နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အယ်လီဂရီနဲ့ မော်ရင်တို့ နည်းစနစ် အားပြိုင်ကြမယ့်ပွဲ | ဂျူဗင်တပ်စ် – ရိုးမား (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

ဂျူဗင်တပ်စ် – ရိုးမား

အခုတစ်ပတ် စီးရီးအေ ပွဲစဉ် (၈)ရဲ့ နောက်ကျပွဲ အဖြစ် ဂျူဗင်တပ်စ်နဲ့ ရိုးမားတို့ တူရင်က အလိုင်းယန့်ဇ် အရီနာကွင်းမှာ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။ အယ်လီဂရီနဲ့ မော်ရင်ဟို တို့ရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုနဲ့ အတူ ဒီတစ်ပတ် စီးရီးအေရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက် တွေ့ဆုံမှု လို့လည်း ဆိုနိုင်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ထွက်ခွာသွားတဲ့ ရာသီ အစဟာ အယ်လီဂရီနဲ့ ဂျူဗင်တပ်စ် အတွက်တော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ အဖွင့် ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား အောက်ပိုင်း အထိ ရောက်သွားခဲ့တဲ့ ဂျူဗင်တပ်စ်တို့ လက်ရှိ မှာတော့ ပုံမှန် ခြေစွမ်း ပြန်လည် ရရှိသွားခဲ့ပြီး နိုင်ပွဲတွေလည်း ဆက်နေတာ တွေ့ရပါတယ်။ စီးရီးအေ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရခဲ့သလို ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ် အနိုင်ရခဲ့တာကို ကြည့်ခြင်း အားဖြင့် အယ်လီဂရီရဲ့ နည်းစနစ်နဲ့ ပြန်ပြီး အံဝင်စ ပြုလာတဲ့ သဘောပါပဲ။ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပြီး တစ်ဦးချင်း ထိုးဖောက် ဂိုး ရယူနိုင်မှု အပိုင်းမှာ တိုးတက်လာတာ တွေ့ရသလို ကွင်းလယ်နဲ့ ခံစစ် အပိုင်းတွေ မှာလည်း တည်ငြိမ်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် တန်ပြန် တိုက်စစ် တားဆီးနိုင်မှု အားနည်းပြီး Set Piece တွေကနေ ဂိုးတွေ ပေးရလေ့ရှိသလို ခံစစ် ကြံခိုင်မှု အသားပေး ကစားတာ မှန်ပေမယ့် ၁၈ ကိုက်စည်း ထိပ်မှာ မကြာခဏ ပြစ်ဒဏ်ဘော ကျူးလွန်နေတာက အယ်လီဂရီရဲ့ အသင်း အတွက် အဓိက အားနည်းချက် ဖြစ်နေပါတယ်။ အခုပွဲ ကိုတော့ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ ရာဘီယော့တ် ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပြီး မက်စ်ကိန်း လည်း ပါဝင်နိုင်ဖို့ မသေချာသလို တိုက်စစ်မှူး မိုရာတာ ကလည်း ကြံ့ခိုင်မှု မပြည့်ဝသေးလို့ ပွဲထွက် ကစားဖို့ ရှိ၊မရှိ မသိရသေးပါဘူး။

 
ရိုးမား အကြောင်း ဆက်ပြောရရင် ရာသီအစ အရှိန်ပြင်းပြင်းနဲ့ တာထွက်နိုင်ခဲ့တဲ့ ဂျိုဆေး မော်ရင်ဟိုရဲ့ အသင်းဟာ ဗီရိုနာနဲ့ လာဇီယိုကို ရှုံးနိမ့်အပြီး မှာတော့ အသံနည်းနည်း တိတ်သွားခဲ့တာ တွေ့ရပါတယ်။ စီးရီးအေ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ရိုးမားတို့ လက်ရှိမှာ ထိပ်ဆုံးက အေစီမီလန်နဲ့ ၇ မှတ် အထိ ကွာဟနေလို့ မဖြစ်မနေ ရမှတ် ရှာဖွေ့ဖို့ အားစိုက်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ရိုးမား ကွင်းလယ်က လုပ်အားနှုန်း ကောင်းပြီး Set Piece တွေကနေ ဂိုးတွေ ရှာဖွေနိုင်တာ တွေ့ရသလို တစ်ဦးချင်း ထိုးဖောက်နိုင်မှု ကလည်း အားရစရာ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် ခံစစ် ကစားသမားတွေ မကြာခဏ နားလည်မှု လွဲနေတာနဲ့ ပြိုင်ဘက်ရဲ့ တန်ပြန် တိုက်စစ်ကို ထိန်းချုပ် ကစားတဲ့ နေရာမှာ တော်တော်လေး အားနည်းနေလို့ အဝေးကွင်း ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။ အဓိက ကစားသမားတွေ ဖြစ်တဲ့ စပင်နက်ဇ်ဇိုလာနဲ့ ခရစ် စမောလင်းတို့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်သလို တိုက်စစ်မှူး အေဘရာဟင် ကလည်း ခြေကျင်းဝတ် ဒဏ်ရာ အရှင်း မပျောက်သေးတာကြောင့် အရန် လူစာရင်းမှာပဲ ပါဝင်လာဖို့ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ၆၁ ပွဲမှာ ဂျူဗင်တပ်က ၂၉ ပွဲ အထိ အနိုင်ရထားပြီး ရိုးမား ကတော့ ၁၅ ပွဲသာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ကျန် ၁၇ ပွဲ ကတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး တူရင်မြေမှာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုး အောက် ပွဲစဉ် ၃ ပွဲ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက် တွေ့ဆုံမှု မှာတော့ ဂျူဗင်တပ်စ်တို့ အိမ်ကွင်းမှာ ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဂျူဗင်တပ်စ် vs ရိုးမား အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၉၆ ဆ
အောက်တိုဘာလ ၁၈ ရက် , မနက် ၁:၁၅ နာရီ (GMT + ၆:၃၀)

1X2 မှာတော့ ဂျူဗင်တပ်စ် အတွက် ၁.၉၁ ဆ၊ ရိုးမား အတွက် ၄.၁၀ ဆ နဲ့ သရေ အတွက် ၃.၃၀ ဆိုပြီး အဓိက ကြေးဖွင့်ပေးထားပါတယ်။ ကြေးဖွင့်မှု အရ ဂျူဗင်တပ်စ် ဘက်မှာ ရပ်တည်သင့်သလို လက်ရှိ ခြေစွမ်းအရ ဆိုရင်လည်း ပိုပြီး တည်ငြိမ်တဲ့ အိမ်ရှင် အသင်း ဘက်ကပဲ ရပ်တည် ရမှာပါ။ ဒါပေမယ့် ဂျူဗင်တပ်စ်တို့ ပွဲကြပ်တွေ တောက်လျောက် ကစားရမှာနဲ့ တစ်ဖက် အသင်းက မော်ရင်ဟိုရဲ့ ရိုးမား ဖြစ်နေလို့ မထင်မှတ်တာ တွေများ လုပ်ပြလေဦးမလား ဆိုတဲ့ အတွေးလည်း ရှိနေတာကြောင့် နှစ်သင်းပေါင်း သွင်းဂိုး အနည်း ကိုလည်း ထည့်သွင်း ရွေးချယ်စေချင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်