နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ စီးရီးအေ အပြောင်းအရွှေ့ သတင်းများ (၁/၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဧပြီ ၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားဖွယ် စီးရီးအေ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်တာမီလန်နဲ့ ပြန်လည် ပူးပေါင်းဖို့ နီးစပ်နေတဲ့ လူကာကူ

အင်တာမီလန် အသင်း အနေနဲ့ စီးရီးအေ ချန်ပီယံဆုကို ပြန်လည်ရယူရေးအတွက် တိုက်စစ် အင်အား ဖြည့်တင်းလိုနေပြီး ချဲလ်ဆီး တိုက်စစ်မှူး လူကာကူကို ပြန်လည် ခေါ်ယူဖို့ ရှိနေပါတယ်။ လူကာကူဟာ ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ပြီးခဲ့သည့် နွေရာသီကမှ အင်တာမီလန် ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပေမယ့် ဘယ်ဂျီယံ တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ဟာ ထင်သလို ဖြစ်မလာခဲ့ဘဲ ပရီးမီးယားလိဂ် ၂၆ ပွဲ ကစားရာမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီး နည်းပြ တူချယ်က ပိုင်ရှင်သစ် လက်အောက်မှာ အသင်းကို ပြန်လည် တည်‌ဆောက်ဖို့ ကြိုးစားနေပြီး ခြေစွမ်းမပြနိုင်တဲ့ လူကာကူကို လျှော့ဈေးနဲ့ ပြန်လည် ရောင်းထုတ်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။ ကစားသမား ဘက်ကလည်း အင်တာမီလန်သို့ ပြောင်းရွှေ့လိုကြောင်း၊ အင်တာ ပရိသတ်များကို စွန့်ခွာခဲ့ရလို့ ဝမ်းနည်းကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ အီတလီ မီဒီယာ တစ်ခုနဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ ပြောစကားကြောင့် ချဲလ်ဆီး တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေက မကျေမနပ် ဖြစ်ခဲ့ကြပြီး လူကာကူ အနေနဲ့ ပြန်လည် တောင်းပန်ခဲ့ရပါသေးတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဟန်ဂေရီ
အဂ်လန်
အဂ်လန် အာရှ ဟန်းဒီးကပ် -1.25 @ 2.06
ဂိုးပေါ် 2.25 @ 1.85
1X2 အဂ်လန်@ 1.41
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။


ဒီဘားလားကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတဲ့ မာရော့တာ

Goal.com မှာတော့ အင်တာမီလန် အမှုဆောင် အရာရှိချုပ် မာရော့တာက ဂျူဗင်တပ်စ် ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားတဲ့ ပေါ်လို ဒီဘားလားကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထားပါတယ်။ အင်တာမီလန်အသင်း နည်းပြချုပ် အင်ဇာဂီ ကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်နိုင်မယ့် ဒီဘားလား အစား လူကာကူ ကိုသာ ခေါ်ယူဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။ တချို့ သတင်းတွေ မှာတော့ စီးရီးအေ ထိပ်သီးတို့ အနေနဲ့ တခြား အားဖြည့်လိုတဲ့ နေရာတွေ ရှိနေတာကြောင့် နွေရာသီ အပြောင်းအရွှေ့စရိတ် အားလုံးကို လူကာကူ တစ်ဦးတည်း အတွက် ပုံအော သုံးခြင်းမျိုး မလုပ်ချင်ဘူးလို့လည်း ဖော်ပြလျက်ရှိပါတယ်။
နာမည်ကျော် အီတလီ သတင်းထောက် တစ်ဦး ကတော့ အင်တာမီလန် အသင်း အနေနဲ့ ယူနိုက်တက်၊ အာဆင်နယ် ကွင်းလယ်လူဟောင်း ဟန်းနရစ်ခ် မက်ခီတာရန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြလာပါတယ်။ နီရာဇူရီ တို့ဟာ လက်ရှိ ရိုးမား ကွင်းလယ်လူ မက်ခီတာရန်ကို တစ်နှစ်လုပ်ခ လစာ ပေါင် ၃ သန်း ကနေ ၅ သန်းကြား ရှိတဲ့ ပမာဏ တစ်ခုနဲ့ ၂၀၂၄ ခုနှစ် အထိ စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။


