နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကင်မင်ဂျေး အတွက် စာချုပ် လျော်ကြေး ပိုပေးမယ့် ယူနိုက်တက်၊ ချဲလ်ဆီး ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ နာပိုလီနဲ့ ဂျူဗင်တပ်စ် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ကင်မင်ဂျေး အတွက် စာချုပ် လျော်ကြေး ပိုပေးမယ့် ယူနိုက်တက်၊ ချဲလ်ဆီး ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ နာပိုလီနဲ့ ဂျူဗင်တပ်စ် အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၁၀ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကင်မင်ဂျေး အတွက် စာချုပ် လျော်ကြေး ပိုပေးမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ နာပိုလီ အတွက် ဒီရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ဗဟို နောက်ခံလူ ကင်မင်ဂျေး အတွက် စာချုပ်ပါ လျော်ကြေး ပေါင်သန်း (၄၀) ထက် ပိုမို ပေးချေသွားဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အဆိုပါ တောင်ကိုရီးယား လက်ရွေးစင် နောက်ခံလူဟာ ဒီရာသီမှာ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ နာပိုလီ အတွက် တောက်လျှောက် ခြေစွမ်းပြခဲ့ပြီး ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ်ထား စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။ အသက် (၂၆) နှစ် အရွယ် ဒီကစားသမား ကတော့ နာပိုလီ အတွက်ပဲ အာရုံစိုက်ထားတယ် ဆိုပေမယ့် ယူနိုက်တက် ကတော့ သူ့ကို ပိုမို အနီးကပ် စောင့်ကြည့်လာခဲ့ပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ကစားသမားရဲ့ စာချုပ်လျော်ကြေးက‌ ပေါင်သန်း (၄၀) သာ ဖြစ်ပေမယ့် ယူနိုက်တက် ကတော့ ပေါင် (၅၃) သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သတင်းတွေက အခိုင်အမာ ဖော်ပြလျက် ရှိပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အေစီမီလန်
အင်တာမီလန်
1X2 အင်တာမီလန် @ 2.49
အေစီမီလန် အာရှ အကျောပေး 0.00 @ 2.21
1.75 ဂိုး‌အောက် @ 2.29
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မော်ရင်ဟို ရိုးမား ကနေ ထွက်ဖို့ဆိုတာ ပြောရခက်တယ်လို့ အားကစား ဒါရိုက်တာပြော

ရိုးမားရဲ့ အားကစား ဒါရိုက်တာ ဝေါ်လ်တာ ဆာဘာတီနီက နည်းပြ ဟိုဆေး မော်ရင်ဟိုကို အသင်းမှာ စာချုပ် သက်တမ်းကုန်တဲ့ အထိ ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

အဆိုပါ ပေါ်တူဂီ နည်းပြကို ခေါ်ယူဖို့ အသင်းဟောင်း ချဲလ်ဆီး အပြင် ဥရောပ ထိပ်တန်း အသင်းကြီး တစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ ကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ မော်ရင်ဟိုက စီးရီးအေ ကလပ်ကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်အထိ ပို့ဆောင်ထားပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း တိုက်ပွဲဝင်နေပါတယ်။

ဆာဘာတီနီ ကတော့ မော်ရင်ဟိုကို ခန့်အပ်ထားတဲ့သူ အနေနဲ့ မော်ရင်ဟိုရဲ့ အပြုအမူကို ကောင်းကောင်း သိကြောင်း၊ ရာသီကုန်မှာ အသင်းက သူထွက်သွားမယ် ဆိုတာ ပြောရခက်ကြောင်း၊ လက်ရှိမှာ သူက အသင်း အတွက် ရလဒ်တစ်ခု ယူပေးနေကြောင်း၊ ရာသီ ဘယ်လို အဆုံးသတ်မယ်ဆိုတဲ့ အပေါ်မှာလည်း မူတည်ကြောင်း၊ ဒါပေမယ့် ရိုးမားက ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ဖို့ အခွင့်အရေး ရှိနေပြီး မော်ရင်ဟိုက အကောင်းဆုံး လုပ်ပြနေကြောင်း၊ ဒဏ်ရာ ပြဿနာတွေကို မမေ့ထားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။


ချဲလ်ဆီး ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ နာပိုလီနဲ့ ဂျူဗင်တပ်စ်

လာမယ့် နွေရာသီမှာ ချဲလ်ဆီးရဲ့ ရောင်းချခြင်းကို ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ခရစ္စတီယန် ပူလီဆစ်ကို ခေါ်ယူဖို့ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ နာပိုလီနဲ့ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေကြပါတယ်။
ချဲလ်ဆီးရဲ့ အရောင်းစာရင်းထဲ ပါနေတဲ့ ခရစ္စတီယန် ပူလီဆစ်

လာမယ့် နွေရာသီမှာ ချဲလ်ဆီးရဲ့ ရောင်းချခြင်းကို ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ခရစ္စတီယန် ပူလီဆစ်ကို ခေါ်ယူဖို့ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ နာပိုလီနဲ့ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေကြပါတယ်။

အသက် (၂၄) နှစ်အရွယ် အဆိုပါ အမေရိကန် လက်ရွေးစင် ကစားသမားဟာ ချဲလ်ဆီးက ရောင်းချမယ့် ကစားသမား စာရင်းထဲမှာ ပါဝင်နေပြီး သူ့ရဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင် ရောင်းချဖို့ ချဲလ်ဆီးက ပြင်ဆင်နေတာပါ။ အဲ့ဒါကြောင့်လည်း နာပိုလီ၊ ဂျူဗင်တပ်စ် တို့က ပူလီဆစ်ကို စိတ်ဝင်စားလာတာ ဖြစ်ပြီး နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို အလိုရှိနေတဲ့ ချဲလ်ဆီး အတွက်လည်း ပူလီဆစ်က အသုံးချခံ ဖြစ်လာနိုင်ပါတယ်။

ဂျူဗင်တပ်စ် ကလည်း လာမယ့် နွေရာသီမှာ အသင်းရဲ့ ကစားသမား အင်အားကို ဖြည့်တင်းရမှာ ဖြစ်တာကြောင့် အခုလိုမျိုးပဲ ပူလီဆစ်ကို စိတ်ဝင်စားလာခဲ့တာပါ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်