နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – မနက်ခင်း သတင်းများ (၂၄/၉/၂၀၂၂)

စက်တင်ဘာ ၂၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဥရောပ အကောင်းဆုံး ကစားသမား ၁၁ ယောက် စာရင်းထဲ ပါဝင်လာတဲ့ ကင်မင်ဂျေး

အီတလီ စီးရီးအေ ကလပ် နာပိုလီ နောက်ခံလူ ကင်မင်ဂျေးဟာ အသင်း အတွက် ဒီရာသီမှာ အထူး ခြေစွမ်းပြ ကစားနေတာကြောင့် ဥရောပရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တဦး အဖြစ် သတ်မှတ်ခံနေရပါတယ်။ whoscored.com က ရွေးချယ်ခဲ့တဲ့ ဒီရာသီရဲ့အကောင်းဆုံး ၁၁ ယောက် စာရင်းမှာ သူ့ကို ထည့်သွင်း ဖော်ပြထားတာလည်း ဖြစ်ပါတယ်။ 

အဆိုပါ အကောင်းဆုံး စာရင်း မှာတော့ ဟာလန်း၊ ဒီဘရိုင်း၊ မက်ဆီ၊ နေမာ တို့လည်း ပါဝင်နေပါတယ်။ ကင်မင်ဂျေးဟာ နာပိုလီ အတွက် ခြေစွမ်းပြနေပြီး စီးရီးအေရဲ့ စက်တင်ဘာလ အကောင်းဆုံး ကစားသမားဆု အတွက်လည်း ရေပန်းစားနေပါတယ်။

ကင်မင်ဂျေးဟာ ဒီဆု အတွက် ကိုတော့ အူဒီးနီးက ဘီကာအို၊ အတ္တလန္တာက ဒီမီရယ်လ်၊ အေစီမီလန်က သီယို ဟာနန်ဒက်စ်နဲ့ လာဇီယိုက မီလင်ကိုဗစ် ဆာဗစ်တို့နဲ့ အပြိုင် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ 

တောင်ကိုရီးယား ဗဟိုနောက်ခံလူဟာ နာပိုလီကို ဒီရာသီကမှ ပြောင်းရွှေ့လာခဲ့ပြီး လိဂ်ပွဲ ၆ ပွဲ ကစားပေးအပြီးမှာ ၂ ဂိုး သွင်းယူပေးထားပါတယ်။ အချိန်တို အတွင်း နာပိုလီရဲ့ အမာခံ ကစားသမား ဖြစ်လာခဲ့တဲ့ ကင်မင်ဂျေးကို အသင်း ပရိသတ်တွေ ကလည်း ဆွန်ဟောင်မင် လိုပဲ တောင်ကိုရီးယား ကြယ်ပွင့် အဖြစ် ချီးကျူးနေကြပါတယ်။


ပြင်သစ် အတွက် ခြေစွမ်းပြနေတဲ့ ဂျရူး

ပြင်သစ်အတွက် တကျော့ပြန် ရွေးချယ်ခံခဲ့ရတဲ့ အိုလစ်ဗီယာ ဂျရူး ကတော့ ဩစတြီးယားနဲ့ ပွဲမှာ ခြေစွမ်းပြသွားခဲ့ပါတယ်။ ပြင်သစ်က ၂-၀ နဲ့ အနိုင်ရခဲ့ရာမှာ ဂျရူးက ၁ဂိုး သွင်း၊ ၁ကြိမ် ဖန်တီးပေးခဲ့ပြီး နေးရှင်းလိဂ်မှာ အခြေအနေဆိုးနေတဲ့ ပြင်သစ်ကို ကယ်တင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
စကော့တလန်
အိုင်ယာလန်သမ္မတနိုင်ငံ
1X2 သရေ (Draw) @3.20
ဂိုးပေါ် 2.50 @ 2.66
ဂိုးပေါင်း 0-1 @ 2.27
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘန်ဇီမာ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ဂျရူးကို ဒက်ချမ့်က ပြန်ခေါ်ခဲ့ပြီး ကစားသမားကလည်း ချက်ချင်း ခြေစွမ်းပြခဲ့တာပါ။ ဘန်ဇီမာနဲ့ အမ်ဘာပေး အတွဲက ပြီးခဲ့တဲ့ ပွဲတွေမှာ ဂိုးတစ်ဂိုး ရဖို့ ရုန်းကန်နေခဲ့ရပြီး ပြင်သစ် ကလည်း ရလဒ်တွေ ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ ဂျရူး ပြန်ပါလာချိန်မှာ ဂိုးတွေ ပြန်ရတာက တိုက်ဆိုင်မှု သက်သက် မဟုတ်တာတော့ သေချာပါတယ်။ ဒက်ချမ့်စ်က ဂျရူး အကြောင်း ကောင်းကောင်း သိထားသလို ဂျရူး ကလည်း သူ့ ဆရာ ဘာလိုချင်တယ် ဆိုတာ သိတဲ့သူပါ။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ သူတို့တွေ အတွဲ မိခဲ့ပြီး ပြင်သစ်တို့ ဆုဖလားရတဲ့ အထိကို အောင်မြင်ခဲ့တာက သက်သေပါပဲ။ 

