နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုပါအမေရိကဖလားနဲ့ အတူ မထင်မှတ်ပဲ တောက်ပလာခဲ့တဲ့ တောင်အမေရိက စိန်ပွင့်များ

ဥရောပတိုက်မှာ ယူရို ၂၀၂၀ ပြိုင်ပွဲကြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို တစ်ဖက်မှာလည်း ကိုပါအမေရိကဖလား ပြိုင်ပွဲဟာလည်း တော်တော်လေး အကြိတ်အနယ် ရှိခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် အာရှ ပရိသတ်တွေ အတွက် ကတော့ အဓိက ပြိုင်ပွဲ ကျင်းပတဲ့ အချိန်ကြောင့် ယူရိုပြိုင်ပွဲ ကိုပဲ ပိုပြီး အားပေးခဲ့ကြသလို ပိုပြီးလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ ထူးထူးခြားခြား နောက်ပိုင်း နှစ်တွေမှာ အိမ်ရှင် အသင်းတွေ ဗိုလ်စွဲ နိုင်ခြင်း မရှိတာဟာ အစဉ်အလာ တစ်ခုလို ဖြစ်လာခြင်းနဲ့ အတူ ယူရိုမှာ အီတလီဟာ အိမ်ရှင် အင်္ဂလန်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့သလို ကိုပါအမေရိကဖလား မှာလည်း အာဂျင်တီးနားက အိမ်ရှင် ဘရာဇီးလ်ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ယူရို ၂၀၂၀ ကတော့ ပရိသတ် တော်တော်များများ အားပေးခဲ့ကြတဲ့ အတွက် အထွေအထူး ပြောစရာ မလို‌တော့ပေမယ့် ကိုပါအမေရိကဖလားနဲ့ ပတ်သတ်လို့တော့ ပြောစရာတွေ သုံးသပ်စရာတွေ ကျန်နေသေးတယ်လို့ ထင်ပါတယ်။

အာဂျင်တီးနားဟာ ကိုပါအမေရိကဖလားမှာ ၁၅ ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ဥရုဂွေးနဲ့ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။ အသင်းခေါင်းဆောင် မက်ဆီ အနေနဲ့ နိုင်ငံအသင်းနဲ့အတူ ပထမဦးဆုံး အောင်မြင်မှု ရရှိသွားခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ဘရာဇီးလ်က နေမာနဲ့ ပူးတွဲရရှိခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားဆု (ရွှေဖိနပ်ဆု)ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အသင်းဖော် ဂိုးသမား မာတီနက်ဇ် ရွှေလက်အိတ်ဆု ရရှိခဲ့သလို ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ အနိုင်ဂိုးရှင် ဒီမာရီယာက ရရှိ သွားခဲ့ပါတယ်။

အဲ့ဒီတော့ အခုပြောခဲ့တဲ့ ကစားသမားတွေပဲ ၂၀၂၁ ကိုပါအမေရိကဖလားမှာ ခြေစွမ်းပြနိုင်ခဲ့တာလား ဆိုပြီး မေးကောင်း မေးလာနိုင်ပါတယ်။ ဒါဆိုရင်တော့ မက်ဆီ၊ နေမာ၊ မာတီနက်ဇ်၊ ဒီမာရီယာတို့ အပြင် မထင်မှတ်ပဲ ပြိုင်ပွဲအတွင်း တောက်ပနိုင်ခဲ့တဲ့ ကစားသမား ၃ ဦးလောက်ကို အစောကတည်းက တွေ့ထားခဲ့တယ်လို့ပဲ ပြန်ဖြေရပါလိမ့်မယ်။
 

လူးဝစ် ဒီးရာ့ဇ် (ကွင်းလယ်၊ ကိုလံဘီယာ)

