နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူးကပ်စ် မိုရာကြောင့် လိဂ်ဖလား အိပ်မက် ဆက်လက် ရှင်သန်ခဲ့တဲ့ စပါး (လိဂ်ဖလား ပွဲပြီးသုံးသပ်ချက်)

ဘန်လေ ဝ-၁ တော့တင်ဟမ်ဟော့စပါး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ၁၆ သင်း အဆင့် ပွဲစဉ် မှာတော့ စပါးတို့ လူးကပ်စ်မိုရာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ စပါးရဲ့ တိုက်စစ် အကောင်းဆုံး ပုံစံ ရှိခဲ့ပေမယ့် ဘန်လေရဲ့ တပ်ဖ့်မိုးကွင်းမှာ ထင်သလောက် လုပ်ပြခွင့် မရခဲ့သလို အားစိုက်သလောက် ဂိုးမရခဲ့ဘူးလို့ပဲ ဆိုရပါမယ်။

 

ပွဲစဉ်အကျဉ်း

အိမ်ကွင်းမှာ ကစားတိုင်း ခံစစ် အသားပေးပြီး တန်ပြန် တိုက်စစ်ကို အကောင်းဆုံး အသုံးချလေ့ရှိတဲ့ ဘန်လေရဲ့ ပွဲထွက် လူစာရင်းမှာ ဘန်မီးလ်၊ ပီယေတာစ်၊ ရောဘတ်၊ မက်နဲလ်၊ ရိုဒရီဂွက်ဇ် တို့ လူစုံခဲ့ပါတယ်။ စပါးအသင်း ကတော့ ပွဲကြပ် ကာလတစ်ခု ဖြစ်လို့ ဆွန်ဟောင်မင်၊ အနိုင်ဂိုးရှင်လူးကပ်စ်မိုရာ တို့ကို ပွဲထွက်စာရင်း ကနေ ချန်လှပ်ခဲ့ပြီး ဟာရီကိန်း၊ လိုဆယ်လို၊ ဘာ့ဂျ်ဝင့်၊ ဆန်းချက်ဇ်၊ အီမာဆန် တို့နဲ့ပဲ ဘန်လေက ရင်ဆိုင်ခဲ့တာပါ။ ပွဲအစပိုင်းမှာ အထနှေး နေခဲ့တဲ့ စပါးအသင်းရဲ့  ကစားပုံက လိုအပ်ချက် မြင့်မားခဲ့ပါတယ်။ ခံစစ်ကစားဖို့ ပြင်ဆင်လာတဲ့ ဘန်လေတို့ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်စစ်ကို ပြောင်းကစား လာခဲ့တဲ့ အထိ စပါးအသင်း အခြေအနေ ဆိုးခဲ့တာပါ။ ပွဲချိန် ၁၉ မိနစ်လောက် အထိကို စပါးတို့ ကစားကွက် တည်မရခဲ့ဘဲ ဂိုးပေးရလောက်တဲ့ အထိ ရုန်းကန်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး ဘန်လေကသာ ပွဲကို ဦးဆောင် ကစားခဲ့တာဖြစ်ပြီး စပါးကတော့ ဂိုးရဖို့ထက် ကစားကွက် မပျက်ဖို့ အတွက်သာ အားစိုက်ခဲ့ရတာပါ။ ဆွန်ဟောင်မင်၊ အန်ဒိုဘီလီ တို့ ဝင်လာပြီးတဲ့ နောက်မှသာ စပါးတို့ တိုက်စစ်ဆင်မှုပိုင်း ပိုပြီး ပီပြင် လာခဲ့ပါတယ်။ လူစားလဲမှု မှန်ကန်ခဲ့ခြင်း အဖြစ် ပွဲချိန် ၇၈ မိနစ်မှာ လူးကပ်စ်မိုရာက သက်သေ ပြခဲ့တာပါ။ တစ်ပွဲလုံး ခြေစွမ်းပြနေတဲ့ နောက်ခံလူ အီမာဆန်ရဲ့ အတိကျဆုံး ဖြတ်တင်ဘောကို လူးကပ်စ်မိုရာက ၁၈ ကိုက်စည်း အတွင်းကနေ ခေါင်းတိုက် အဆုံးသတ်နိုင် ခဲ့တာက စပါးအသင်း အတွက် အဖိုးတန် ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ ဂိုးပေးလိုက်ရ ပြီးတဲ့နောက် ဘန်လေတို့ ခံစစ်ကို အမှားအယွင်း နည်းအောင် ကစားလာတဲ့ အတွက် စပါးတို့ အခွင့်အရေးတွေ ထပ်ရခဲ့ပါတယ်။ ဒါပေမဲ့ ဘန်လေ တိုက်စစ်ကလည်း  ချေပဂိုး ရနိုင်လောက်တဲ့ အခြေအနေ ပိုင်ဆိုင်ခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့ပါဘူး။ ပွဲပြီးဆုံးချိန် အထိ နှစ်သင်းလုံး ဂိုးထပ်မရခဲ့တဲ့ အတွက် ၀-၁ ရလဒ်နဲ့ပဲ စပါးတို့ လိဂ်ဖလား ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်ခွင့် ရရှိသွားခဲ့ပါတယ်။

