နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲဆက်နေတဲ့ လက်ရှိ ချန်ပီယံကို ပဲရစ်မှာ အနိုင်ရခဲ့တဲ့ ဒိန်းမတ် | နေးရှင်းလိဂ် ပွဲပြီးသုံးသပ်ချက်

ပြင်သစ် ၁-၂ ဒိန်းမတ်

နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဒိန်းမတ်တို့ ပြင်သစ်ကို State de France မှာ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပြင်သစ်တို့ ကာရင်မ် ဘင်ဇီမာရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒိန်းမတ်ရဲ့ ထိရောက်တဲ့ တန်ပြန် တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့လို့ အိမ်ကွင်း ရှုံးပွဲနဲ့ အတူ နိုင်ပွဲဆက်မှုလည်း ရပ်တန့်သွားခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီဒီယာ ဒက်ရွှမ့်စ်ရဲ့ အသင်းက ၃-၄-၁-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဒိန်းမတ် ကတော့ ၃-၄-၃ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ ပြင်သစ်ရဲ့ တိုက်စစ်မှာ ထုံးစံ အတိုင်း ဘန်ဇီမာနဲ့ အန်ဘာပေးပဲ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ဂရစ်ဇ်မန်း၊ ကန်တေ၊ ချာအာမန်နီ၊ ကိုမန်၊ ဟာနန်ဒက်ဇ် ညီနောင်၊ ကွန်ဒီ၊ ဗာရန်းနဲ့ ဂိုးမှာတော့ လိုရစ်ပဲ ပွဲထွက်ခဲ့ပါတယ်။ ဒိန်းမတ် ကတော့ တိုက်စစ်မှာ ဒိုးလ်ဘက်ဂျ်၊ အဲရစ်ခ်ဆင်နဲ့ အိုလ်ဆင် တို့ကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာ ဒီလာနီ၊ ဟွိုက်ဘယက်ဂျ် အတွဲအဖက်နဲ့ အတူ မာအဲလီ၊ ဝက်စ်၊ ခံစစ်နဲ့ ဂိုးမှာတော့ နဲလ်ဆင်၊ ဗက်စတာဂတ်၊ အန်ဒါဆင်တို့ ကစားခဲ့ပါတယ်။

ယူရို ၂၀၂၀ ပြီးကတည်းက ၉ ပွဲဆက် ရှုံးပွဲ မရှိသေးသလို နောက်ဆုံး ၇ ပွဲဆက် နိုင်ထားတဲ့ ကမ္ဘာ့ချန်ပီယံ ပြင်သစ်တို့ နေးရှင်းလိဂ် ကိုတော့ ရှုံးပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတဲ့ ပြင်သစ်

