နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်ဂျီယံ – ပိုလန် | နေးရှင်းလိဂ် A အုပ်စု ၄ (ပွဲကြိုသုံးသပ်ချက်)

ဘယ်ဂျီယံ – ပိုလန်

လာမယ့်ရက်မှာ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး အုပ်စု ၄ မှာတော့ နာမည်ကြီး ဘယ်ဂျီယံနဲ့ ပိုလန် တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၂ နေရာကို ဆင်းပေးရပြီး နောက်ပိုင်း ခြေပျက်နေတဲ့ ဘယ်ဂျီယံတို့ ခြေစွမ်း မာကျောတဲ့ ပိုလန်ကို အိမ်ကွင်းမှာ အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက် နေးရှင်လိဂ် မှာတော့ အသင်းကြီး တော်တော်များများ ရုန်းကန်နေရပြီး အဲ့ဒီ အထဲမှာ ဘယ်ဂျီယံလည်း ထိပ်ဆုံးက ပါနေပါတယ်။ ပြောရမယ် ဆိုရင် ဘယ်ဂျီယံတို့ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းလောက်က စပြီး ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အက်စတိုးနီးယားနဲ့ နိုင်ငံခြေစမ်းပွဲမှာ အာဖရိက အသင်းငယ်လေး ဘာကီနာဖာဆို တို့ကို နိုင်ထားတာ ဖြစ်လို့ သိပ်တော့ အထင်ကြီးစရာ မရှိပါဘူး။ ပြင်သစ်၊ အီတလီ၊ နယ်သာလန် တို့ကို ရှုံးပြီး ဝေးလ်စ်နဲ့ အိုင်ယာလန်ကို သရေကျထားတဲ့ ဘယ်ဂျီယံရဲ့ ခြေစွမ်းက အနည်းငယ် မေးခွန်းထုတ်စရာ ရှိနေခဲ့ပြီလို့ ပြောရပါမယ်။ အဆိုးဆုံး ကတော့ ပြီးခဲ့တဲ့ နေးရှင်းလိဂ် အဖွင့်ပွဲမှာ နယ်သာလန်ကို ခြေပြတ်၊ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး မာတီနက်ဇ်နဲ့ ဘယ်ဂျီယံ အသင်းသားတွေ အတွက် ပြန်လည် နိုးထချိန် တန်ပြီဆိုတဲ့ သံချောင်း ခေါက်သံ ဖြစ်ပါတယ်။ လက်ရှိ စုဖွဲ့မှု အရတော့ ဘယ်ဂျီယံ ဟာ ရွှေရောင်မျိုးဆက် လက်ကျန် ကစားသမားတွေနဲ့ အတူ ဟိတ်ဟန်ကောင်းနေဆဲလို့ ပြောလို့ ရပါတယ်။ လူကာကူ လွဲချော်နိုင်ဖွယ် ရှိနေပေမယ့် မာတန်စ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ ကီဗင် ဒီဘရိုင်းနား၊ ထရော့ဆက်ဒ်တို့ ရှိနေလို့ စိတ်ပူစရာ မရှိပေမယ့် အဓိက ဂိုးသမား သီဘို ကော့တွာစ် ဒဏ်ရာရနေတာကြောင့် ဘယ်ဂျီယံရဲ့ ခံစစ်က ကျိန်းသေပေါက် အားနည်းနေဦးမှာပါ။

လက်ရှိမှာ ပိုလန်တို့ နေးရှင်းလိဂ် A အုပ်စု ၄ မှာ နယ်သာလန်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ရှိနေခဲ့ပြီး ခြေစွမ်းပိုင်း မဆိုးတဲ့ အသင်းလို့ ပြောလို့ ရပါတယ်။
နေးရှင်းလိဂ် A အုပ်စု ၄ ရဲ့ အဆင့် ၂ နေရာမှာ ရှိနေတဲ့ ပိုလန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ကာစတီးလ်၊ ဘိုယာတာ၊ အန်ဒါဝီရယ်၊ ဗာတွန်ဂန်၊ ဒန်ဒွန်ကာ၊ တေးလီမန့်စ်၊ ကာရက်စ်ကို၊ မြူနီယာ၊ ဒီဘရိုင်းနား၊ ထရော့ဆက်ဒ်၊ မာတန်စ်

