နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၂ ခုနှစ်ရဲ့ ဘယ်လွန်ဒေါဆု အတွက် ထိပ်ဆုံးက ရေပန်းစားနေတဲ့ ကစားသမား ၅ ဦး

ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ အတူ ရာသီသိမ်းခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကတော့ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်ခဲ့ပြန်တယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ လိဂ် အသီးသီးနဲ့ ရှုံးထွက်ပြိုင်ပွဲတွေမှာ ဥရောပ ထိပ်သီး ကလပ်တွေရဲ့ အားပြိုင်မှုဟာ စိတ်လှုပ်ရှားစရာ ကောင်းခဲ့သလို လစ်ဗာပူးလ်နဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကလည်း ပရိသတ်တွေ အတွက် ရသ အပြည့်ပေးတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အားရစရာ ကောင်းတဲ့ ပြိုင်ဆိုင်မှုတွေ ကြားမှာ ဘယ်အသင်းတွေ ချန်ပီယံ ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ခဲ့ရသလို ၂၀၂၂ ခုနှစ်ရဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲမှာ ဘယ်သူတွေ အောင်ပွဲခံသွားမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အချိန် ရောက်လာခဲ့ပါပြီ။

ဒါကြောင့် အခုတစ်ခါ မှာတော့ Goal.com က ဖော်ပြလာတဲ့ ဘယ်လွန်ဒေါဆု အတွက် ထိပ်ဆုံးက ရေပန်းစားနေတဲ့ ကစားသမား စာရင်း ကို SBOTOP ပရိသတ်တွေ အတွက် ပြန်လည် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ ထူးခြားချက် ကတော့ ဒီနှစ် ဘယ်လွန်ဒေါဆု အတွက် ရွေးချယ်မှုဟာ အရင်နှစ်တွေနဲ့ မတူပဲ ကစားသမားတွေရဲ့ ၂၀၂၂ ခုနှစ် တစ်နှစ် အတွင်း စွမ်းဆောင်ရည်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။


၅။ ကီလီယန် အန်ဘာပေး (ပီအက်စ်ဂျီ)

၂၀၂၂ ခုနှစ် အတွင်း စွမ်းဆောင်ရည်နဲ့ အောင်မြင်မှု – သွင်းဂိုး ၄၈ ဂိုး၊ ဖန်တီးမှု ၃၁ ကြိမ်။ လီဂူးဝမ်း ဖလား၊ ယူအီးအက်ဖ်အေနေးရှင်းလိဂ် ဖလား။

လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ အသင်းနဲ့ ၃ နှစ် သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ကီလီယန် အန်ဘာပေး ကတော့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီနဲ့ လီဂူးဝမ်းဖလား၊ ပြင်သစ် လက်ရွေးစင်အသင်းနဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဖလားတွေ ကိုင်မြှောက်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် အပါအဝင် အခြား ရသင့်ရထိုက်တဲ့ ပြင်သစ် ပြည်တွင်း ဆုဖလားတွေနဲ့တော့ လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နှစ် အတွင်း ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၄၈ ဂိုးသွင်းပြီး၊ ၃၁ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ အန်ဘာပေးဟာ တော်ရုံ တိုက်စစ်မှူးတွေ စွမ်းဆောင်ဖို့ မလွယ်တဲ့ မှတ်တမ်းကောင်း တစ်ခု ပိုင်ဆိုင်ထားခဲ့တာ ဖြစ်လို့ ထိပ်ဆုံး ၅ ဦးစာရင်းမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ကြယ်ပွင့်ဟာ စပိန် ထိပ်သီး ရီးရဲယ်မက်ဒရစ် အသင်းနဲ့ သဘောတူညီမှု ရရှိပြီးမှ ပဲရစ်မှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။


၄။ ရောဘတ်လီဝမ်ဒေါစကီး (ဘေယန်မြူးနစ်)