မွေးရပ်မြေ ပြန်ချင်နေတဲ့ ဂျော်ဂျင်ဟိုကို ခေါ်ချင်နေတဲ့ ဂျူဗင်တပ်စ်

အသက် ၃၀ အရွယ် အီတလီ လက်ရွေးစင်ဟာ ချဲလ်ဆီးနဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့သူ ဖြစ်ပြီး လက်တလော မှာတော့ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ အတွက် စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်းက စိတ်ဝင်စားနေပါတယ်။
ဂျော်ဂျင်ဟို အတွက် အနည်းဆုံး ပေါင်သန်း ၂၀ သုံးစွဲ ရဖို့ ရှိနေတဲ့ ဂျူဗင်တပ်စ်

ဥရောပ အခြေစိုက် သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဂျော်ဂျင်ဟိုဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ အီတလီမြေကို ပြန်ချင်နေတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် အီတလီ လက်ရွေးစင်ဟာ ချဲလ်ဆီးနဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့သူ ဖြစ်ပြီး လက်တလော မှာတော့ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ အတွက် စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်းက စိတ်ဝင်စားနေပါတယ်။ The Athletic မှာတော့ ဂျူဗင်တပ်စ် ဘက်က ဂျော်ဂျင်ဟိုကို ခေါ်ဖို့ တရားဝင် ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်တော့မှာ ဖြစ်ပြီး ကစားသမား ဘက်ကလည်း သဘောတူထားတယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် စီးရီးအေ ထိပ်သီးတို့ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင်သန်း ၂၀ လောက် သုံးစွဲရဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

တစ်ဖက် မှာလည်း ချဲလ်ဆီး နည်းပြ တူချယ် အနေနဲ့ ပိုင်ရှင်သစ် လက်အောက် အသင်းကို ပြုပြင် ပြောင်းလဲမှု များစွာ ပြုလုပ်လိုနေပြီး လူကာကူ၊ ဂျော်ဂျင်ဟို၊ အလွန်ဆို၊ ခရစ္စတန်ဆန်၊ ကန်တေ တို့လို အသက်အရွယ် ရလာတဲ့ ကစားသမားတွေ နေရာမှာ လူငယ် ကြယ်ပွင့်တွေနဲ့ အစားထိုးကာ သွေးသစ်လောင်းဖို့ ကြံရွယ်နေတယ်လို့လည်း သိရပါတယ်။


ရီနာတို ဆန်းချက်စ်ကို ခေါ်ယူနိုင်တော့မယ့် အေစီမီလန်

စီးရီးအေ ချန်ပီယံ အေစီမီလန် အသင်း ကတော့ လိုင်ယွန် ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ရီနာတို ဆန်းချက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီ မှာကလည်းက ပြင်သစ် ကလပ်ကနေ ထွက်ခွာဖို့ သတင်းကြီးနေသူ ဖြစ်ပြီး မြောက်လန်ဒန် အခြေစိုက် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ မျက်စိကျခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ဒဏ်ရာ ပြသနာတွေကြောင့် လက်တွန့်နေခဲ့ကြပြီး လာမယ့် အပြောင်းအရွှေ့မှာတော့ ရီနာတို ဆန်းချက်စ် အနေနဲ့ အသင်းသစ် ရောက်ဖို့ သေချာသလောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန် အသင်း အနေနဲ့ လာမယ့် ရာသီမှာ စီးရီးအေ သရဖူကို ဆက်လက် ထိန်းသိမ်းနိုင်ရေး အတွက် အသင်းကို အင်အား ဖြည့်တင်းလိုနေတာကြောင့် ကစားသမား တော်တော်များများကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ လက်တလော အေစီမီလန် အသင်းမှာ ပေါ်တူဂီ အသင်းဖော် ရာဖေးလ် လီယောင်လည်း ရှိနေတာကြောင့် ရီနာတို ဆန်းချက်စ် ဘက်ကလည်း အီတလီမြေကို သွားဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်