ပြင်သစ်တို့ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပြီး အန်ဘာပေး၊ ဘန်ဇီမာတို့ရဲ့ တိုက်စစ် ကလည်း ဒိန်းမတ် နောက်တန်းကို တစ်ဦးချင်းရော အသင်းလိုက်ပါ ထိုးဖောက်နိုင်ခဲ့ပါတယ်။ အန်ဘာပေးရဲ့ ဖန်တီးပေးမှု ကနေ ဘန်ဇီမာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ ပြင်သစ်တို့ ဦးဆောင်ဂိုးတော့ မရခဲ့ပါဘူး။ ဒိန်းမတ်ရဲ့ မာကျောတဲ့ ခံစစ်ကို ပြင်သစ်တို့ ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပြီး အဆုံးသတ် လိုအပ်ချက်တွေကြောင့် ပထမပိုင်း အပြီး မှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာတော့ ပြင်သစ်တို့ တိုက်စစ် ပိုမြှင့်လာခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ အန်ကွန်ကူရဲ့ ဖန်တီးပေးပို့မှု ကနေ ကာရင်မ် ဘန်ဇီမာက တစ်ကိုယ်တော် လိမ်ခေါက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာလည်း ပြင်သစ်တို့ ဂိုးတွေ ထပ်ရဖို့ နီးစပ်ခဲ့သေးပေမယ့် ဒိန်းမတ် နောက်တန်းနဲ့ ရှမိုက်ကယ်တို့ အမှားအယွင်း မရှိခဲ့လို့ ဧည့်သည်တို့ ကံကောင်းခဲ့ရပါတယ်။ ဗာရန်း ဒဏ်ရာရသွားချိန်မှာတော့ ပြင်သစ် နောက်တန်းက အမှားများလာခဲ့ပြီး ၆၈ မိနစ် မှာတော့ ဒိန်းမတ်တို့ လိုအပ်နေတဲ့ ချေပဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဟွိုက်ဘယက်ဂျ်ရဲ့ ကန်တင်ပေးပို့မှုကို လူစားဝင် တိုက်စစ်မှူး ကော်နယ်လီးယပ်စ်က အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁-၁ ဖြစ်သွားချိန်မှာ အပြန်အလှန် ရှိလာခဲ့ပြီး အိုလ်ဆင်ရဲ့ ကန်ချက် ဂိုးရဖို့ နီးစပ်ခဲ့သလို ကန်တေရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့တာကြောင့်လည်း ဒိန်းမတ်တို့ သက်သာရာရခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဒိန်းမတ်တို့ အနိုင်ဂိုး ရသွားခဲ့ပြီး လူစားဝင်လာပြီး နောက်ပိုင်း ခြေစွမ်းပြနေတဲ့ ကော်နာလီးယပ်စ် ကပဲ တန်ပြန် တိုက်စစ်က တစ်ဆင့် ပြင်သစ် နောက်တန်းက လိုက်လံတားဆီးနေတဲ့ကြားက လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပြင်သစ်တို့ လူစား အပြောင်းအလဲတွေ ထပ်လုပ်ခဲ့ပေမယ့် ဘာမှထူးခြားမလာခဲ့လို့ ၁-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ဒိန်းမတ်တို့ နေးရှင်းလိဂ် အဖွင့်လှသွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ချက်သမ္မတနိုင်ငံ
စပိန်
1X2 ချက်သမ္မတနိုင်ငံ @ 4.40
စပိန် အာရှ အကျောပေး -1.00 @ 2.25
ဂိုး‌ပေါ်် 2.50 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ပြင်သစ်တို့ တိုက်စစ် ကစားပုံ ကောင်းခဲ့သလို ဒိန်းမတ် ကလည်း သူတို့ရဲ့ ထုံးစံအတိုင်း ကွင်းလယ် ကနေ ခံစစ် အထိ မာကြောမှုကို ပြသနိုင်ခဲ့ပါတယ်။ အရေးကြီးတဲ့ အချိန်မှာ အခွင့်အရေးတွေ အသုံးချနိုင်ခြင်းက ကတ်စပါ ဟက်ဂျဲလ်မန်းရဲ့ အသင်းကို အဖိုးတန် နိုင်ပွဲ ရသွားခဲ့ပြီး ဒီရလဒ်ကြောင့် ဒိန်းမတ်တို့ ရမှတ် ၃ မှတ်နဲ့ နေးရှင်းလိဂ် အုပ်စု A ရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ယူရို ၂၀၂၀ ပြီးကတည်းက ၉ ပွဲဆက် ရှုံးပွဲ မရှိသေးသလို နောက်ဆုံး ၇ ပွဲဆက် နိုင်ထားတဲ့ ကမ္ဘာ့ချန်ပီယံ ပြင်သစ်တို့ နေးရှင်းလိဂ် ကိုတော့ ရှုံးပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ လူငယ် ကစားသမားတွေကို နေရာပေးလာတဲ့ ပြင်သစ်တို့ အတွေ့အကြံပိုင်း လိုအပ်ချက် ရှိခဲ့ပြီး နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတဲ့ အပြင် ဗာရန်းနဲ့ အဓိက ကစားသမား တချို့ ဒဏ်ရာရသွားတာကြောင့်လည်း နစ်နာခဲ့ရပါတယ်။

ဒီအတိုင်း ဆိုရင်တော့ ဩစတြီးယား၊ ခရိုးအေးရှား၊ ပြင်သစ်နဲ့ ဒိန်းမတ် တို့ ပါဝင်တဲ့ နေးရှင်းလိဂ် အုပ်စု A ကတော့ ထင်ထားတာထက် ပိုမို စိတ်ဝင်စားဖို့ ကောင်းလာဖို့ ရှိပြီး ဘယ်အသင်း ရှုံးထွက်တက်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၇ ရက်နေ့မှာ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ကစားရဖို့ ရှိပြီး ဒိန်းမတ်က ဩစတြီးယား၊ ပြင်သစ်က ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်