ပိုလန် က‌တော့ အဖွင့်ပွဲမှာ ဆွိုင်ဒါစကီးရဲ့ နောက်ကျဂိုးနဲ့ ဝေးလ်စ်ကို ၂-၁ နဲ့ အနိုင်ရထားပြီး အဖိုးတန် ၃ မှတ် ရရှိထားခဲ့တယ်လို့ ဆိုရပါမယ်။ လက်ရှိမှာ ပိုလန်တို့ နေးရှင်းလိဂ် A အုပ်စု ၄ မှာ နယ်သာလန်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ရှိနေခဲ့ပြီး ခြေစွမ်းပိုင်း မဆိုးတဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ဟန်ဂေရီ တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန် ၉ ပွဲမှာ ၇ ပွဲနိုင်ပြီး ၂ ပွဲ သရေကျထားပါတယ်။ နောက်ဆုံး ပွဲမှာ ဝေးလ်စ်ကို နောက်ကျဂိုးနဲ့ ကပ်နိုင်ခဲ့တယ် ဆိုပေမယ့် တစ်ပွဲလုံး အတိုင်းအတာနဲ့တော့ ခြေစွမ်းပိုင်း အသာရခဲ့တဲ့ အတွက် ပိုလန်ရဲ့ ခြေစွမ်းခြေစကို လျှော့တွက်လို့တော့ မရပါဘူး။ နောက်ပြီး ပိုလန်ဟာ အသင်းကြီးတွေနဲ့ တွေ့ရင် သိသိသာသာ အားစိုက်တတ်တဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ စုဖွဲ့မှု အရဆိုရင် ပိုလန်တို့ သက်ဆိုင်ရာ ကလပ် အသင်းတွေမှာ ခြေစွမ်းပြနေတဲ့ ရောဘတ် လီဝမ်ဒေါစကီး၊ ဇီလင်းစကီး၊ ဇာလက်စကီး၊ ခရိုင်ချိုဝိတ်ခ်၊ ကလစ်ချ်၊ ဘက်ဒ်နာရက်ခ်၊ ရှက်ဇီနီ တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ အခုပွဲကိုတော့ ဂျကော့ဗ် မိုဒါ တစ်ဦးတည်း လွဲချော်မယ်လို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ရှက်ဇီနီ၊ ဂလစ်ခ်၊ ဘက်ဒ်နာရက်ခ်၊ ဘရက်ဇင်းစကီး၊ ပူချက်ဇ်၊ ကလစ်ချ်၊ ခရိုင်ချိုဝိတ်ခ်၊ ဇာလက်စကီး၊ ဇီလင်းစကီး၊ လီဝမ်ဒေါစကီး၊ ဆွိုင်ဒါစကီး

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
အဂ်လန်
အီတလီ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာတော့ ဘယ်ဂျီယံက ၂ ကြိမ်နိုင်ပြီး ပိုလန်က ၂ ကြိမ် အနိုင်ရကာ၊ ၁ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်သင်းဟာ ၂၀၀၇ ခုနှစ် နောက်ပိုင်း ကတည်းက တစ်ကြိမ်တစ်ခါမှ တွေ့ဆုံထားခြင်းတော့ မရှိပါဘူး။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဘယ်ဂျီယံ အတွက် ၁.၆၆ ဆ၊ ပိုလန် အတွက် အတွက် ၄.၇၀ ဆ၊ သရေ အတွက် ၃.၈၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ကစားသမားကောင်းတွေ ရှိနေပေမယ့် ခြေစွမ်း မတည်ငြိမ်သေးတဲ့ ဘယ်ဂျီယံတို့ ပိုလန်ကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာပါ။ လက်ရှိ အုပ်စု ရပ်တည်မှု အရ ဘယ်ဂျီယံတို့ မဖြစ်မနေ နိုင်ပွဲ ပြန်ရှာရမယ့် အချိန် ဖြစ်ပါတယ်။ ပိုလန် ကလည်း အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် ဘယ်ဂျီယံတို့ တကယ်တမ်း အားစိုက်လာရင်တော့ ထိန်းချုပ်ရခက်နိုင်ချေ ရှိပါတယ်။ ဘယ်ဂျီယံတို့ နိုင်ပွဲ ပြန်ရှာတွေ့မယ့် ပွဲလို့ပဲ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ဘယ်ဂျီယံ ၂-၁ ပိုလန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်