတော့ နေးရှင်းလိဂ် A အုပ်စု ၄ ပွဲ ကစားပြီးချိန်မှာ ၂ မှတ်သာ ရထားပြီး တတိယနေရာက ဘယ်ဂျီယံနဲ့ ၃ မှတ် ပြတ်နေတာကြောင့် လာမယ့် နှစ်မှာ နေးရှင်းလိဂ် B ကို ဆင်းကစားရဖို့ များသွားနေခဲ့ပြီလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် စက်တင်ဘာ ၂၃ မှ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ကစားရဖို့ ရှိပြီး နယ်သာလန်က ပိုလန်၊ ဝေးလ်စ်က ဘယ်ဂျီယံနဲ့ အဝေးကွင်း ပွဲစဉ်တွေ ကစားကြရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်