အခုတော့ အေစီမီလန် တိုက်စစ်မှူးကြီး ဂျရူးက ကာတာ သွားမယ့် လူစာရင်းမှာ သူ့ကို မေ့ထားလို့ မရဘူး ဆိုတာကို သက်သေပြလိုက်ပါပြီ။ ဂျရူး တစ်ယောက် ပြင်သစ်ရဲ့ သမိုင်းတလျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို တင်နိုင်ဖို့ ကလည်း ၃ ဂိုးသာ လိုပါတော့တယ်။ အွန်နရီက ၅၁ ဂိုးသွင်းပြီး ထိပ်ဆုံးမှာ ရှိနေပြီး ဂျရူးက ၄၉ ဂိုး ရှိနေပြီ ဖြစ်တာကြောင့် နောက်ထပ် ၂ ဂိုး ဆိုရင် အွန်နရီရဲ့ စံချိန်ကို လိုက်မီတော့မှာ ဖြစ်ပါတယ်။


ဘရာဇီးလ်က သူ့ကို ရွေးချယ်ခဲ့တာ မော်ရင်ဟိုရဲ့ ကျေးဇူးကြောင့်လို့ ဆိုတဲ့ အိုင်ဘိုင်နက်ဇ်

စီးရီးအေ ကလပ် ရိုးမား နောက်ခံလူ ရိုဂျာ အိုင်ဘိုင်နက်ဇ်ဟာ ဘရာဇီးလက်ရွေးစင် အသင်းကြီး အတွက် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဒီကစာသးမားဟာ နည်းပြ မော်ရင်ဟိုရဲ့ လက်အောက်မှာ ခြေစွမ်းပြနေခဲ့တာ ဖြစ်ပြီး လက်ရွေးစင်အသင်းကြီးက သူ့ကို ပထမဆုံးအကြိမ် အဖြစ် ခေါ်ယူခဲ့တာကြောင့် အိုင်ဘိုင်နက်ဇ် အနေနဲ့ ကာတာကို လိုက်ပါဖို့ အတွက်လည်း အခွင့်အရေးတွေ ရှိလာပြီ ဖြစ်ပါတယ်။ 

အိုင်ဘိုင်နက်ဇ်က မော်ရင်ဟို လက်အောက်မှာ ပုံမှန်ကစားခွင့်ရနေသလို ခြေစွမ်းလည်း ပြသနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် အိုင်ဘိုင်နက်ဇ်က ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ရွေးချယ်ခံခဲ့ရတာဟာ မော်ရင်ဟိုကြောင့်သာ ဖြစ်တယ်လို့ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

“မော်ရင်ဟို ကိုပဲ ကျေးဇူးတင်မိတယ်ဗျာ၊ ကျနော် ရောက်လာကတည်းက သူက ကျနော့်ကို ယုံကြည်မှု ပေးခဲ့ပြီး ကွင်းထဲမှာ လွတ်လွတ်လပ်လပ်လည်း ကစားခိုင်းခဲ့တယ်၊ ပြီးတော့ အကြံဉာဏ်တွေလည်း ပေးခဲ့ပါတယ်”

“နည်းပြ တီတီနဲ့ စကားပြောပြီးချိန်မှာ သူ့ကို ကျနော် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါသေးတယ်၊ ဒီလို ရွေးချယ်ခံခဲ့ရတာက မော်ရင်ဟိုရဲ့ လွှမ်းမိုးမှုတွေကြောင့်ပါ၊ ဒီလို အခိုက်အတန့်ကို ကျနော် မျှော်လင့်မထားဖူးဘူး၊ ကျနော်က အိမ်မှာ မိသားစုတွေနဲ့ အတူ ရှိနေတာ၊ ကျနော့် ယောက်ဖက အပြင်က ပြန်လာပြီး မင်းကို ဘရာဇီးလ်က ရွေးလိုက်ပြီဆိုပြိး လာပြောခဲ့တာပါ” လို့ အိုင်ဘိုင်နက်ဇ်က ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်