နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာရဲ့ ပရီးမီးယားလိဂ် ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို ရပ်တန့်မယ့် အဖြူရောင်တပ်သားများ

အက်စတွန်ဗီလာ vs လိဒ်စ်ယူနိုက်တက်

အခုတစ်ပတ် ပရီးမီယားလိဂ် ပွဲစဉ် ၆ရဲ့ အစောဆုံး ပွဲစဉ်တစ်ပွဲ မှာတော့ အက်စတွန်ဗီလာအသင်းဟာ လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်းဗီလာပါ့ခ်မှာ ဧည့်ခံကစားဖို့ ရှိနေပါတယ်။ လတ်တလော ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတဲ့ ဗီလာတို့ ၁၆နှစ်အကြာမှ ပရီးမီးယားလိဂ် ကို တန်းပြန်တက်လာပြီး အံ့အားသင့်ဖွယ် ခြေစွမ်းတွေ ပြသထားနိုင်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ တွေ့ဆုံနေတာဖြစ်လို့ SBOTOP ပရီးမီးယားလိဂ် ပရိတ်သတ် ‌တွေ သဘောကျ အကြိုက်တွေ့မယ့် ပွဲ‌ကောင်းတစ်ပွဲဖြစ်လာဦးမှာပါ။

အိမ်ရှင် အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုံရဲ့ အထက် ၁ မှတ်အသာနဲ့ အဆင့် ၁၇နေရာမှာ ရပ်တည်ခဲ့ပေမယ့် လက်ရှိရာသီမှာတော့ အံဩသင့်စရာ ခြေစွမ်းတွေနဲ့ အတူ ၄ ပွဲကစားပြီး ၄ ပွဲအနိုင် ရမှတ် ၁၂ မှတ်ရရှိထားပါတယ်။ ဗီလာတို့ ထိပ်ဆုံးက အဲဗာတန်ထက် ၁ ပွဲလျော့ ကစားထားပေမယ့် ရမှတ် ၁မှတ်သာ ကွာဟနေပြီး ဂိုးကွာခြားချက်မှာလည်း ၁၀ ဂိုးအထိ ရှိထားလို့ ကျန် ပရီးမီးယားလိဂ် အသင်းတွေ အားလုံးထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်တာပါ။ အက်စတွန်ဗီလာတို့ အဖွင့်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံခဲ့ပေမယ့်လည်း ပွဲရွှေ့ခဲ့တာကြောင့် ဒုတိယပွဲစဉ်မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ စတင်ကစားခဲ့ရပါတယ်။ အက်စတွန်ဗီလာတို့ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့်ကတော့ လှပခဲ့ပါတယ်။ ဒုတိယပွဲစဉ်မှာတော့ အစဉ်အလာအရ အသာရလေ့မရှိတဲ့ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရခဲ့ပြန်ပါတယ်။ အဲ့နောက်ကြားရက်မှာ  ကစားခဲ့တဲ့  ခါရာဘောင်ဖလား စတုတ္တအဆင့် ပွဲစဉ်မှာတော့ ချန်ပီယံရှစ်ကလပ် စတုပ်စီးတီး အသင်းကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ အဲ့‌နောက် ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် လက်ရှိချန်ပီယံ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး သမိုင်းဝင်နိုင်ပွဲနဲ့အတူ  ဘောလုံးပရိတ်သတ်တွေ  အားလုံးကို ဟာကနဲ ဟင်ခနဲ ဖြစ်သွားစေမယ့် စွမ်းဆောင်ရည်မျိုး ပြသသွားခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးပါဆိုတဲ့ ခံစစ်၊ ကမ္ဘာ့အကောင်းဆုံးပါဆိုတဲ့ တိုက်စစ်တို့ကို ပိုင်ဆိုင်ထားတဲ့ ဒိတ်ဒိတ်ကြဲ လစ်ဗာပူးလ်ကိုမှ ၇-၂ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြခဲ့ပါတယ်။ အက်စတွန်ဗီလာတို့ ဒီရာသီမှာ တကယ်ပဲခြေစွမ်း ထက်မြက်နေတာလား၊ ဒါမှမဟုတ် ကံပဲကောင်းနေတာလား ဆိုတဲ့ မေးခွန်းကိုတော့ ပွဲစဉ် ၅ အဖြစ် ကစားခဲ့တဲ့  လက်စတာစီးတီးနဲ့ ပွဲက အဖြေထုတ်ပေးခဲ့ပါတယ်။ အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရပေမယ့် ပွဲချိန် မိနစ် ၉၀ လုံးလုံး  ပြိုင်ဘက်ကို သူတင်ကိုယ်တင်ကစားပြီး ပွဲပြီးလို့ နာကျင် အချိန်ပို ၁ မိနစ်မှာ ရော့စ်ဘာကလေရဲ့ လှပတဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နည်းပြဒင်းန်စမစ် ကိုင်တွယ်နေတဲ့ ဗီလာအသင်း နိုင်ပွဲဆက်နေရခြင်းရဲ့  အဓိက အကြောင်းရင်းတွေ ကတော့ အိုလီဝက်ကင်စ်၊ ဘာထရန် ထရာအို‌ရေး၊ တိုင်ရုန်းမင်းန်စ်၊ ရော့စ်ဘာကလေ လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာ အပြင် အာဆင်နယ် ဂိုးသမားမာတီနက်ဇ်ကို အရခေါ်ယူခဲ့တာကလည်း မှန်ကန်တဲ့ လုပ်ဆောင်မှုတွေလို့ ပြောလို့ရပြီး ယူနိုက်တက်နဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တဲ့ ဂျက်ဂရေးလစ်ရှ် ကို ထိန်းသိမ်းနိုင်ခဲ့တာကတော့ ဗီလာ ဘုတ်အဖွဲ့ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

