နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နောက်ဆုံးရ သတင်းများ (၁/၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဧပြီ ၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ နောက်ဆုံးရ စီးရီးအေ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကြယ်ပွင့် ကစားသမားတွေကို ဆက်ထိန်းထားဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ ဒီလောရန်းတစ်ဆို

အသင်းမှာ ရှိတဲ့ ကြယ်ပွင့် ကစားသမားတွေကို ဆက်ထိန်းထားဖို့ ကြိုးစားသွားမှာ မဟုတ်ကြောင်း စီးရီးအေ ကလပ် နာပိုလီ အသင်းရဲ့ ဥက္ကဌ အော်ရီလီယို ဒီလော်ရန်းတစ်က ပြောကြားလိုက်ပါတယ်။ ဒီလော်ရန်းတစ်က “အသင်းမှာ ရှိတဲ့ ဘယ်သူ့ ဘယ်သူကိုမှ ထွက်သွားဖို့ တွန်းအားပေးမှာ မဟုတ်ပေမယ့် အသင်းမှာ ဆက်ထိန်းထားဖို့လည်း ငွေပုံအောပြီး သုံးမှာ မဟုတ်ပါဘူး။ အေစီမီလန် အသင်းဟာ ကျနော်တို့ထက် ယူရို သန်း ၄၀ လောက် လျော့ပြီး သုံးစွဲခဲ့ပေမယ့် စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ သူတို့ကို လေးစားမိပါတယ်။” လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ဂီတာဖေး ဘယ်နောက်ခံလူ မားသီးယပ်စ် အိုလစ်ဗီယာကို ယူရို ၁၅ သန်းနဲ့ ခေါ်ယူထားခဲ့သလို ဖူလ်ဟမ်က အန်ဂစ်ဆာကို အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ဂျူအန် ဂျီးဆပ်စ် ကိုလည်း စာချုပ်သက်တမ်း တိုးထားနိုင်ခဲ့တာကြောင့် ဒီလော်ရန်းတစ် အနေနဲ့ ငွေထပ်သုံးလိုခြင်း မရှိတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီလော်ရန်းတစ်က ဒရီးစ် မာတန်စ်နဲ့ ကူလီဘာလီ တို့ဟာ လာမယ့် နွေရာသီ အသင်းပြောင်းဖို့ များနေပြီး ဂိုးသမား အော့စပီနာ ကတော့ ထွက်ခွာဖို့ သေချာနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်းက စိတ်ဝင်စားနေတဲ့ ဖေဘီယန် ရူအစ်ဇ်ရဲ့ အေးဂျင့် ကတော့ လာမယ့် ၂ ပတ် အတွင်း အကြောင်းပြန်ဖို့ ရှိနေတယ်လို့ ဆိုထားပြီး နာပိုလီ ကတော့ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းထုတ်သွားမယ့် သဘော ရှိပါတယ်။

ဒါ့အပြင် ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ အပေါ်မှာတော့ ဂျူဗင်တပ်စ် အသင်းက ဖက်ဒရစ်ကို ဘာနက်ဒက်ရှီနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားပြီး ဖြစ်ကြောင်း ဒါ့ပေမယ့် ကာဗာနီ၊ ဗက်စီနို တို့လို သက်ကြီး ကစားသမားတွေ ကိုတော့ ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ဒီလောရန်းတစ်က ဖြေရှင်းချက် ပေးသွားခဲ့ပါတယ်။


ဘရီမာကို အပြိုင်လုရဖို့ ရှိနေတဲ့ မီလန် မြို့ခံ နှစ်သင်း

တိုရီနို အသင်းရဲ့ ဘရာဇီးလ် ဗဟိုခံစစ်မှူး ဂလေဆင် ဘရီမာ ကိုတော့ စီးရီးအေ ထိပ်သီး မီလန် မြို့ခံ နှစ်သင်းက အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အင်တာမီလန် အသင်း အနေနဲ့ လာမယ့် နွေရာသီမှာ ဘက်စတိုနီကို လက်လွှတ်ရဖွယ် ရှိနေသလို အေစီမီလန် အသင်း ကလည်း ရိုမက်ဂ်နိုလီရဲ့ နေရာမှာ အစားထိုးဖို့ ဘရီမာကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အင်တာမီလန် အသင်း အနေနဲ့ အစောပိုင်းမှာ လိုင်လီက နယ်သာလန် ခံစစ်မှူး ဆဗန် ဘော့တ်မန်းကို ခေါ်ယူဖို့ ကြိုးစားနေခဲ့ပေမယ့် ဘရီမာ ဘက်ကို မျှားဦးလှည့်လာခဲ့တာ ဖြစ်ပါတယ်။ အနည်းဆုံး ပေါင်သန်း ၅၀ တန်ကြေးရှိတဲ့ ဘရီမာ ကိုတော့ ဘေယန်မြူးနစ်နဲ့ တော့တင်ဟမ်ဟော့စပါး အပါအဝင် ဥရောပထိပ်သီး အသင်း တော်တော်များများက စိတ်ဝင်စားနေပြီး အဲ့ဒီ အထဲကမှ မီလန် မြို့ခံ နှစ်သင်းက ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေခဲ့တာ ဖြစ်ပါတတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ပိုလန်
‌ဝေးလ်စ်
1X2 သရေ @ 3.55
ဂိုးပေါ် 2.25 @ 2.05
ဂိုးပေါင်း 0-1 @ 2.46
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပါရီဆစ် နေရာ အတွက် ကစားသမား ၅ ဦးကို စောင့်ကြည့်နေတဲ့ အင်တာမီလန်

