နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – မနက်ခင်း သတင်းများ (၂၅/၉/၂၀၂၂)

စက်တင်ဘာ ၂၅ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒီဘားလား အတွက် ဆွေးနွေးပြီးမှ လူကာကူကို ခေါ်ယူခဲ့ကြောင်း အင်တာ ဒုဥက္ကဌ ပြောကြား

အင်တာမီလန်ရဲ့ ဒုတိယ ဥက္ကဌ ဂျာဗီယာ ဇနက်တီက ပြီးခဲ့တဲ့ နွေရာသီမှာ ပေါ်လို ဒီဘားလားနဲ့ ဆွေးနွေးခဲ့ပြီး ရိုမယ်လူ လူကာကူကို အငှားနဲ့ ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ဒီဘားလားဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် အင်တာမီလန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အင်တာမီလန်က သူတို့ရဲ့ ကစားသမားဟောင်း လူကာကူ ကိုသာ ချဲလ်ဆီး ကနေ (၂) ရာသီ အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒ


အကြောင်းကို ဇနက်တီက “ဒီဘားလား အတွက် ညှိနှိုင်း ဆွေးနွေးမှုတွေ ရှိခဲ့တာ မှန်ပါတယ်”

“ဒါပေမယ့် ကျနော်တို့ လူကာကူကိုပဲ စာချုပ်ချုပ်ခဲ့ပါတယ်။ ကျနော်တို့ ဆီမှာ အရေးပါတဲ့ တိုက်စစ် ကစားသမားတွေ ရှိပြီးသားပါ။ ဒီဘားလားက ရိုးမား မှာလည်း ပုံစံကောင်း ပြနေတယ်လို့ ကျနော် ထင်ပါတယ်။ သူက သူ့ရဲ့ စွမ်းဆောင်နိုင်သမျှ အများစုကို လုပ်ပြနိုင်တာ ကျနော် သိထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


မီလန် ဖက်ရှင်ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ လူကာကူ

စီးရီးအေ ကလပ် အင်တာမီလန် တိုက်စစ်မှူး ရိုမယ်လူ လူကာကူဟာ လက်ရှိ နိုင်ငံတကာ ရက်သတ္တပတ်မှာ ကစားနေတဲ့ နေးရှင်းလိဂ် ပွဲစဥ်တွေ အတွက် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ်။

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
အဲဗာတန်
1X2 အဲဗာတန် @ 3.35
ဂိုးပေါ် 2.75 @ 2.23
ဂိုးပေါင်း 0-1 @ 3.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဲ့ဒါကြောင့်လည်း ဒီတိုက်စစ်မှူးကြီးက အားလပ်ရက် ရရှိနေပြီး မီလန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖက်ရှင်ရှိုးပွဲ တစ်ခုကို တက်ရောက် အားပေးခဲ့ပါတယ်။ ဒီပွဲမှာ လူကာကူက ရှေ့ဆုံးတန်းမှာ နေရာယူကာ အမှတ်တရ ဓာတ်ပုံတွေလည်း ရိုက်ကူးပေးခဲ့ပါတယ်။

ဘယ်လ်ဂျီယံ နည်းပြ ရော်ဘတ်တို မာတီနက်ဇ်ဟာ လူကာကူကို ဒဏ်ရာ ပြဿနာတွေကနေ ကာကွယ်ပေးဖို့ အခုလိုပဲ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့လ အတွင်းမှာ ပေါင်ခြံ ဒဏ်ရာ ရရှိခဲ့ပြီး မီလန်ဒါဘီ ပွဲစဉ် အပါအဝင် အင်တာမီလန်ရဲ့ ချန်ပီယံလိဂ် နှစ်ပွဲစလုံးမှာ ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

လူကာကူဟာ ဒီရာသီမှာ အင်တာမီလန်ရဲ့ စီးရီးအေ ရာသီအဖွင့် (၇) ပွဲမှာ (၃) ပွဲသာ ပါဝင် ကစားပေးထားပြီး ကျန်ပွဲတွေ ကိုတော့ ဒဏ်ရာ ပြဿနာကြောင့် လွဲချော်ထားပါတယ်။


ဒီဘားလားကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း မွန်ဇာ ဥက္ကဌ ဖွင့်ဟ

လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေရဲ့ မျက်နှာသစ် အသင်း တသင်း ဖြစ်တဲ့ တန်းတက် မွန်ဇာ အသင်းရဲ့ ဥက္ကဌ အက်ဒရီယာနို ဂယ်လီယာနီက ဒီဘားလားကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီမှာ ကြိုးစားခဲ့သေးကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဒီဘားလားဟာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့တာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။ အဆိုပါ အာဂျင်တီးနား တိုက်စစ် ကစားသမားဟာ အင်တာမီလန် အပြင် ပရီးမီးယားလိဂ်က ထိပ်တန်း အသင်း အချို့နဲ့လည်း သတင်း ထွက်ခဲ့ပေမယ့် ရိုးမား ကိုသာ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒီဘားလားကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အပေါ်မှာ ဂယ်လီယာနီက “မော်ရို အီကာဒီကို ခေါ်ဖို့ ကျနော်တို့ တကယ်ကို တခါမှ မစောင့်ကြည့်ဖူးပါဘူး။ ဘာလူစကိုနီက ဒီဘားလားကို လိုချင်ခဲ့ပြီး သူကိုယ်တိုင်လည်း ကျနော့် အိမ်ကို ရောက်လာပါသေးတယ်”

“ဒါပေမယ့် ကစားသမားဘက်က ထိပ်တန်း အသင်းကိုပဲ ပြောင်းချင်ပါတယ်။ အေးဂျင့်နဲ့လည်း စကားပြောခဲ့ပေမယ့် ဒီဘားလားက မွန်ဇာ အတွက် ဘယ်တုန်းကမှ လမ်းမဖွင့်ပေးခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်