 
ဧည့်သည် လိဒ်စ်ယူနိုက်တက်ကတော့ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် တန်းပြန် တက်လာခဲ့ပြီး ကမ္ဘာကျော် နည်းပြ မာဆယ်လို ဘီရာဆာရဲ့ ဦးဆောင်မှုနဲ့  အတူ ပရီးမီးယားလိဂ် ကို အရှိန်ပြင်းပြင်း နဲ့ ပြန်ရောက်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ အစဉ်အလာကောင်းတွေရှိခဲ့တဲ့ တစ်ချိန်က ပရီးမီးယားလိဂ် ထိပ်သီး လိဒ်စ်ယူနိုက်တက် တို့ အဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံလစ်ဗာပူးလ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး မနိမ့်တဲ့ ခြေစွမ်းနဲ့အတူ အပြန်အလှန်ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် ၄-၃ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ အဲ့နောက်မှာတော့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တဲ့ လိဒ်စ်တို့ ပွဲစဉ် ၂ မှာ ဖူလ်ဟမ်ကို ၄-၃ နဲ့ အနိုင်ရခဲ့ပြီး ပွဲစဉ် ၃ မှာလည်း ရှက်ဖီးလ်ယူနိုက်တက်ကို ၀-၁ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ အဲ့နောက် မန်ချက်စတာစီးတီးနဲ့ ပွဲမှာတော့ ကစားသမားကောင်းတွေ တော်တော်များများရှိနေတဲ့ ပပ်ဂွာဒီယိုလာရဲ့ အသင်းကို အဘက်ဘက်က အသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့လို့ ရမှတ် ၁မှတ်ပဲရရှိခဲ့ပါတယ်။ မန်ချက်စတာစီးတီး နည်းပြ ဂွာဒီယိုလာကိုယ်တိုင် ဘီရာဆာနဲ့ လိဒ်စ်ကို ချီးကျူးခဲ့ရတဲ့ အထိ စွမ်းဆောင်ရည် ကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လိဒ်စ်တို့ရဲ့ တကျော့ပြန် ပရီးမီးယားလိဂ် ခရီးကြမ်းက အစပိုင်းမှာ အကောင်းဆုံးဆိုတာတွေနဲ့ ပြည့်စုံခဲ့ပေမယ့် အချိန်ကြာ လာတာ နဲ့အမျှ ခက်ခဲလာခဲ့ပါပြီ။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ဝုဗ်ကို အိမ်ကွင်း အဲလန်ရုတ်ဒ်မှာ အရှုံး ပေးခဲ့ရလို့ လိဒ်စ်တို့ ၂၀၂၀ အမှတ်ပေးဇယား ထိပ်ပိုင်းကို ရောက်ရှိနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ထားခဲ့ရပါတယ်။ ၅ပွဲကစားပြီးချိန်အထိ ၂ပွဲနိုင်၊ ၂ပွဲရှုံး၊ ၁ပွဲသရေ၊ ရမှတ် ၇မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေခဲ့တဲ့ လိဒ်စ်တို့ ပရီးမီယားလိဂ် မှာ ရပ်တည်ဖို့ ဘယ်လောက်အထိ အရည်အချင်းရှိ တယ် ဆိုတာကို အခု ဗီလာနဲ့ ပွဲမှာ သက်သေပြဖို့ လိုအပ်နေခဲ့ပါတယ်။ လိဒ်စ်မှာ ရိုဒရီဂို၊ ပက်ထရစ်ဘမ်းဖိုဒ့်၊ ရော့ဘင်ကို့ချ်၊ လုခ်အိုင်းလင်း၊ လီယမ်ကူပါး၊ ကယ်ဗင်ဖီးလစ်၊ ကော်စတာ၊ ရာဖင်ဟာတို့လို ကစားကောင်းတွေ ရှိနေလို့ ၂ပွဲဆက်  နိုင်ပွဲပျောက်ဆုံးနေတာကို ရပ်တန့်ဖို့ ကြိုးစားလာမှာ သေချာပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မာဆယ်လို ဘီရာဆာရဲ့ ဦးဆောင်မှုနဲ့ အတူ ပရီးမီးယားလိဂ် ကို အရှိန်ပြင်းပြင်း နဲ့ ပြန်ရောက်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။
ခြေစွမ်းပိုင်းအသာရခဲ့ပေမယ့် ဝုဗ်ကို သွင်းဂိုး ၁ဂိုးတည်းနဲ့ အရေးနိမ့်ထားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