၂၀၂၂ ခုနှစ် အတွင်း စွမ်းဆောင်ရည်နဲ့ အောင်မြင်မှု – သွင်းဂိုး ၅၆ ဂိုး၊ ဖန်တီးမှု ၁၁ ကြိမ်။ ဘွန်ဒက်စ်လီဂါ ဖလား၊ ဂျာမန် စူပါဖလား။
မနှစ်ကထက် မလျော့တဲ့ စွမ်းဆောင်ရည်တွေနဲ့ ဂျာမန် ဘီလူး တို့ရဲ့ ဂိုးသွင်းစက် ရောဘတ်လီဝမ်ဒေါစကီး ကတော့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ ဘေယန်မြူးနစ် အတွက် ၂၀၂၂ ခုနှစ် အတွင်း ပြိုင်ပွဲစုံမှာ ၅၆ ဂိုးသွင်းပြီး ၁၁ ဂိုး ဖန်တီးပေးခဲ့တဲ့ လီဝမ်ဒေါစကီးဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ အတည်ပြုထားသလို ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့လည်း နီးစပ်နေသူ ဖြစ်ပါတယ်။ အသက် ၃၃ နှစ် အရွယ် ပိုလန် တိုက်စစ်မှူးကြီး အနေနဲ့ ဘေယန်နဲ့ ဘွန်ဒက်စ်လီဂါ၊ ဂျာမန် စူပါဖလား တို့သာ ရရှိခဲ့ပေမယ့် သူ့ရဲ့ သွင်းဂိုးနဲ့ ဖန်တီးမှုတွေက သူဘယ်လောက် စွမ်းဆောင်နိုင်ခဲ့သလဲ ဆိုတာ သက်သေထူထားနိုင်ဆဲ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ရာသီတွေက ဘယ်လွန်ဒေါဆု ရဖို့ တော်တော်လေး နီးစပ်ခဲ့ပေမယ့် ကိုဗစ် ၁၉နဲ့ လီယွန်နယ် မက်ဆီတို့ကြောင့် တေ့လွဲခဲ့ရသူလည်း ဖြစ်ပါတယ်။


၃။ မိုဟာမက်ဆာလာ (လစ်ဗာပူးလ်)

မိုဟာမက်ဆာလာရဲ့ အသင်းဖော် ဆာဒီယို မာနေး ကတော့ ဒီနှစ် ဘယ်လွန်ဒေါဆုနဲ့ အရမ်းကို နီးစပ်နေတဲ့ ကစားသမား ဖြစ်ပါတယ်။
လစ်ဗာပူးလ်တို့ ဖလား ၂ လုံး ချန်ပီယံ ဖြစ်ဖို့ အဓိက စွမ်းဆောင်ပေးခဲ့တဲ့ မာနေးနဲ့ ဆာလာ

၂၀၂၂ ခုနှစ် အတွင်း စွမ်းဆောင်ရည်နဲ့ အောင်မြင်မှု – သွင်းဂိုး ၃၃ ဂိုး၊ ဖန်တီးမှု ၁၉ ကြိမ်။ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား။
၂၀၂၁-၂၀၂၂ ရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် မိုဟာမက် ဆာလာ ကတော့ ထုံးစံ အတိုင်း ထိပ်ဆုံး ၃ ဦးစာရင်းမှာ ပါဝင်လာခဲ့ပြန်ပါတယ်။ ဆာလာဟာ အီဂျစ်နဲ့ အာဖရိကဖလားမှာ ဒုတိယသာ ရခဲ့သလို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် တို့မှာလည်း ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပေမယ့် သူ့ရဲ့ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေက ဘယ်လွန်ဒေါဆု ကို ခြိမ်းခြောက်နိုင်တဲ့ ထိပ်ဆုံး ၃ ဦးစာရင်းမှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့တော့ ပြောလို့ ရပါတယ်။


၃။ ဆာဒီယို မာနေး (လစ်ဗာပူးလ်)

