နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၂၆/၂၀၂၂)

ဩဂုတ်လ ၂၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မီလစ်ခ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ ဂျူဗင်တပ်စ်

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ် တိုက်စ်စ်မှူး အာကေးဒီးယက်ဇ် မီလစ်ခ်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ပိုလန် တိုက်စစ်မှူးဟာ မနေ့က အီတလီကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ဂျူဗင်တပ်စ်နဲ့ အတူ သူ့ရဲ့ စီးရီးအေ ကစားသမား ဘ၀ကို ပြန်လည် စတင်ရတော့မှာ ဖြစ်ပါတယ်။ မီလစ်ခ် ကိုတော့ ဂျူဗီ ပရိသတ်တွေ ကလည်း သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ် တိုက်စ်စ်မှူး အာကေးဒီးယက်ဇ် မီလစ်ခ်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။
ဂိုးသွင်းခြေ ပျောက်ဆုံးနေတဲ့ တိုက်စစ်ကို မီလစ်ခ်နဲ့ အားဖြည့်ခဲ့တဲ့ ဂျူဗင်တပ်စ်

အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှူးကို ဂျူဗီက ကနဦး အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ် ဝယ်ယူဖို့ သဘောတူညီချက်လည်း ပါဝင်ခဲ့ပါတယ်။ အစောပိုင်းမှာ ဂျူဗီက ဘာစီလိုနာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လစာ ကိစ္စ ညှိနှိုင်းလို့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် မီလစ်ခ်ကို ပြောင်းလဲ ချိတ်ဆက်ခဲ့ပြီး ရက်ပိုင်း အတွင်းမှာပဲ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နာပိုလီမှာ ကစားခဲ့ဖူးတဲ့ မီလစ်ခ် အတွက်တော့ စီးရီးအေနဲ့လည်း အသားကျပြီးသား ဖြစ်တာကြောင့် ဂျူဗီမှာ လျင်လျင်မြန်မြမန် အထိုင်ကျဖို့ ရှိနေပါတယ်။ ဒီရာသီမှာ ဗလာဟိုဗစ်က ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး လူကျွံမှု အများဆုံး ကစားသမား ဖြစ်နေချိန်မှာ ဂျူဗင်တပ်စ်က တိုက်စစ် အတွက် အင်အားဖြည့်တင်းဖို့ ချက်ချင်း လုပ်ဆောင်ခဲ့ပြီး မီလစ်ခ်ကို ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


လက်ချီရဲ့ ကြိုဆိုပုံကြောင့် မျက်ရည်ပါကျခဲ့ရတဲ့ အမ်တီတီ

စီးရီးအေ တန်းတက် အသင်း လက်ချီကို အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ ရောက်ရှိလာတဲ့ ဘာစီလိုနာ နောက်ခံလူ ဆမ်မြူရယ် အမ်တီတီဟာ ပရိသတ်တွေရဲ့ ကြိုဆိုပုံကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ နောက်ခံလူကို လက်ချီ ပရိသတ် ထောင်ပေါင်းများစွာ လာရောက် ကြိုဆိုခဲ့ကြတာကြောင့် အမ်တီတီ တစ်ယောက် ပျော်ရွှင်ခဲ့ရတာပါတယ်။

ထိပ်တန်း အဆင့် နောက်ခံလူ တစ်ဦးဖြစ်ခဲ့ပေမယ့် ဒဏ်ရာ ပြသနာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ အမ်တီတီဟာ သူ့ရဲ့ ကစားသမားဘ၀ကို လက်ချီ ကနေ ပြန်လည် စတင်ရမယ့် သဘောမှာ ရှိနေခဲ့တယ်လို့လည်း ပြောလို့ ရပါတယ်။ ထိပ်တန်း အသင်း တစ်သင်း ကနေ မထင်မရှား အသင်းကို ပြောင်းရွှေ့ ကစားခဲ့ရလို့ စိတ်ဓာတ်ကျစရာ ဖြစ်ခဲ့ရပေမယ့် နွေးထွေးတဲ့ ကြိုဆိုမှုတွေက သူ့အတွက် အားအင် ဖြစ်ခဲ့ရပါတယ်။

ပရီးမီးယား လိဂ်
ဘရန့်ဖို့ဒ် FC
အဲဗာတန်
1X2 ဘရန့်ဖို့ဒ် FC @ 2.07
အဲဗာတန် အာရှ အကျောပေး +0.25 @ 2.16
ဂိုး‌ပေါ်် 2.50 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“ ဒီလို တွေ့ဆုံမှုကြောင့် ကျွန်တော် ငိုကြွေးခဲ့ရပါတယ်၊ ခက်ခဲတဲ့ ပြသနာတချို့ကို ကျွန်တော်တို့ ဆွေးနွေးခဲ့ရပါတယ်၊ ကျွန်တော် စကား အများကြီးတော့ မပြောတော့ပါဘူး၊ ဒါပေမယ့် တစ်ခု ပြောချင်တာ ကတော့ ဒီကို ကျွန်တော့် နှလုံးသားထဲက ဆုံးဖြတ်ချက်နဲ့ ရောက်လာခဲ့တာပါ” လို့ အမ်တီတီက ပြောဆိုခဲ့ပါတယ်။ အမ်တီတီဟာ လက်ချီကို ရာသီကုန်အထိ အငှား စာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ် အုပ်စုအဆင့် ပြိုင်ဘက်တွေ အတွက် ကျေနပ်နေတဲ့ နက်ဗက်

ဂျူဗင်တပ်စ် ဒုဥက္ကဌ ပေဗယ် နက်ဗက် ကတော့ ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲပွဲ အပြီးမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေ အတွက် ကျေနပ်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂျူဗီဟာ အုပ်စု H မှာ ပီအက်စ်ဂျီ၊ ဘင်ဖီကာ၊ မက္ကာဘီဟိုင်ဖာ တို့နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် နက်ဗက် ကတော့ ဒီအသင်းတွေနဲ့ တွေ့ဆုံရတာကို ကျေနပ်မိတယ်လို့ ဆိုခဲ့တာပါ။

“ ဒီလို အဆင့်မှာ အသင်းတိုင်းက ခက်ခဲပါတယ်၊ ချန်ပီယံလိဂ်မှာ ဒီလို အသင်းတွေနဲ့ ရင်ဆိုင်ရမှာကို ပျော်ရွှင်မိပါတယ်” လို့ နက်ဗက်က ပြောဆိုခဲ့ပါတယ်။ ဂျူဗီဟာ အုပ်စုတွင်း ပြိုင်ဘက် ပီအက်စ်ဂျီ ကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး အစောပိုင်းမှာ အိန်ဂျယ် ဒီမီရီယာ ကိုလည်း အလွတ်နဲ့ ခေါ်ယူထားခဲ့ပါတယ်။

“ လက်ရှိ မှာတော့ သူက ကျွန်တော် တို့ရဲ့ ကစားသမား မဟုတ်လို့ ဘာမှမပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ အသင်းမှာ ကစားသမားကောင်းတွေ ရှိပါတယ်၊ စျေးကွက်က မပိတ်သေးပါဘူး။ ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ဦးမှာပါ” လို့သာ ပြောဆိုခဲ့ပါတယ်။ ဂျူဗင်တပ်စ် ကတော့ ဒီရာသီမှာ ပေါ့ဂ်ဘာ ကိုလည်း ခေါ်ယူထားပြီး လက်ရှိမှာ မာဆေးလ် တိုက်စစ်မှူး မီလစ်ခ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်