လိဒ်စ်ယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကတော့ မျှတတယ်လို့ ပြောရမှာပါ။ လိဒ်စ်ယူနိုက်တက်တို့ ၂ပွဲနိုင်ထားပြီး အက်စတွန်ဗီလာက ၁ ပွဲနိုင်ထားသလို သရေကတော့ ၃ပွဲအထိရှိထားပါတယ်။ နောက်ဆုံးတွေ့ဆုံမှုအရဆိုရင်တော့ ၂၀၁၈-၂၀၁၉ ချန်ပီယံရှစ်မှာ အက်စတွန်ဗီလာ အိမ်ကွင်းမှာ လိဒ်စ်တို့ ၂-၃ နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့ အဲလန်ရုတ်ဒ်မှာတော့ တစ်ဖက် တစ်ဂိုးစီ သရေကျထားခဲ့ပါတယ်။ လက်ရှိ ဒဏ်ရာရပွဲပယ်အခြေအနေကို ကြည့်ရင်တော့ လိဒ်စ်ကွင်းလယ်ဗိုလ်ချုပ် ကယ်ဗင်ဖီးလစ် ပါဝင်လာနိုင်မှာ မဟုတ်သလို လီယန်ကူပါး လည်း ပါဝင်လာဖို့ မသေချာပါဘူး။ နောက်ဆုံးခေါ်ယူခဲ့တဲ့ ရာဖင်ဟာ ကို ဒီပွဲမှာ မိနစ်တော်တော်များများ မြင်တွေ့ရဖို့ရှိနေပါတယ်။ အက်စတွန်ဗီလာမှာတော့ တွမ်ဟီတန်၊ ဝက်စ်လေမိုရေးစ်၊ ကော့တ်တီနေး ဟော့စ် နဲ့ ကီနန်ဒါးဗစ်တို့ ဒဏ်ရာပြသနာတွေကြောင့် ကျိန်းသေပေါက် လွဲချော်ဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်