၂၀၂၂ ခုနှစ် အတွင်း စွမ်းဆောင်ရည်နဲ့ အောင်မြင်မှု – သွင်းဂိုး ၂၉ ဂိုး၊ ဖန်တီးမှု ၅ ကြိမ်။ အာဖရိကနိုင်ငံများဖလား၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား။

မိုဟာမက်ဆာလာရဲ့ အသင်းဖော် ဆာဒီယို မာနေး ကတော့ ဒီနှစ် ဘယ်လွန်ဒေါဆုနဲ့ အရမ်းကို နီးစပ်နေတဲ့ ကစားသမား ဖြစ်ပါတယ်။ ဆီနီဂေါ လက်ရွေးစင် အသင်း အာဖရိကနိုင်ငံများဖလားကို ပထမဦးဆုံး အကြိမ် ကိုင်မြှောက်ခွင့် ရရှိအောင် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဆာဒီယို မာနေး အနေနဲ့ ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ လွဲချော်ခဲ့တာကြောင့်တော့ ဘယ်လွန်ဒေါဆု မျှော်လင့်ချက် အနည်းငယ် မှေးမှိန်သွားပြီလို့ ပြောလို့ ရပါတယ်။


၃။ ကာရင်မ် ဘန်ဇီမာ (ရီးရဲယ်မက်ဒရစ်)

၂၀၂၂ ခုနှစ် အတွင်း စွမ်းဆောင်ရည်နဲ့ အောင်မြင်မှု – သွင်းဂိုး ၄၇ ဂိုး၊ ဖန်တီးမှု ၁၅ ကြိမ်။ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလား၊ စပိန်စူပါဖလား။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ခရိုအေးရှား
သြစတြီးယား
1X2 သြစတြီးယား @ 3.25
ဂိုးပေါ် 2.50 @ 2.25
ဂိုးပေါင်း 0-1 @ 2.57
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အသက်ကြီးမှ အစွမ်းပြနေတဲ့ နှစ်ချို့ဝိုင် ကာရင်မ် ဘန်ဇီမာရဲ့ ၂၀၂၂ ခုနှစ် အတွင်း စွမ်းဆောင်ရည်တွေ ကတော့ အားရစရာ ကောင်းလွန်းပါတယ်။ ပြိုင်ပွဲစုံမှာ ၄၇ ဂိုး သွင်းနိုင်ခဲ့ပြီး ဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်နိုင်ခဲ့သလို ပြင်သစ် အတွက် နေးရှင်းလိဂ်၊ ရီးရဲယ်မက်ဒရစ် အတွက် ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်စူပါဖလား တို့ ရယူပေးခဲ့တဲ့ အဓိက ကစားသမား တစ်ဦး ဆိုရင်လည်း မမှားပါဘူး။ အခက်ခဲဆုံး လမ်းကြောင်း ကနေ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ရေး ရီးရဲယ်မက်ဒရစ် တစ်သင်းလုံးကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့တဲ့ ဘန်ဇီမာ ကတော့ ၂၀၂၂ ခုနှစ်ရဲ့ ဘယ်လွန်ဒေါဆုနဲ့ အထိုက်တန်ဆုံး ကစားသမားလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ကစားသမား ၁၀ ဦး ကတော့…

၁။ ကာရင်မ် ဘန်ဇီမာ

၂။ ဆာဒီယို မာနေး

၃။ မိုဟာမက်ဆာလာ

၄။ ရောဘတ်လီဝမ်ဒေါစကီး

၅။ ကီလီယန် အန်ဘာပေး

၆။ ကီဗင် ဒီဘရိုင်းနား

၇။ ဗင်နီးစီးယပ်စ် ဂျူနီယာ

၈။ လူကာ မိုဒရစ်

၉။ ဖေးလ် ဖိုဒန်

၁၀။ ထရန့် အလက်ဇန္တား အာနိုးလ်


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်