နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၂၅/၈/၂၀၂၂)

countdown banner

ဩဂုတ်လ ၂၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပါရီဒက်စ်ကို ခေါ်ယူနိုင်တော့မယ့် ဂျူဗင်တပ်စ်

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်ကို ခေါ်ယူဖို့ တော်တော်လေး နီးစပ်နေပြီ ဖြစ်ကြောင်း အီတလီ အခြေစိုက် မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။ 

ပါရီဒက်စ်ကို ရိုးမား ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အာဂျင်တီးနား ကွင်းလယ်လူ ကတော့ ဂျူဗင်တပ်စ် ကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့လည်း သိရပါတယ်။ အီတလီ နာမည်ကြီး သတင်းထောက် ဂျီယန်လူကာ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ ပါရီဒက်စ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ အသင်းထံ အပြုသဘော ဆောင်တဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး အခုနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူသွားနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့က အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိလာတာကြောင့် လာမယ့် ရက်အနည်းငယ် အတွင်း အပြီးသတ်နိုင်ဖွယ် ရှိနေတယ် လို့လည်း ဖော်ပြထားခဲ့ပါတယ်။

ပါရီဒက်စ် အနေနဲ့ အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားနဲ့ ပြောင်းရွှေ့ဖွယ် ရှိနေပြီး ဂျူဗင်တပ်စ် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရမယ် ဆိုရင် ကစားသမားကို အပြီးသတ် ခေါ်ယူနိုင်မယ်လို့လည်း သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ အခုနွေရာသီမှာ အဓိက ကွင်းလယ်လူ ပေါ့ဘာ ဒဏ်ရာရသွားတာကြောင့် ကွင်းလယ်လူ တစ်ဦး အသည်းအသန် ရှာဖွေခဲ့ရပြီး အကယ်၍ ပါရီဒက်စ်သာ ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် အိုးလေဒီ တို့အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာဖွယ် ရှိနေပါတယ်။


လီယောင်ကို ငွေအလုံးအရင်းနဲ့ ချဲလ်ဆီးက ကမ်းလှမ်းလာရင် အေစီတို့ ငြင်းဆန်ဖို့ ခက်ခဲနိုင်ဖွယ် ရှိနေ

စီးရီးအေ ကလပ် အေစီမီလန် အနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရာဖေးလ် လီယောင်ကို ရောင်းထုတ်လိုခြင်း မရှိပေမယ့် ချဲလ်ဆီး ဘက်ကသာ ငွေအလုံးအရင်းနဲ့ ကမ်းလှမ်းလာရင် ငြင်းဆန်ဖို့ ခက်ခဲနိုင်ဖွယ် ရှိနေကြောင်း La Gazzetta dello Sport က ဖော်ပြလာခဲ့ပါတယ်။ 

ဒါပေမယ့် လက်ရှိ အချိန်ထိတော့ ပရီးမီးယားလိဂ် ကလပ် ဘက်က ကမ်းလှမ်းထားခြင်း မရှိသေးဘူးလို့ သိရပြီး အကယ်၍ ချဲလ်ဆီး အနေနဲ့ ပေါ်တူဂီ တိုက်စစ်မှူးကို ကြိုးပမ်းမယ် ဆိုရင်တော့ အနည်းဆုံး ယူရို သန်း ၁၀၀ လောက်နဲ့ စတင် ကမ်းလှမ်းရဖွယ် ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

စီးရီးအေ
လာဇီယို
အင်တာမီလန်
1X2 သရေ @ 3.40
ဂိုးပေါ် 3.00 @ 2.06
ဂိုးပေါင်း 0-1 @ 4.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါ့အပြင် ရာဖေးလ် လီယောင်ဟာ အေးဂျင့် ၂ ဦး ရှိပြီး တစ်ဦးက နာမည်ကြီး ဂျော့ဂျ် မန်းဒက်စ် ဖြစ်ပြီး နောက်ထပ် တစ်ဦး ကတော့ ကစားသမားရဲ့ မိသားစုနဲ့ ရင်းနှီးတဲ့ ပြင်သစ် ရှေ့နေ တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လီယောင်ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ မြင့်မားတဲ့ အေးဂျင့်ခ ကိုလည်း ပေးချေရဖို့ ရှိပြီး စုစုပေါင်း ယူရို သန်း ၁၅၀ နီးပါး အသုံးပြုရဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

တစ်ဖက်မှာလည်း အေစီမီလန်က ရာဖေးလ် လီယောင်ကို အသင်းမှာ ဆက်ထိန်းထားရေး စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့် နှောင့်နှေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။


ဆမ်ဒိုးရီးယားကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဟယ်ရီဝင့်ခ်

တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ ဟယ်ရီဝင့်ခ် အနေနဲ့ စီးရီးအေ ကလပ် ဆမ်ဒိုးရီးယား ကို ပြောင်းရွှေ့ဖို့ အလားအလာ ရှိနေတယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။ 

အီတလီ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ရိုးမား ကလည်း ဝင့်ခ်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားပေမယ့် ဆမ်ဒိုးရီးယား ကိုသာ ပြောင်းရွှေ့ဖို့ များနေခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီ ကွန်တီရဲ့ စီမံကိန်းထဲမှာ မပါတော့တာကြောင့် အရောင်းစာရင်း တင်ခံထားရတဲ့ အင်္ဂလန် ကွင်းလယ်လူဟာ ဒီကနေ့မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ စပါးနဲ့ ဆွေးနွေးဖို့ တောင်းဆိုထားပြီး ကမ်းလှမ်းမှုတွေကိုလည်း စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဟယ်ရီဝင့်ခ်ကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ မြို့ခံ နှစ်သင်းနဲ့ အဲဗာတန်က ချိတ်ဆက်ခဲ့ဖူးပေမယ့် လက်တလော မှာတော့ တစ်သင်းကမှ စိတ်ဝင်စားမှု မရှိတော့တာကြောင့် စီးရီးအေ ကိုပဲ ပြောင်းရွှေ့ဖို့ များလာခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်