နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး ခြေစွမ်းပိုင်း စိုးရိမ်စရာ ရှိလာတဲ့ ပြင်သစ် | နေးရှင်းလိဂ် (ပွဲပြီးသုံးသပ်ချက်)

ခရိုအေးရှား ၁-၁ ပြင်သစ်

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် A အုပ်စု ၁ က ခရိုအေးရှားနဲ့ ပြင်သစ်တို့ရဲ့ ပွဲစဉ် ကတော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ပြင်သစ်တို့ မိနစ် ၈၀ ကျော်အထိ အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီး ပြန်ပေးလိုက်ရတဲ့ အန်ဒရီ ကာရာမာရစ်ရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းလုံး ပြီးခဲ့တဲ့ ပွဲက လူစာရင်းနဲ့ ကစားကွက်တွေကို အပြောင်းအလဲ ပြုလုပ်လာခဲ့ကြပြီး ခရိုအေးရှားက ၄-၁-၄-၁ အခင်းအကျင်းကို အသုံးပြုခဲ့သလို ပြင်သစ် ကတော့ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှားတို့ ဘူဒီမီယာ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ ကိုဗာချစ်၊ မိုဒရစ်၊ မာရှား၊ ဘရီကာလို၊ ဘရိုဇိုဗစ်၊ ခံစစ်မှာ အာလစ်၊ ဗီဒါ၊ ဂျူရန်နိုဗစ်၊ ဘာရီဆစ်၊ လစ်ဗာကိုဗစ် တို့ကို ပွဲထွက်စေခဲ့ပါတယ်။ ပြင်သစ် ဘက်မှာတော့ လူငယ်ကစားသမား အများစု ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဘန်ယက်ဒါ၊ ကွင်းလယ်၊ ခံစစ်နဲ့ ဂိုးမှာတော့ အန်ကွန်ကူ၊ ရာဘီယော့တ်၊ ဒီယာဘီ၊ ချူအာမန်နီ၊ ဂွန်ဒိုဇီ၊ ကင်မ်ဘမ်ပီ၊ ဆယ်လီဘာ၊ ပါဗက်၊ ဒစ်ဂ်နီး၊ မိုက်ဂ်နန် တို့ ပါဝင်လာခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ပြင်သစ်တို့ နေးရှင်းလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီး အဆင့် ၃ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့သလို ခရိုအေးရှား ကလည်း ရမှတ် ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ အုပ်စု အောက်ဆုံးကို ရောက်ရှိနေခဲ့တဲ့ ခရိုအေးရှား