ဆရာဟောင်း ကွန်တီနဲ့ ပြန်လည် ပူးပေါင်းသွားခဲ့တဲ့ အိုင်ဗန် ပါရီဆစ် နေရာမှာ အစားထိုးဖို့ အင်တာမီလန် အသင်း အနေနဲ့ ကစားသမား ၅ ဦး အထိ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ပါရီဆစ်ဟာ စပါးနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သဘောတူညီမှု ရခဲ့ပြီး ဆေးစစ်မှု ခံယူဖို့ လန်ဒန်မြို့ကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။လက်တလော အသင်းမှာ ပါရီဆစ် နေရာ အတွက် အစားထိုးဖို့ ဂိုဆန်စ် ရှိပေမယ့် ပေါင် ၂၅ သန်းတန် ဂျာမန် လက်ရွေးစင်ဟာ ဒဏ်ရာ ပြသနာတွေနဲ့ပဲ ရုန်းကန်နေရလို့ အမြဲတမ်း သုံးနိုင်မယ့် တောင်ပံ ကစားသမား တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။

အင်တာမီလန်ရဲ့ ပစ်မှတ် ကစားသမားတွေထဲမှာတော့ ဖရန့်ဖတ်က ကော့စတစ်၊ ဂျူဗင်တပ်စ်က ဘာနက်ဒက်ရှီ၊ အမ်ပိုလီက ပါရီဆီ၊ ဂျီနိုအာက အန်ဒရီယာ ကမ်ဘီယာဆို၊ အူးဒီးနီးစ်က အီယန်နိုမာ ယူဒိုဂီတို့ ပါဝင်နေပါတယ်။


လိုင်လီက ဆီလစ်ခ်ကို မျက်စိကျနေတဲ့ ဖီအိုရင်တီးနား

ဖီအိုရင်တီးနား အသင်း အနေနဲ့ ရီးရဲယ်မက်ဒရစ် အသင်းထံ အငှားစာချုပ် ပြည့်လို့ ပြန်သွားတဲ့ အဲလ်ဗာရို အိုဒီရီယိုဇိုလာ နေရာမှာ အစားထိုးဖို့ လိုင်လီ ခံစစ်မှူး ဇီကီ ဆီလစ်ခ်ကို စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် တူနီးရှား ညာနောက်ခံလူဟာ လိုင်လီ အသင်းမှာ ခြေစွမ်းပြနေသူ ဖြစ်ပြီး ပြီးခဲတဲ့ နှစ်ပိုင်း ကတည်းက ဖီအိုရင်တီးနား အသင်းက စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် မှာတော့ ဗင်ဆန်ဇို အီတလီယာနို အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းက ဒီယိုဂို ဒါးလော့တ်ကို စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိ မှာတော့ ဆီလစ်ခ်ကိုပဲ အရခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတာပါ။ စပိန် ညာနောက်ခံလူ အိုဒီရီယိုဇိုလာ အီတလီမှာ တစ်ရာသီ အငှားနဲ့ လာရောက် ကစားခဲ့ပြီး အတိုင်းအတာ တစ်ခု အထိ ခြေစွမ်းပြနိုင်သူ ဖြစ်ပေမယ့် သူကိုယ်တိုင်က ရီးရဲယ်မက်ဒရစ်မှာပဲ ဆက်ကစားလိုတာကြောင့် ဖီအိုရင်တီးနားတို့ နောက်ထပ် ကစားသမား တစ်ဦး ထပ်မံ ရှာဖွေနေခဲ့ရတာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် ဖီအိုရင်တီးနားတို့ ဆီလစ်ခ် အပြင် အေစီမီလန် အသင်း ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ရိုမက်ဂ်နိုလီ ကိုလည်း စိတ်ဝင်စားနေပြီး လာဇီယို အသင်းနဲ့ အပြိုင် ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်