နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဩစတြီးယား – ပြင်သစ် | နေးရှင်းလိဂ် A အုပ်စု ၁ (ပွဲကြိုသုံးသပ်ချက်)

ဩစတြီးယား – ပြင်သစ်

နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဩစတြီးယားတို့ ပြင်သစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ လက်ရှိမှာ နည်းပြသစ်နဲ့ ခြေစွာနေတဲ့ ဩစတြီးယားတို့ ပုံစံကောင်း ပျောက်ဆုံးနေတဲ့ ပြင်သစ်ကို ဘယ်လောက် အတိုင်းအတာအထိ ဒုက္ခပေးနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဩစတြီးယား ကတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဟောင်းနဲ့ အကြံပေးဟောင်း ရန်းညက်ခ်နဲ့ တွေ့မှ ပုံစံကောင်းရနေတယ်လို့ ပြောလို့ ရပါတယ်။ အဖွင့်ပွဲမှာ ခရိုအေးရှားကို အားရစရာ ခြေစွမ်းနဲ့ အနိုင်ရခဲ့သလို ပြီးခဲ့တဲ့ ပွဲမှာလည်း ဒိန်းမတ်ကို ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် ခြေစွမ်း အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒိန်းမတ်နဲ့ ပွဲမှာ အဓိက အားနည်းသွားခဲ့တာက ကွင်းလယ်နဲ့ တိုက်စစ်ပိုင်း ဖြစ်ပြီး ဆဘစ်ဇာ၊ အာနူတိုဗစ် တို့ကိုသာ စောစောစီးစီး ထည့်ခဲ့ရင် ဩစတြီးယားတို့ ၃ မှတ် ရနိုင်တဲ့ အခြေအနေမျိုး ရှိခဲ့ပါတယ်။ လက်ရှိ နေးရှင်းလိဂ် A အုပ်စု တတိယနေရာမှာ ရမှတ် ၃ မှတ်နဲ့ ရပ်တည်နေတဲ့ ဩစတြီးယားတို့ အခုပွဲမှာ မဖြစ်မနေ ရမှတ် ရှာဖွေဖို့ လိုအပ်တာကြောင့် ကျိန်းသေပေါက် အားစိုက်လာနိုင်ပြီး ရန်းညက်ခ် အနေနဲ့လည်း အဓိက ကစားသမားတွေကို ပွဲထုတ်လာနိုင်ပါတယ်။ ထုံးစံ အတိုင်း ၃ ယောက်တွဲ ခံစစ်နဲ့ပဲ ပွဲထွက်လာနိုင်ပြီး အလာဘာ၊ ဝိုဘာ၊ ပေါ့ရှ် တို့နဲ့ အတူ လိုင်နာ၊ လိုင်မာ၊ ဆဘစ်ဇာ၊ အာနူတိုဗစ်၊ အွန်နီဆီဝို တို့ ပါဝင်လာဖို့ များပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဟန်ဂေရီ
ဂျာမနီ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ပန့်ဇ်၊ ပေါ့ရှ်၊ အလာဘာ၊ ဝိုဘာ၊ လိုင်နာ၊ လိုင်မာ၊ ရှလာဂါ၊ ဝီးမန်း၊ ဆဘစ်ဇာ၊ အာနူတိုဗစ်၊ အွန်နီဆီဝို
ပြင်သစ် ကတော့ ယူရို ၂၀၂၀ ပြီးကတည်းက ရှုံးပွဲမရှိ နိုင်ပွဲတွေ ဆက်ခဲ့ပြီးမှ နေးရှင်းလိဂ်မှာ တိုင်ပတ်နေတဲ့ အသင်း ဖြစ်ပါတယ်။