ပြင်သစ်တို့ ပွဲစကတည်းက ကစားကွက် အသာနဲ့ ခရိုအေးရှားကို ဖိအားပေးနိုင်ခဲ့ပေမယ့် တိုက်စစ်က သေနေခဲ့လို့ ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ကွင်းလယ်က ချူအာမန်နီ၊ ဂွန်ဒိုဇီနဲ့ တောင်ပံက ရာဘီယော့တ်တို့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ကြပေမယ့် ခရိုအေးရှား နောက်တန်းက တိုက်စစ်လမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှား တို့ကလည်း ဘောလုံးရတာနဲ့ လျင်လျင်မြန်မြန်ပဲ တိုက်စစ် ပုံဖော်ဖို့ ကြိုးစားခဲ့ပေမယ့် တောင်ပံ နှစ်ဖက်က မေရှား၊ ဘရီကာလိုနဲ့ ဘူဒီမီရာ တို့ ခြေစွမ်းပျောက်ဆုံးနေတာကြောင့် အခွင့်အရေးတွေကို အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ပြင်သစ်တို့ ကစားအားတင်လာခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာ ရာဘီယော့တ်က ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ပြင်သစ် ဘက်ကဂရစ်ဇ်မန်း၊ ကာမာရာ၊ ကလော့စ် တို့ ဝင်ရောက်လာခဲ့သလို ခရိုအေးရှား ဘက်ကလည်း ပါဆာလစ်၊ အော်ဆစ်၊ ကရာမာရစ်၊ ဆူဆစ်၊ ဗလာဆစ်တို့ ထည့်ပြီး ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပါတယ်။ ပြင်သစ်တို့ မိနစ် ၈၀ ကျော်အထိ အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့ပေမယ့် အိမ်ရှင်တို့ကို ချေပဂိုး ပြန်ပေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ပြင်သစ် နောက်တန်းက ကလော့စ် အနေနဲ့ ကရာမာရစ်ကို ဂိုးဧရိယာထဲမှာ ဥပဒေပြင်ပ ဖျက်ထုတ်ခဲ့လို့ ကွင်းလယ်ဒိုင် ဂူဒါက VAR ပြန်ကြည့်ပြီး ခရိုအေးရှားကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ကရာမာရစ် ကပဲ အသာအယာ ကန်သွင်း အဆုံးသတ်ခဲ့လို့ ခရိုအေးရှားတို့ ချေပဂိုး ပြန်ရခဲ့ပြီး အဲ့နောက်ပိုင်းမှာတော့ ပွဲက ပိုပြီး အကြိတ်အနယ် ရှိခဲ့ပါတယ်။ နိုင်ပွဲ ပျောက်ဆုံးနေတဲ့ အသင်းတွေ ဖြစ်လို့ ၃ မှတ် မဖြစ်မနေ ရရှိဖို့ အတွက် လက်ကျန် မိနစ်တွေမှာ အပြန်အလှန် တိုက်စစ် ဖွင့်ကစားခဲ့ပေမယ့် သွင်းဂိုးတော့ ရအောင် မယူနိုင်ခဲ့တာကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးပြီး သရေ တစ်မှတ်စီ ခွဲယူခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ကမ္ဘာ့ချန်ပီယံ၊ နေးရှင်းလိဂ် လက်ရှိ ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ယှဉ်ပြိုင်နေတဲ့ ပြင်သစ်ရဲ့ ခြေစွမ်း ကတော့ တဖြည်းဖြည်းနဲ့ စိုးရိမ်စရာ ဖြစ်လာခဲ့ပြီလို့ပဲ ဆိုရပါမယ်။ နည်းပြ ဒက်ချမ့်စ် အနေနဲ့ ခြေစွမ်း‌ ခြေစ ရှိတဲ့ လူငယ် ကြယ်ပွင့်တွေကို နေရာပေးလာတာ မှန်ပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ ပွဲအဖြေကို ပြောင်းလဲ ပေးနိုင်ခြင်း မရှိတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ဘန်ဇီမာနဲ့ အမ်ဘာပေး ဒဏ်ရာရသွားခြင်း ကလည်း ပြင်သစ် အတွက် အားနည်းချက် တစ်ခု ဖြစ်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ပိုဆိုးတာက တခြား အသင်း မဟုတ်ပဲ ရွှေရောင်မျိုးဆက် တစ်ခု ကုန်သလောက် ဖြစ်နေတဲ့ ခရိုအေးရှားလို ခြေစွမ်း အတက်အကျ မမှန်တဲ့ အသင်းကို အနိုင်ရအောင် မကန်နိုင်တာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရလည်း သိသိသာသာ ကွာဟနေခြင်းမျိုး မရှိခဲ့ပဲ ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာ ဆိုရင် ခရိုအေးရှား တို့တောင် ပိုသာခဲ့တယ်လို့ ပြောလို့ ရပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဒိန်းမတ်
ခရိုအေးရှား
1X2 ခရိုအေးရှား @ 3.35
ဂိုးပေါ် 2.25 @ 2.06
ဂိုးပေါင်း 0-1 @ 2.47
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပွဲရလဒ်ကြောင့် ပြင်သစ်တို့ နေးရှင်းလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီး အဆင့် ၃ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့သလို ခရိုအေးရှား ကလည်း ရမှတ် ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ ပွဲစဉ် ၃ ကို ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ခရိုအေးရှားက ဒိန်းမတ်၊ ပြင်သစ်က ဩစတြီးယားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်