ကိုလံဘီယာရဲ့ နောက်ဆုံးပေါ် အရည်အသွေးမြင့် တောင်ပံ ကစားသမားလို့ တင်စားရလောက်တဲ့ အထိ လူးဝစ် ဒီးရာ့ဇ် အနေနဲ့ ကိုပါအမေရိကဖလားမှာ အကောင်းဆုံး စွမ်းဆောင်ပြသွားခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် ပေါ်တို ကစားသမားဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ မက်ဆီလိုပဲ ၄ ဂိုးသွင်းခဲ့ပေမယ့် ဖန်တီးမှုတော့ မရှိခဲ့လို့ ရွှေဖိနပ်ဆုနဲ့ လွဲချော်ခဲ့ရသူလည်း ဖြစ်ပါတယ်။ ဘရာဇီးလ်နဲ့ ပွဲမှာ ကွာဒွာဒို ကန်တင်ပေးတဲ့ ဘောလုံးကို လေထဲမှာ ဇောက်ထိုး ကန်ချက်နဲ့ သွင်းယူပေးခဲ့ရာ ကနေ သတိထား စောင့်ကြည့်ခံလာရပြီး သူ့အနေနဲ့ အာဂျင်တီးနားနဲ့ ပွဲမှာလည်း ပြိုင်ဘက် နောက်ခံလူတွေ အသည်းအသန် လိုက်ထိန်းနေတဲ့ ကြားက အသင်း အတွက် အရေးပါတဲ့ ချေပဂိုးကို မရရအောင် သွင်းယူ ပေးနိုင်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် ဒီးရာ့ဇ် အနေနဲ့ ပီရူးနဲ့ တတိယနေရာ လုပွဲမှာ လှပတဲ့ ကန်ချက်တွေနဲ့ ၂ ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဒါတောင် လေထဲမှာ ဝဲပြီး အပိုင်ကန်သွင်းချက်ကို ပီရူး ဂိုးသမား ပုတ်ထုတ် ကာကွယ်နိုင်ခဲ့လို့ ဒီးရာ့ဇ် တစ်ယောက် မက်ဆီကို ကျော်ပြီး ရွှေဖိနပ်ဆု ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒီးရာ့ဇ်ဟာ ဘယ်တောင်ပံနေရာ အဓိက ကစားသူ ဖြစ်ပေမယ့် ညာတောင်ပံ၊ ကွင်းလယ်နဲ့ လိုအပ်ရင် အထောင်တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်သူ ဖြစ်ပါတယ်။ အချိန်ရရင် ကိုပါအမေရိကဖလား မှာ သူသွင်းခဲ့တဲ့ သွင်းဂိုး ၄ ဂိုးကို ပြန်ရှာကြည့်လိုက်ပါ။ ၄ ဂိုးလုံး အရေအသွေးပြည့်မီခဲ့တာ တွေ့ရပါလိမ့်မယ်။ ကွင်းထဲမှာ နိုင်လိုစိတ် အပြည့်နဲ့ အားကုန်ထုတ် ကြိုးစားတတ်ပြီး ၁၈ ကိုက်စည်းအထဲရော အပြင်မှာပါ ပြိုင်ဘက် နောက်တန်းနဲ့ ဂိုးသမား အတွက် အန္တရာယ် အရမ်းများတဲ့ ကစားသမားလို့ တောင် ပြောရမယ့်သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီးရာ့ဇ်ဟာ ပေါ်တူဂီ ကလပ် ပေါ်တိုမှာ ကစားနေပြီး သူ့ရဲ့ ခြေစွမ်းကြောင့် မကြာခင် ထိပ်တန်းကလပ် အသင်းကြီး တစ်သင်းရဲ့ ပွဲထွက်ကစားသမား အဖြစ် မြင်တွေ့ရဖို့ များနေပါတယ်။
 

ရိုဒရီဂို ဒီ ပေါလ် (ကွင်းလယ်၊ အာဂျင်တီးနား)

အာဂျင်တီးနား အတွက် အနိုင်ဂိုး သွင်းပေးခဲ့သူ ဒီမာရီယာဟာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် တကယ်တမ်း ခြေစွမ်းပြ နိုင်ခဲ့သူဟာ ကွင်းလယ်က ရိုဒရီဂို ဒီ ပေါလ် ဖြစ်ပါတယ်။
အက်တလက်တီကို မက်ဒရစ် အသင်းကနေ ယူရို သန်း ၃၀နဲ့ ခေါ်ယူခြင်း ခံထားရတဲ့ ရိုဒရီဂို ဒီ ပေါလ်