တကယ်တမ်း ဒီဒီရာ ဒက်ရွှမ့်စ်ရဲ့ အသင်းက ပြိုင်ဘက် အားလုံး ထိတ်လန့်ရလောက်တဲ့ လူစာရင်းမျိုး ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ ရပြီး လာမယ့် ကမ္ဘာ့ဖလား မှာတောင် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ရှိနေတဲ့ အသင်း ဆိုပြီး တော်တော်များများက လက်ခံထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြယ်ပွင့် ကစားသမားတွေနဲ့ ပွဲထွက်နေသည့် တိုင်အောင် ရလဒ်ကောင်းဖို့ ရုန်းကန်ရနေပြီး လူငယ်ကစားသမားတွေရဲ့ ပါးနပ်မှု၊ အတွေ့အကြုံပိုင်း လိုအပ်ချက်တွေက ပြင်သစ် တို့ကို နိုင်ပွဲ ရဖို့ ခက်ခဲနေစေတယ်လို့ ပြောလို့ ရပါတယ်။ ပြီးခဲ့တဲ့ ခရိုအေးရှားနဲ့ နေးရှင်းလိဂ် ပွဲမှာ ဆိုရင် ပြင်သစ်ရဲ့ ခြေစွမ်းဟာ တော်တော်လေး အားရစရာ ကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေ ရှိခဲ့သလို ကရာမာရစ်ရဲ့ နောက်ကျဂိုးကြောင့်သာ သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘန်ဇီမာနဲ့ အမ်ဘာပေး မပါနိုင်ခဲ့တာကြောင့်လို့လည်း ပြောလို့ ရပါတယ်။ အခုပွဲမှာတော့ ဒက်ရွှမ့်စ် အနေနဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပြန်လည် ပွဲထုတ်လာနိုင်ပြီး တိုက်စစ်မှာလည်း အမ်ဘာပေး၊ ဘန်ဇီမာ၊ ဂရစ်ဇ်မန်း၊ ကန်တေ၊ ကင်ပမ်ဘီ၊ ကွန်ဒေး၊ ဟာနန်ဒက်ဇ် ညီနောင်နဲ့ လိုရစ်တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

လက်ရှိ နေးရှင်းလိဂ် A အုပ်စု တတိယနေရာမှာ ရမှတ် ၃ မှတ်နဲ့ ရပ်တည်နေတဲ့ ဩစတြီးယားတို့ အခုပွဲမှာ မဖြစ်မနေ ရမှတ် ရှာဖွေဖို့ လိုအပ်တာကြောင့် ကျိန်းသေပေါက် အားစိုက်လာနိုင်ပြီး ရန်းညက်ခ် အနေနဲ့လည်း အဓိက ကစားသမားတွေကို ပွဲထုတ်လာနိုင်ပါတယ်။
နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဩစတြီးယား

ဖြစ်နိုင်ဖွယ်လူစာရင်း – လိုရစ်၊ ကင်ပမ်ဘီ၊ ကွန်ဒေး၊ လူးကပ်စ် ဟာနန်ဒက်ဇ်၊ သီယို ဟာနန်ဒက်ဇ်၊ ကလော့စ်၊ ကန်တေ၊ ဂွန်ဒိုဇီ၊ ဂရစ်ဇ်မန်း၊ အမ်ဘာပေး၊ ဘန်ဇီမာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်မှာတော့ ပြင်သစ်တို့ ၃ ကြိမ်နိုင်ပြီး ဩစတြီးယား ကတော့ ၂ ကြိမ် အနိုင်ရထားပါတယ်။ ထူးခြားချက်က ဒီနှစ်သင်း‌ နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ် စလုံးမှာ အပြန်အလှန် သွင်းဂိုးတွေ များခဲ့တာ ဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ နောက်ဆုံး အကြိမ် တွေ့ဆုံထားခဲ့တာ ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဩစတြီးယား အတွက် ၄.၁၀ ဆ၊ ပြင်သစ် အတွက် ၁.၈၀ ဆ၊ သရေ အတွက် ၃.၆၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဒီနှစ်သင်းကို ယှဉ်တဲ့ အခါမှာ လူစာရင်း အရရော ခြေစွမ်းပိုင်း အရရော ပြင်သစ်ကို ဩစတြီးယားတို့ ယှဉ်ဖို့ ခက်ပါတယ်။ ပြင်သစ်သာ တကယ်တမ်း ပုံစံကောင်း ပြန်ရသွားရင် ဩစတြီးယားတို့ ဘယ်လိုမှ မချောင်နိုင်ပါဘူး။ ပြင်သစ်တို့ အချိန်မီ ပြန်လည် နိုးထချိန်တန်ပါပြီ။ တစ်ဂိုးအသာလောက်နဲ့ပဲ ကပ်နိုင်သွားမယ် ထင်ပါတယ်။


ခန့်မှန်းရလဒ်

ဩစတြီးယား ၁-၂ ပြင်သစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်