လိဂ်ဖလား ကွာတားဖိုင်နယ် တက်ရောက်ခွင့် ရဖို့အတွက် လိုအပ်နေတဲ့ သွင်းဂိုး တစ်ဂိုးကို စပါးအသင်း ရယူ နိုင်ခဲ့တယ် ဆိုပေမယ့် ဒီပွဲ အရှုံး ရလဒ်က ဘန်လေအသင်း အတွက်တော့ ထိုက်တန်တဲ့ ရလဒ်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးနိမ့်ထားခဲ့တဲ့ ဘန်လေ

ပွဲပြီးသုံးသပ်ချက်

ခံစစ်၊ တိုက်စစ် အားပြိုင်တဲ့ ပွဲထက် ဘန်လေရဲ့ အသင်းလိုက် ကစားပုံက ပိုပြီး ကောင်းမွန်ခဲ့ပါတယ်။ စပါးအသင်းရဲ့ တိုက်စစ်က ပထမပိုင်း တစ်ပိုင်းလုံး အလုပ် မဖြစ်ခဲ့ဘဲ ကွင်းလယ်နဲ့ တွဲဆက်မှု အပိုင်းမှာလည်း လိုအပ်ချက် မြင့်မားခဲ့ပါတယ်။ တကယ်တမ်း ခံစစ်ကို အားပြုတဲ့ ဘန်လေ အသင်းတောင် ဂိုးရဖို့ အတွက် ဖိအားပေး ကစားရတဲ့ အထိ စပါးအသင်းရဲ့ အခြေအနေက လိုအပ်ချက် မြင့်မားခဲ့တာပါ။ ဒါပေမဲ့လည်း ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား စုဖွဲ့မှု အပိုင်း မှာတော့ စပါးအသင်းက အသာရခဲ့တဲ့ အတွက် နောက်တစ်ဆင့်ကို တက်ရောက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တာကောစကီး မပါဝင်နိုင်တဲ့ ဘန်လေ နောက်တန်းကို ဘန်မီးလ် ဦးဆောင်မှုက ဟာရီကိန်း ဦးဆောင်တဲ့ စပါးတိုက်စစ် ထက်ကို ပိုပြီး စွမ်းဆောင် နိုင်ခဲ့တာပါ။ အဓိက အချက်ကတော့ ပွဲချိန် ဒုတိယပိုင်းမှာ ဆွန်ဟောင်မင် ဝင်လာခဲ့ပြီးတဲ့နောက် ဟာရီကိန်း၊ လူးကပ်စ်မိုရာ တို့ အခွင့်အရေး ပိုရခဲ့ပြီး အခုလို အနိုင်ရလဒ် ရယူ နိုင်ခဲ့တယ် လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။ လိဂ်ဖလား ကွာတားဖိုင်နယ် တက်ရောက်ခွင့် ရဖို့အတွက် လိုအပ်နေတဲ့ သွင်းဂိုး တစ်ဂိုးကို စပါးအသင်း ရယူ နိုင်ခဲ့တယ် ဆိုပေမယ့် ဒီပွဲ အရှုံး ရလဒ်က ဘန်လေအသင်း အတွက်တော့ ထိုက်တန်တဲ့ ရလဒ်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။

 

လာမယ့်ပွဲစဉ်များ

လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့မှာ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဘန်လေ အသင်းက အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို ဧည့်ခံ ကစားရဖို့ ရှိနေပြီး စပါးကတော့ မန်ချက်စတာယူနိုက်တက် အသင်းကို ရင်ဆိုင် ကစားရဖို့ရှိ နေခဲ့တာလည်း ဖြစ်ပါ တယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်