အာဂျင်တီးနား အတွက် အနိုင်ဂိုး သွင်းပေးခဲ့သူ ဒီမာရီယာဟာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် တကယ်တမ်း ခြေစွမ်းပြ နိုင်ခဲ့သူဟာ ကွင်းလယ်က ရိုဒရီဂို ဒီ ပေါလ် ဖြစ်ပါတယ်။ ဒီမာရီယာ ဂိုးသွင်းနိုင်ဖို့ အကွက်မြင်မြင် ဖန်တီးပေးခဲ့တာ အပြင် တိကျတဲ့ ဘောလုံးပေးပို့မှု ကစလို့ အခွင့်အရေး ဖန်တီးမှု၊ ဖြတ်တင် ပေးပို့မှု၊ ကြားဖြတ်ရယူမှု၊ ပြန်လည် လုယူနိုင်မှု၊ ဘောလုံးထိချက် အဆုံး ဒီမာရီယာထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် အူးဒီးနီးစ် ကစားသမား ဒီပေါလ်ဟာ ကွင်းလယ်ဗဟိုမှာ ကစားနိုင်ရုံ သာမက လိုအပ်ရင် တောင်ပံထွက်ပြီး ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ခံစစ်ကိုလည်း ဆင်းကူနိုင်သလို တိုက်စစ် ကိုလည်း လိုက်ပါကစားနိုင်သူ ဖြစ်ပါတယ်။ ဘောလုံး ဖြန့်ဝေမှု၊ နေရာလွတ် ဖန်တီးမှုနဲ့ ပြိုင်ဘက် တိုက်စစ် လမ်းကြောင်းကို ဖြတ်တောက် ကစားရာမှာလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့ ဒီပေါလ် ကတော့ လာမယ့် ရာသီ ဒီယေဂို ဆီမြွန်နီရဲ့ လက်အောက်မှာ မြင်တွေ့ရတော့မှာ ဖြစ်လို့ အခုထက် ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ သေချာနေပါပြီ။ ကစားသမားရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေခဲ့တဲ့ အက်တလက်တီကို မက်ဒရစ် နည်းပြ ဆီမြွန်နီ အနေနဲ့ ဒီပေါလ်ကို  ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀၊ ၅ နှစ် စာချုပ်နဲ့ မက်ဒရစ်မြို့ဆီ အရောက် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ စပိန် ကလပ် ရေးဆင်းမှာ ကစားသမားဘဝ စတင်ခဲ့လို့ အသင်းနဲ့ အလျင်အမြန် အသားကျနိုင်ပြီး လာမယ့် ရာသီ အက်တလက်တီကို ကွင်းလယ်ရဲ့ အဓိက မောင်းနှင်အား ဖြစ်လာမယ့် သဘော ရှိနေပါတယ်။
 

မားသီးယက်စ် ဗီနာ (နောက်တန်း၊ ဥရုဂွေး)

အသက် ၂၃ နှစ် အရွယ် ဘယ်နောက်ခံလူ မားသီးယက်စ် ဗီနာ ကတော့ ကလပ်အသင်းနဲ့ ပွဲ ၁၅၀ ပြည့်အောင် မကစား ရသေးပေမယ့် လက်ရှိ ကိုပါအမေရိကဖလား မှာတော့ ဥရုဂွေး အတွက် ရာနှုန်းပြည့် ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။ ကစားခဲ့တဲ့ ၅ ပွဲလုံး နောက်တန်း ဘယ်အစွန်နဲ့ တောင်ပံ တစ်လျှောက် အတွေ့အကြုံရင့် ကစားသမား တစ်ဦးလို တည်ငြိမ်မှု အပြည့်နဲ့ အကောင်းဆုံး ကစားသွားခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဗီနာ အနေနဲ့ ကိုလံဘီယာနဲ့ ကွာတားဖိုင်နယ် ပွဲစဉ် နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ်မှာ ဝင်အောင် မကန်သွင်းနိုင်ခဲ့လို့ ဥရုဂွေးလည်း ပြိုင်ပွဲ ကနေ နှုတ်ဆက်ခဲ့ရပါတယ်။ လက်တလော မှာတော့ ဗီနာဟာ ပါလ်မီးယက်စ်နဲ့ ဘရာဇီးလ် စီးရီးအေ နောက်ဆုံး ၃ ပွဲဆက် ပွဲထွက်ကစားခွင့် ရခဲ့ပြီး ခြေစွမ်းလည်း ပြနေပါတယ်။ နောက်ဆုံး သတင်းတွေအရ ဒီကစားသမားကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်းကလပ် အသင်းကြီးက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်