နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျသွင်းဂိုးတွေနဲ့ မက္ကဆီကို ဆီက အဆင့် ၁နေရာကို ပြန်လည်ရယူခဲ့တဲ့ အမေရိကန် | ကမ္ဘာ့ဖလားခြေစစ်ပွဲ(ပွဲပြီးသုံးသပ်ချက်)

countdown banner

အမေရိကန် ၂-၀ မက္ကဆီကို

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကွန်ကာကပ်ဖ်ဇုန် အုပ်စု ပွဲစဉ်မှာ အမေရိကန်တို့ အစဉ်အလာ ပြိုင်ဘက် မက္ကဆီကိုကို ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။အပြန်အလှန်သွင်းဂိုးတွေမျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အမေရိကန်ရဲ့တိုက်စစ်က ပိုပြီးအလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။မက္ကဆီကိုတို့ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမဦးဆုံးရှုံးပွဲကြုံတွေ့ခဲ့ရခြင်း ဖြစ်ပြီးအဆင့်၁နေရာကိုအမေရိကန်အသင်းဆီလွှဲပြောင်းပေး ခဲ့ရပါတယ်။
 

ပွဲစဉ်အကျဉ်း

ဇုန်အတွင်း အဓိကပြိုင်ဘက်တွေဖြစ်လို့ အမှားမခံတမ်းပြင်ဆင်ခဲ့ကြပါတယ်။ တီမိုသီဝီယာ၊ ပီပီ၊ အာရွန်ဆန်၊ မက်ကင်း၊ ယက်ဒလင်တို့နဲ့ အမေရိကန်တို့လူစုံခဲ့ပါတယ်။  ၄-၃-၃နဲ့ပွဲထွက်လာတဲ့ မက္ကဆီကိုရဲ့တိုက်စစ်ကိုတော့ ရာအူးလ် ဟီမီနက်ဇ်၊ လိုဇာနို၊ ကိုရိုနာတို့က ဦးဆောင်ခဲ့ပြီး ဟာရဲရားလ်၊ အဲလ်ဗာရက်စ်တို့ပါဝင်လာခဲ့တာပါ။ ပွဲစစချင်းမှာတင် မက္ကဆီကိုရဲ့ ဖိအားပေးကစားမှုကြောင့် အမေရိကန်တို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၁၁မိနစ်မှာတင် ဂိုးရလုနီးပါး အခြေအနေတွေကြောင့် အမေရိကန်တို့ဖိအားတွေရှိခဲ့ပါတယ်။ ဒါပေမဲ့အမေရိကန်ခံစစ်ရဲ့အတည်ငြိမ်ဆုံးအခြေအနေကမက္ကဆီကိုတိုက်စစ်ကိုယုံကြည်မှုမဲ့စေသလိုဖြစ်ခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး ကွင်းလယ်မှာသာအပျက်များနေခဲ့ပြီး နှစ်သင်းလုံးဂိုးရဖို့ ရုန်းကန်ခဲ့ရတာပါ။ ပွဲချိန်မိနစ် ၅၀နောက်ပိုင်းရောက်မှသာ အမေရိကန်တို့တိုက်စစ်ဆင်မှုတွေပိုပြီးလုပ်နိုင်ခဲ့ပါတယ်။ ကစားအားကျဆင်းနေတဲ့ အာရွန်ဆန်ရဲ့နေရာမှာ ပူလီဆစ်ဝင်လာခဲ့ပြီးတဲ့နောက် မက္ကဆီကိုခံစစ်ပိုပြီးအလုပ်ရှုပ်ခဲ့တယ်လို့ ဆိုရမှာပါ။ နည်းပြဘတ်ဟ်တာရဲ့ လူစားလဲဗျူဟာမှန်ကန်ခဲ့ခြင်းက ပွဲချိန် ၇၄မိနစ်မှာ အမေရိကန်တို့ဦးဆောင်ဂိုးစပြီး ရရှိခဲ့ပါတယ်။ လူစားဝင်တောင်ပံကစားသမားပူလီဆစ်က တီမိုသီဝီယာရဲ့ ဖြတ်တင်ဘောကို အတိကျဆုံးခေါင်းတိုက်အဆုံးသတ်ပြီးဂိုးအဖြစ်ရယူပေးခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးတဲ့နောက်မက္ကဆီကိုတို့ ချေပဂိုးပြန်ရဖို့အာရုံစိုက်လာခဲ့ခြင်းနဲ့အတူအခွင့်အရေးအချို့ရရှိခဲ့ပါတယ်။ဒါပေမဲ့ဂိုးရသွားတာကအမေရိကန်အသင်းဖြစ်နေခဲ့ပါတယ်။ ပွဲစဉ်တစ်ပွဲလုံးခြေစွမ်းပြနေတဲ့ မက်ကင်းက မက္ကဆီကိုနောက်တန်းရဲ့အမှားကိုအခွင့်ကောင်းယူကာ ဒုတိယမြောက်ဦးဆောင်ဂိုးအဖြစ်ရယူပေး နိုင်ခဲ့တာပါ။ ပွဲပြီးခါနီးမှာ၂ဂိုးဆက်တိုက်ပေးလိုက်ရခြင်းကမက္ကဆီကိုရဲ့ကစားပုံကိုလုံးဝကျဆင်းသွားစေပြီးပွဲအပြီးအထိထိရောက်တဲ့တိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခြင်းမရှိတော့ပါဘူး။ နောက်ပိုင်းပွဲချိန်တွေမှာ အမေရိကန်တို့ ထိန်းကစားခဲ့တဲ့အတွက် ၂-ဝဂိုးရလဒ်နဲ့ မက္ကဆီကိုဆီက ရမှတ်၃မှတ်အပြည့်အရယူနိုင်ခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အမေရိကန်အတွက် ထိုက်တန်တဲ့နိုင်ပွဲပါ။ မက္ကဆီကိုတို့အကောင်းဆုံးပုံစံရှိနေခဲ့ပေမယ့် အဝေးကွင်းမှာ ရလဒ်ကောင်းရဖို့ မလုံလောက်ခဲ့ပါဘူး။ အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ခွင့်ရနိုင်ခဲ့ပေမယ် တကယ်တမ်းမှာတော့အမေရိကန်ခံစစ်နဲ့ဂိုးသမားတို့ တည်ငြိမ်မှုရှိခဲ့တယ်လို့ဆိုရမှာပါ။ နည်းပြနှစ်ဦးရဲ့ ဗျူဟာပိုင်းအားပြိုင်မှုကအဖြေထုတ်ပေးခဲ့တာဖြစ်ပြီး အမေရိကန်နည်းပြရဲ့ လူစားလဲလှယ်မှုတွေမှန်ကန်ခဲ့တယ်လို့ဆိုရမှာပါ။ မက္ကဆီကိုနောက်တန်းကြံ့ခိုင်မှုပိုင်းကျဆင်းလာတဲ့အချိန် ဒဏ်ရာကနေပြန်လည်သက်သာလာတဲ့ ပူလီဆစ်ကို လူစားလဲခဲ့ခြင်းက ဒီပွဲရဲ့အဓိကအဖြေဖြစ်ခဲ့ပါတယ်။ ပူလီဆစ်ကြောင့်အဖွင့်ဂိုးရခဲ့သလိုပြိုဆင်းသွားတဲ့မက္ကဆီကိုခံစစ်ကအမေရိကန်တို့ပြုသမျှနုသမျှခံရတော့တာပါပဲ။ တန်ပြန်တိုက်စစ်ကနေတဆင့်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးမဖြစ်လာခဲ့ခြင်းက ပွဲအပြီးမှာ အမေရိကန်တို့ ၂-၀ ဂိုးနဲ့အနိုင်ရဖို့ဖြစ်သွားခဲ့တာပါ။
 

လာမယ့်ပွဲစဉ်များ

အမေရိကန်တို့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဂျမေကာရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရဖို့ရှိနေပြီး မက္ကဆီကိုကတော့ ကနေဒါအသင်းနဲ့ရင်ဆိုင်ကစားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်